သရုပ္ေဆာင္ၾကီး ႏိုင္းႏိုင္းရဲ႕ညီမေလးတစ္ျဖစ္လဲ သရုပ္ေဆာင္ ဖူးဖူးကေတာ့ ခ်ိဳသာတဲ့ အျပံုးေလးေတြအျပင္၊ သရုပ္ေဆာင္ပိုင္းမွာ ထူးခ်ြန္တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတာပဲ ျဖစ္ပါတယ္။ ဖူးဖူးကေတာ့ အနုပညာအလုပ္ေတြ မလုပ္ျဖစ္တာ ၾကာေနေပမယ့္လည္း ပရိသတ္ေတြရဲ႕ရင္ထဲမွာ အျမဲရွိေနသူေလးတစ္ဦးပါ။ လတ္တေလာမွာေတာ့ ဖူးဖူးက Anniversary ေန႔ေလးမွာ ခ်စ္သူဆီက ေနာက္ဆံုးေပၚ Suzuki ကားၾကီး လက္ေဆာင္ရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ေနတာပဲ ျဖစ္ပါတယ္။ ဖူးဖူးကေတာ့ လြန္ခဲ့တဲ့ လပိုင္းကပဲ ခ်စ္ရတဲ့ ခ်စ္သူကို လူမႈကြန္ယက္မွာ ခ်ျပထားတာပါ။

ခ်စ္ပရိသတ္ေတြအတြက္ ခ်စ္သူဆီက ေနာက္ဆံုးေပၚ Suzuki ကားၾကီး လက္ေဆာင္ရခဲ့တဲ့ ကံေကာင္းလြန္းသူေလး ဖူးဖူးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အဆိုပါအေၾကာင္းကိုေတာ့ Mega 6 Showroom မွ တာဝန္ရွိသူတစ္ဦးက “ႏိုင္ငံေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသမီး ဖူးဖူးရဲ႕ ခ်စ္သူ ကိုၿဖိဳးက်ာ္သူမွ anniversary ခ်စ္သက္လက္ေဆာင္ Suprise အေနနဲ႔ က်ေနာ္တို႔ #KLSevenMega6Showroom မွ Brand New Suzuki Swift ကားသစ္တစီးကို Cash down ဝယ္ယူၿပီး ခ်စ္သက္လက္ေဆာင္ေပးခဲ့တဲ့အတြက္ က်ေနာ္တို႔ Mega 6 Showroom မွ အထူးေက်းဇူးတင္ပါတယ္ဗ်ာ..Congratulations  ပါ ညီမေလး ဖူးဖူး…ညီမေလး ႀကိဳက္တဲ့အေရာင္ကို လာေရာက္ေရြးခ်ယ္ဖို႔အတြက္ ဖိတ္ေခၚပါတယ္ဗ်ာ…ညီမေလး ဖူးဖူးလည္း ဒီထက္မက ေအာင္ျမင္က်န္းမာၿပီး ခ်စ္သူနဲ႔ အတူတူ ဘဝခရီးလမ္းကို ႏွစ္တရာတိုင္ေအာင္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေမတၱာပို႔ပါတယ္ဗ်ာ ဆိုျပီး ဂုဏ္ယူဝမ္းသာစြာ ေရးသားထားတာ ေတြ႔ရပါတယ္။

ကားကိုေတာ့ ၾကိဳက္တဲ့အေရာင္ ေရြးခ်ယ္ျပီး သြားယူလိုက္ရံုပါပဲတဲ့ေနာ္။

ဖူးဖူးကေတာ့ “Omg……he makes my day  ဆိုျပီး ခ်စ္သူရဲ႕လက္ေဆာင္ေၾကာင့္ ေပ်ာ္ေနတဲ့အေၾကာင္းေလး ေရးသားထားပါေသးတယ္။

ရယ္လိုက္ရင္ အရမ္းကိုခ်စ္စရာေကာင္းတဲ့ ေကာင္မေလး ဖူးဖူးကေတာ့ သူ႔အတြက္ အရမ္းကိုျပီးျပည့္စံုတဲ့ ခ်စ္သူတစ္ေယာက္ကို ပိုင္ဆိုင္ထားရျပီမို႔ ကမၻာေပၚမွာ အေပ်ာ္ဆံုးလူသားတစ္ဦး ျဖစ္လို႔ေနတာပါ။ လြန္ခဲ့တဲ့ နွစ္ေတြက ပရိသတ္ေတြကို အႏုပညာနဲ႔ အေကာင္းဆံုးေဖ်ာ္ေျဖခဲ့တဲ့ ဖူးဖူးကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္တာ မေတြ႔ရေတာ့ပါဘူး။ ခ်စ္ပရိသတ္ေတြလည္း အခ်စ္စစ္ကို ရွာေဖြေတြ႔ရွိသြားျပီျဖစ္တဲ့ ဖူးဖူးတစ္ေယာက္ ခ်စ္ရသူနဲ႔ အျမန္ဆံုးေရႊလက္တြဲႏိုင္ျပီး သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို ဖန္တီးပံုေဖာ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

သရုပ်ဆောင်ကြီး နိုင်းနိုင်းရဲ့ညီမလေးတစ်ဖြစ်လဲ သရုပ်ဆောင် ဖူးဖူးကတော့ ချိုသာတဲ့ အပြုံးလေးတွေအပြင်၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ဖူးဖူးကတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ ကြာနေပေမယ့်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာ အမြဲရှိနေသူလေးတစ်ဦးပါ။ လတ်တလောမှာတော့ ဖူးဖူးက Anniversary နေ့လေးမှာ ချစ်သူဆီက နောက်ဆုံးပေါ် Suzuki ကားကြီး လက်ဆောင်ရခဲ့တာကြောင့် ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဖူးဖူးကတော့ လွန်ခဲ့တဲ့ လပိုင်းကပဲ ချစ်ရတဲ့ ချစ်သူကို လူမှုကွန်ယက်မှာ ချပြထားတာပါ။

ချစ်ပရိသတ်တွေအတွက် ချစ်သူဆီက နောက်ဆုံးပေါ် Suzuki ကားကြီး လက်ဆောင်ရခဲ့တဲ့ ကံကောင်းလွန်းသူလေး ဖူးဖူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါအကြောင်းကိုတော့ Mega 6 Showroom မှ တာဝန်ရှိသူတစ်ဦးက “နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဖူးဖူးရဲ့ ချစ်သူ ကိုဖြိုးကျာ်သူမှ anniversary ချစ်သက်လက်ဆောင် Suprise အနေနဲ့ ကျနော်တို့ #KLSevenMega6Showroom မှ Brand New Suzuki Swift ကားသစ်တစီးကို Cash down ဝယ်ယူပြီး ချစ်သက်လက်ဆောင်ပေးခဲ့တဲ့အတွက် ကျနော်တို့ Mega 6 Showroom မှ အထူးကျေးဇူးတင်ပါတယ်ဗျာ..Congratulations  ပါ ညီမလေး ဖူးဖူး…ညီမလေး ကြိုက်တဲ့အရောင်ကို လာရောက်ရွေးချယ်ဖို့အတွက် ဖိတ်ခေါ်ပါတယ်ဗျာ…ညီမလေး ဖူးဖူးလည်း ဒီထက်မက အောင်မြင်ကျန်းမာပြီး ချစ်သူနဲ့ အတူတူ ဘဝခရီးလမ်းကို နှစ်တရာတိုင်အောင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်ဗျာ ဆိုပြီး ဂုဏ်ယူဝမ်းသာစွာ ရေးသားထားတာ တွေ့ရပါတယ်။

ကားကိုတော့ ကြိုက်တဲ့အရောင် ရွေးချယ်ပြီး သွားယူလိုက်ရုံပါပဲတဲ့နော်။

ဖူးဖူးကတော့ “Omg……he makes my day  ဆိုပြီး ချစ်သူရဲ့လက်ဆောင်ကြောင့် ပျော်နေတဲ့အကြောင်းလေး ရေးသားထားပါသေးတယ်။

ရယ်လိုက်ရင် အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေး ဖူးဖူးကတော့ သူ့အတွက် အရမ်းကိုပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီမို့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ဦး ဖြစ်လို့နေတာပါ။ လွန်ခဲ့တဲ့ နှစ်တွေက ပရိသတ်တွေကို အနုပညာနဲ့ အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဖူးဖူးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ ချစ်ပရိသတ်တွေလည်း အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့ ဖူးဖူးတစ်ယောက် ချစ်ရသူနဲ့ အမြန်ဆုံးရွှေလက်တွဲနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top