ျမင္လိုက္တာနဲ႔ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမွန္းသိသာတဲ့ ပန္းေလးတစ္မ်ိဳးရွိပါတယ္ေနာ္။ အေရာင္ဝါဝါေလးနဲ႔ အနံ႔လည္းေမႊးတဲ့ပန္းေလးတစ္မ်ိဳးပါ။ ျမန္မာတို႔ရဲ႕ ႏွစ္သစ္ကူးကာလမွာမွ ပြင့္တတ္တဲ့ ပန္းကေလးပါေနာ္။ အပင္ကအရိပ္အာဝါသေကာင္းသလို အနံ႔လည္းေမႊးတဲ့ ပန္းကေလးျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ trademark တစ္ခုျဖစ္တဲ့ ပိေတာက္ပန္းေလးပါ။ တန္ခူးလမွာပြင့္တဲ့ ပန္းပိေတာက္က က်န္းမာေရးအတြက္ ေကာင္းက်ိဳးေပးပါတယ္ေနာ္။

ပိေတာက္ပန္းဝါဝါေလးေတြပြင့္တဲ့ ပိေတာက္ပင္က တစ္ပင္လံုးကိုေဆးဖက္ဝင္တာပါ။ အရိပ္ေကာင္းသလို အရြက္နဲ႔အေစးပါမက်န္ေဆးဖက္ဝင္တာပါ။ ဘယ္လိုေရာဂါေတြအတြက္အသံုးဝင္လဲသိခ်င္ရင္ ဒီေဆာင္းပါးေလးမွာဖတ္ၾကည့့္ပါေနာ္။

ပိေတာက္က ဒီလိုေဆးဖက္ဝင္တာပါ

ႏွစ္သစ္ကူးတဲ့ တန္ခူးလမွာမွ တစ္ႏွစ္တစ္ၾကိမ္ပြင့္တဲ့ ပိေတာက္က အခုလိုက်န္းမာေရးအာနိ သင္ရွိပါတယ္။

ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိေပးပါတယ္

ဆီးခ်ိဳသမားေတြအတြက္ သင့္ေတာ္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးျပီး ကိုလက္စထေရာကိုက်ဆင္းေစႏိုင္ပါတယ္။ ဆီးခဏခဏသြားတာမ်ိဳး၊ အစားေတြအမ်ားၾကီးစားတာမ်ိဳး၊ အျမဲလိုလိုေရငတ္ေနတာမ်ိဳး၊ ေျခလက္ေတြထဲက ပူစပ္ပူေလာင္ျဖစ္တာမ်ိဳးေတြကို သက္သာေစနိုင္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာသက္သာေစတယ္

ပိေတာက္ပင္ အေခါက္က ဝမ္းပ်က္ဝမ္းေလွ်ာတာ၊ ေလနာေလေအာင့္နဲ႔ အစာေျခစနစ္ျပႆ နာေတြကို သက္သာေစနိုင္ပါတယ္။

ေသြးတိတ္ေစနိုင္တယ္

ထိခိုက္တာတစ္ခုခုေၾကာင္႔ ေသြးထြက္ေနတဲ့အခါမ်ိဳးမွာ ပိေတာက္ပင္အေခါက္ကို အသံုးျပဳျပီး ေသြးတိတ္ေအာင္လုပ္ေပးလို႔ရပါတယ္။

အူလမ္းေၾကာင္းထဲက ပိုးေတြကိုတိုက္ထုတ္ေပးႏိုင္တယ္

အူလမ္းေၾကာင္းထဲက အက်ိဳးမျပဳတဲ့ ဘက္တီးရီးယားေတြကို ထိုက္ထုတ္ဖို႔အတြက္လည္း ပိေတာက္ပင္ အေခါက္ကိုသံုးလို႔ရပါတယ္။

အေရျပားျပႆနာေတြကို သက္သာေစႏိုင္ပါတယ္

အေရျပားေပၚမွာျဖစ္တဲ့ ေပြး၊ညွင္းတို႔ကိုအပါအဝင္ နာတာရွည္ အေရျပားျပႆနာေတြကို ေလ်ာ႔ပါးသက္သာေစႏိုင္ဖို႔အတြက္ ပိေတာက္ပင္အေခါက္ကိုေသြး ျပီးလူးေပးလို႔ရပါတယ္။ ေရရွည္စြဲသံုးဖို႔ေတာ့လိုပါမယ္။ အပင္ရဲ႕အေခါက္ကိုျပဳတ္ျပီး အေရျပားေပၚမွာလူးေပးလို႔ လည္းရပါတယ္။

ခံတြင္းက်န္းမာေစႏိုင္တယ္

နာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္ျပီး ဘက္တီးရီးယားေတြကိုေသေစႏိုင္တာေၾကာင့့္ သြားကိုက္သြားနာတာေတြကို သက္သာေစဖို႔အသံုးျပဳလို႔ရပါတယ္။

ဘက္တီးရီးယားေတြကိုေသေစႏိုုင္တယ္္

အနာကိုပိုးမဝင္ေအာင္ ကာကြယ္ဖို႔အတြက္ အသံုးျပဳလို႔ရပါတယ္။ ဘက္တီးရီယားေတြနဲ႔ ဗိုင္းရပ္စ္ေတြကို တိုက္ဖ်က္ေပးႏုိင္တာေၾကာင့္ အနာကိုေဆးတာမ်ိဳးအတြက္ အသံုးျပဳလို႔ရပါတယ္။

အဆီပိုေတြဖယ္ရွားေပးႏိုင္တယ္

ခႏၶာကိုယ္ေပၚက မလိုတဲ့အဆီေတြကို ဖယ္ရွားဖို႔အတြက္လည္း ပိေတာင္ပင္ကအသံုးဝင္ ပါေသးတယ္။ ကိုယ္ေပၚကအဆီပိုေတြကို ေဘးကင္းကင္းနဲ႔ ဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ ပိေတာက္ပင္ရဲ႕ အေခါက္ကို အားကိုးလိုက္ပါေနာ္။

ေသြးတြင္းကိုလက္စထေရာကိုက်ဆင္းေစႏိုင္တယ္

ေသြးတတြင္းက အက်ိဳးမျပဳတဲ့ ကိုလက္စထေရာပမာဏကို က်ဆင္းေစႏိုင္ျပီး ေသြးတြင္းကိုလက္စ ထေရာပမာဏကိုထိန္းညွိေပးပါတယ္။ ေသြးတြင္းကိုလက္စထေရာထိန္းညွိဖို႔ သဘာဝေဆး တစ္မ်ိဳးေပါ့။

အဆစ္ေတြနာက်င္တာကို သက္သာေစႏိုင္ပါတယ္

ထိခိုက္ဒဏ္ရာေတြ၊ ျပတ္ရွဒဏ္ရာေတြ ကိုေသြးတိတ္ေစျပီး ေရာဂါပိုးမဝင္ဘဲ အနာက်င္ျမန္ေအာင္ လုပ္ေဆာင္ေပးသလို အဆစ္အျမစ္ေတြနာက်င္ကိုက္ခဲေနမယ္ဆိုရင္လည္းပိေတာက္သားကို ေသြးလူးေပးလိုက္ပါ။ သက္သာလာပါလိမ့္မယ္။ နာက်င္ကိုက္ခဲမႈေတြကိုလည္း သက္သာေစႏိုင္ပါေသးတယ္။

အသညး္က အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္တယ္

ပိေတာက္က အသည္းကိုလည္း က်န္းမာေစႏိုင္ပါတယ္။ အသည္းသန္႔ေစဖို႔၊ အသည္းေရာင္ေနတာသက္သာေစဖို႔အတြက္ ပိေတာက္ကို သံုးလို႔ရပါတယ္။ အသည္းက်န္းမာဖို႔အတြက္ သဘာဝေဆးတစ္လက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


မြင်လိုက်တာနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ပန်းလေးတစ်မျိုးပါ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်ကအရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက်ပန်းလေးပါ။ တန်ခူးလမှာပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်နော်။

ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကိုဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့အစေးပါမကျန်ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။

ပိတောက်က ဒီလိုဆေးဖက်ဝင်တာပါ

နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက်က အခုလိုကျန်းမာရေးအာနိ သင်ရှိပါတယ်။

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်

ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေအများကြီးစားတာမျိုး၊ အမြဲလိုလိုရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ပူစပ်ပူလောင်ဖြစ်တာမျိုးတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ်

ပိတောက်ပင် အခေါက်က ဝမ်းပျက်ဝမ်းလျှောတာ၊ လေနာလေအောင့်နဲ့ အစာခြေစနစ်ပြဿ နာတွေကို သက်သာစေနိုင်ပါတယ်။

သွေးတိတ်စေနိုင်တယ်

ထိခိုက်တာတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါမျိုးမှာ ပိတောက်ပင်အခေါက်ကို အသုံးပြုပြီး သွေးတိတ်အောင်လုပ်ပေးလို့ရပါတယ်။

အူလမ်းကြောင်းထဲက ပိုးတွေကိုတိုက်ထုတ်ပေးနိုင်တယ်

အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ်ဖို့အတွက်လည်း ပိတောက်ပင် အခေါက်ကိုသုံးလို့ရပါတယ်။

အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်

အရေပြားပေါ်မှာဖြစ်တဲ့ ပွေး၊ညှင်းတို့ကိုအပါအဝင် နာတာရှည် အရေပြားပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ပိတောက်ပင်အခေါက်ကိုသွေး ပြီးလူးပေးလို့ရပါတယ်။ ရေရှည်စွဲသုံးဖို့တော့လိုပါမယ်။ အပင်ရဲ့အခေါက်ကိုပြုတ်ပြီး အရေပြားပေါ်မှာလူးပေးလို့ လည်းရပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့အသုံးပြုလို့ရပါတယ်။

ဘက်တီးရီးယားတွေကိုသေစေနိုင်တယ်

အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အနာကိုဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။

အဆီပိုတွေဖယ်ရှားပေးနိုင်တယ်

ခန္ဓာကိုယ်ပေါ်က မလိုတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ပိတောင်ပင်ကအသုံးဝင် ပါသေးတယ်။ ကိုယ်ပေါ်ကအဆီပိုတွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားချင်တယ်ဆိုရင်တော့ ပိတောက်ပင်ရဲ့ အခေါက်ကို အားကိုးလိုက်ပါနော်။

သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်တယ်

သွေးတတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စ ထရောပမာဏကိုထိန်းညှိပေးပါတယ်။ သွေးတွင်းကိုလက်စထရောထိန်းညှိဖို့ သဘာဝဆေး တစ်မျိုးပေါ့။

အဆစ်တွေနာကျင်တာကို သက်သာစေနိုင်ပါတယ်

ထိခိုက်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ ကိုသွေးတိတ်စေပြီး ရောဂါပိုးမဝင်ဘဲ အနာကျင်မြန်အောင် လုပ်ဆောင်ပေးသလို အဆစ်အမြစ်တွေနာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်းပိတောက်သားကို သွေးလူးပေးလိုက်ပါ။ သက်သာလာပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

အသည်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်

ပိတောက်က အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသည်းသန့်စေဖို့၊ အသည်းရောင်နေတာသက်သာစေဖို့အတွက် ပိတောက်ကို သုံးလို့ရပါတယ်။ အသည်းကျန်းမာဖို့အတွက် သဘာဝဆေးတစ်လက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top