Credit:thithtoolwin
# Unicode Version # ဖြင့် ဖတ်ပါ #
၁။ ရိုသေလေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ ကျွန်မ သားလေး အသက်က ၄နှစ် ၂လ ရှိပါပြီ။ ၉ လ အရွယ် လောက်ကတည်းကစပြီး ထမင်းကောင်းကောင်း မစားတော့တာ ယနေ့ထိပါပဲ။ တခါတလေ ထမင်းလုံးဝ မစားတဲ့အခါလည်း ရှိပါတယ်။ သွားရေစာလည်း ပြောသလောက်မစားပါဘူး။ ပုံမှာမြင်ရတဲ့အတိုင်း လျှာမှာ အဖြူကွက်လေးတွေ တလတကြိမ်လောက်ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင် မစားတာ ပိုဆိုးတတ်ပါတယ်။ ဆရာရှင့် လျှာက အဖြူကွက်လေးတွေက ဘာကြောင့်ဖြစ်တာပါလဲရှင်။ ထမင်းမစားလို့ သားကို ဘာအားဆေး တိုက်ရင် ကောင်းပါမလဲဆရာ။ ကျေးဇူးတင်စွာဖြင့်
၂။ မင်္ဂလာပါဆရာ။ လူနာလာရင် ကျွန်တော့ကျန်းမာရေးမှူးက လျှာကိုကြည့်ပြီး sign and symptom ကိုဆုံးဖြတ်ပါတယ်။ အဲဒါ လျှာရဲ့အရောင်တွေကိုကြည့်တာလားဗျ။ အဲဒါလေးသိချင်လို့ပါ။ ဘာလို့ လူနာကို လျှာအထုတ်ခိုင်းပြီး ကြည့်တာလဲခင်ဗျာ။ ဖြေကြားပေးပါဦးဆရာ။
၃။ မင်္ဂလာပါဆရာ။ ကျွန်တော့်အသက် ၂၆ နှစ်ရှိပါပြီ။ အသက် ၁ဝ နှစ်လောက်ကစပြီး လျှာကွဲတယ်ဆရာ။ လျှာအလယ်မှာ အကွဲကြောင်းတကြောင်းရယ် လျှာကိုထုတ်ပြီး လျော့လိုက်ရင် ပက်ကြားအက်လိုမျိုး မြင်မကောင်းအောင် ကွဲနေတယ်ဆရာ။ ပြီးရင်လျှာမှာအဖြူဖတ်တွေလဲရှိပါတယ်။ လျှာခြစ်တံနဲခြစ်လဲခြစ်တုန်းပဲပျောက်ပါတယ်။ အဲ့ဒါရောဂါလား၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ ပြောပြပေးပါဆရာ။
၄။ ကျမအသက် ၃၁ အိမ်ထောင်ရှိပါတယ်ဆရာ။ အခု့ မှာနေပါတယ်။ အခုမနက်အိပ်ယာထတော့ နှုတ်ခမ်း နဲ့ လျှာက ထုံကျဉ်နေလို့ပါဆရာ။ ဖြစ်တာ့ ရောက်ပြီး ၄ လလောက်တော့ရှိပါပြီ။ ကင်ဆာရောဂါရဲ့လက္ခဏာ ဖြစ်မလားဆရာ။ ဆေးခန်းပြဖို့ အဆင်မပြေသေးလို့ပါဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေလဲပြောပြပေးပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်။
၅။ ကျွန်မအမျိုးသား အသက် ၃၆ နှစ်ပါ။ သူ့လျှာရဲ့ဘေးမှာ အနာပေါက်တာ ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ တနှစ်လောက်ရှိပါပြီ။ ဆေးခန်းပြပြီး ဆေးသောက်သော်လည်း လုံးဝအပြီးသက် သာသွားခြင်းမရှိပါဘူးရှင့်။ အနာသက်သာအောင် ဘယ်လိုဆေးဝယ်သောက်ရမည်ကို ညွန်ကြားပေးပါအုန်းရှင့်။
White coating or white spots လျှာကို အဖြူရောင်ဖုံးနေရင် Oral thrush မှက္ခရု ခေါ် ဖန်းဂတ်စ် ခေါ် မှိုရောဂါ၊ Leukoplakia ရောဂါနဲ့ Oral lichen planus ရောဂါ တခုခုဖြစ်နိုင်တယ်။ ဗက်တီးရီးယားသေဆေးကြောင့် ဘေးထွက်-ဆိုးကျိုးအနေနဲ့ဖြစ်နိုင်တယ်။ ခုခံအားနည်းသူတွေနဲ့ ဆီးချိုရှိနေသူတွေမှာလဲ ဖြစ်တယ်။
Red tongue လျှာနီနေရင် Folic acid ဖေါလစ်အက်စစ်နဲ့ B-12 ဗီတာမင်ဘီ-၁၂ နည်းနေနိင်တယ်။
Geographic tongue လျှမှာမြေပုံလိုဖြစ်နေတာ စိုးရိမ်စရာမရှိပါ။ ခံတွင်းသန့်ရှင်းရေးလုပ်တိုင်း လျှာကိုပါ သွားတိုက်တံနဲ့ တိုက်ပါ။ ဆားရည်နဲ့ ပလုပ်ကျဉ်းပါ။ Scarlet fever ဆိုတာ မြန်မာပြည်မှာမရှိသလောက်ရှားတယ်။ Kawasaki disease ကလေးတွေမှာဖြစ်တယ်။ Listerine mouth wash သုံးပါ။ ဗီတာမင်ဘီ)အုပ်စုနဲ့ စီလိုမယ်။ အစာအဟာရ ပြည့်ဝမျှတပါစေ။
Black and hairy လျှာမည်းပြီး အမွေးလိုဖြစ်နေရင် ဗက်တီးရီးယားဝင်နေလို့။ အစားအသောက်ညံ့တာ၊ ခံတွင်းသန့်ရှင်းရေး မကောင်းတာ၊ ဆေးလိပ်သောက်တာနဲ့ ဗက်တီးရီးယားဆေးတွေကနေ ဆက်ဖြစ်တယ်။ ခံတွင်းသန့်ရှင်းရေးပိုလုပ်ပါ။
Sore or bumpy အနာဖြစ်နေတာ ထိခိုက်မိလို့ဖြစ်မယ်။ ဆေးလိပ်သောက်သူတွေမှာဖြစ်တယ်။ သွားနဲ့ကိုက်မိတာ၊ အပူလောင်တာ၊ ဓါတ်ပစ္စည်း၊ လျှပ်စစ် စတာတွေကနေ ဖြစ်နိုင်တယ်။
Canker sores ဆိုတာ စိတ်ဖိအားများနေချိန်မှာဖြစ်တယ်။
Oral hairy leukoplakia လျှာမှာ အမွှေးပေါက်ပြီး အဖြူပြင်ထွက်တာကိုခေါ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ ခုခံအားနည်းနေရင်ဖြစ်တယ်။
Syphilitic glossitis လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တဲ့ ဆစ်ဖလစ်နောက်ပိုင်းကြောင့် လျှာနာကိုခေါ်တယ်။ လျှာရောင်တာမှန်သမျှ Glossitis ခေါ်တယ်။ ပိုးဝင်လို့၊ ထိခိုက်မိလို့၊ ဘာကနေဖြစ်မှန်း မသိနိုင်တာတွေကနေ ဖြစ်စေတယ်။
Ankyloglossia (tongue tie) မွေးရာပါလျှာခင်တွယ်ခြင်း၊ Hypoglossia မွေးရာပါ လျှာတိုခြင်း၊ Macroglossia မွေးရာပါ လျှာကြီးလွန်းခြင်း၊ ကိုယ်ခံအားကမောက်ကမဖြစ်တဲ့ရောဂါလဲရှိတယ်။ Sjogren's syndrome ခေါ်တယ်။Hypoglossal nerve လျှာသွားအာရုံကြောအားနည်းလို့ Melkersson–Rosenthal syndrome ဆိုတာ ဖြစ်နိုင်တယ်။ မိုတာနူရုန်းရောဂါ Lou Gehrig's disease ဆိုတာလဲရှိတယ်။ လျှာရဲ့လှုပ်ရှားမှု အားနည်းနေမယ်။
Tongue cancer လျှာကင်ဆာ။ လျှာဘေးအနားတဖက်ဖက်မှာ အဖုအကျိတ်ဖြစ်တယ်။ တခြားခံတွင်းကင်ဆာ လက္ခဏာတွေနဲ့ တူတယ်။ ရိုးရိုးအနာနဲ့ခွဲရခက်တယ်။ လျှာက အဆက်မပြတ်နာနေတာ။ မေးရိုး တောက်လျှောက် နာနေတာ၊ ပါးစပ်ထဲမှာ အလုံးအကျိတ်ဖြစ်လာတာ၊ သွားဖုံး-အာသီး- ခံတွင်း-လျှာ နေရာတခုခုမှာ အဖြူကွက်-အနီကွက် ပေါ်လာတာ၊ လည်ချောင်းနာတာ၊ လည်ချောင်းမှာ အနေရခက်နေတာ၊ လျှာ-မေးရိုးလှုတ်ရှားရခက်လာတာ။
ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top