အကယ္ဒမီေပးပြဲ အျပီးျပဳလုပ္တဲ့ Star Awards ဆုခ်ီးျမွင့္ပြဲဟာ မျပဳလုပ္ခင္မွာ လည္း ေဝဖန္ခံရမႈေတြ ရွိေနျပီး ပြဲက်င္းပစဥ္ အတြင္းမွာ လည္း အစီအစဥ္ အလြဲအေခ်ာ္ေလးေတြရွိခဲ့ပါတယ္။ ဒီပြဲမွာ ဆုေၾကညာသူ အျဖစ္ ဖိတ္ၾကားထားတဲ့ ဝါရင့္ သရုပ္ေဆာင္ လြင္မိုး ရဲ႕ Star Awards အေပၚ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ယခုလို ေဖာ္ျပေပးလုိက္ပါတယ္။ ဒီပြဲကေတာ့ ေတာ္ေတာ္ေလးကို စိိတ္လႈပ္ရႈားဖို႔ေကာင္းပါတယ္။ Star Award က အခုစျပီးေတာ့ ေပးေတာ့မွာေပါ့ အေရွ႕မွာလည္း ဂရက္ေတြကလည္း မ်ားခဲ့တာဆုိေတာ့ ဒီပြဲကို သူတို႔ ဘယ္ေလာက္ထိေအာင္ျမင္ေအာင္ လုပ္ႏုိင္မလဲ ပရိသတ္ကို သူတို႔ ဘယ္ေလာက္ထိ စည္းရံုးသြားႏိုင္မလဲဆိုတာ စိတ္လႈပ္ရႈားစြာ ေစာင့္ၾကည့္ရမွာပါ။

ဒီဆုေပးပြဲကို ဘယ္ေလာက္ထိ ေမ်ွာ္မွန္းထားလည္း ဆိုတာေတာ့ အခုလည္း ေရာက္ရွိလာပါျပီ ဒါကၾကာပါျပီ Star Awards မွာ ဆုေရြးခ်ယ္ေရး အဖြဲ႔ဆိုတာ လည္း ကၽြန္ေတာ္တို႔နဲ႔ မိတ္ေဆြ အေပါင္းအသင္းေတြပါပဲ သူငယ္ခ်င္းေတြပါပဲ။ အကယ္ဒမီဆိုတာ လည္း ကိုယ့္ရဲ႕ ဆရာသမားနဲ႔ မိတ္ေဆြ အေပါင္းအသင္းေတြပါပဲ။ အဓိက ကေတာ့ ဒီေလာက အတြက္ ပ့ံပိုးေပးၾကတဲ့ လူေတြခ်ည္းပါပဲ။ အားလံုးက ေအာင္ေအာင္ျမင္ျမင္ ျမိဳင္ျမိဳင္ဆိုင္ဆိုင္ ပရိသတ္ေတြ အကုန္လံုး သေဘာက်သြားမယ့္ အေနအထားမ်ိဳး ျဖစ္သြားရင္ေတာ့ အေကာင္းဆံုးျဖစ္သြားမွာပါ။

ဒါ့အျပင္ သရုပ္ေဆာင္ လြင္မိုးက ဒီပြဲမွာ အကယ္ဒမီေပးပြဲက မရခဲ့တဲ့ ကားေတြကို ျပန္ေပးသြားလိမ့္မယ္ မထင္ဘူးပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူ႔ သမိုင္းေၾကာင္းသူ တည္ေဆာက္မွာေလ ဟိုမွာ မေပးလို႔ ဒီမွာ ေပးတယ္ဆိုတာကေတာ့ နဲနဲ ကေလးဆန္တဲ့ အလုပ္ျဖစ္သြားမွာေပါ့။ ဘာလို႔လဲဆုိေတာ့ Star Awards ကလည္း သူ႔ သမိုင္းေၾကာင္းသူ တည္ေဆာက္ရမွာ ျဖစ္ပါတယ္။ အေကာင္းဆံုးျဖစ္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒါက အစျဖစ္တဲ့ အတြက္ ေနာက္ႏွစ္ေတြမွာလည္း သူတို႔ အမွားအယြင္းေတြရွိခဲ့ရင္လည္း ဒီပြဲက အေတြ႔ အၾကံဳေတြနဲ႔ ပိုေကာင္းေအာင္ ေဆာင္ရြက္သြားမွာပါ။ အေရးၾကီးတာက Star Awards က အကယ္ဒမီေတြလိုပဲ အခ်ိန္ေတြ အၾကာၾကီး ႏွစ္ေတြ အၾကာၾကီး ေပးသြားႏိုင္ဖို႔ အေရးၾကီးပါတယ္။

Star Awards နဲ႔ အကယ္ဒမီနဲ႔ ယွဥ္ရင္ေတာ့ ႏွစ္ပဲ ၾကည့္ဦး ဘယ္ေလာက္ကြာလည္း ဆိုတာ ၾကည့္ရင္ သိႏိုင္ပါတယ္။ ဥပမာ အခုမွ အသစ္အဆန္းျဖစ္တဲ့ ေမာ္ေတာ္ကား တစ္စီး နဲ႔ အရင္က ကားတစ္စီးေပါ့ဗ်ာ အရင္ကားကေတာ့ လူေတြ စီးေနတာ ၾကာျပီး ျဖစ္တဲ့ အတြက္ မေကာင္းေတာ့ဘူးေပါ့ဗ်ာ၊ ဘီးေတြဘာေတြ ေပါက္သြားတယ္။ဒါေပမယ့္ ဒီကားေလး ျပန္ျပင္လိုက္ရင္ လူေတြက ျပန္စီးျဖစ္သြားလိမ့္မယ္ဆုိတဲ့ သေဘာေလးပါပဲ။ ဒီပြဲက အခုမွ ျဖစ္လာခဲ့ျပီ ဆိုေပမယ့္ အကယ္ဒမီရဲ႕ သမိုင္းေၾကာင္းကိုေတာ့ လြယ္လြယ္ကူကူ ေလးေတာ့ ေက်ာ္လႊားႏိုင္ဖို႔ေတာ့ မလြယ္ဘူး။ အကယ္ဒမီက သူ႔ဟာနဲ႔သူ လြဲမွားေနတဲ့ အခ်က္ေလးေတြ ရွိတဲ့ အတြက္သာ ခံေနရတဲ့ အေနအထားပါ။

ဒါေပမယ့္ Star Awards ကလည္း အကယ္ဒမီကို ေက်ာ္လႊားဖို႔ ဆိုတာထက္ သူ ေရရွည္ တည္တံ့ဖို႔ အတြက္ သူ ေအာင္ျမင္ဖို႔ အတြက္ သူ႔ရဲ႕ သမိုင္း ထူေထာင္ဖို႔ အတြက္ အမ်ားၾကီး ၾကိဳးစားရဦးမယ္ ဆိုတာကို ကၽြန္ေတာ္နားလည္ထားပါတယ္။
ဒီနွစ္ တစ္ႏွစ္ အတြက္ ဆုိရင္ေတာ့ Star Awards က အကယ္ဒမီကို လြယ္လြယ္ကူကူေလး ေက်ာ္ျဖတ္သြားႏိုင္လိမ့္မယ္ ထင္ပါတယ္။ ဒီႏွစ္ တစ္ႏွစ္ အတြက္ ဆိုရင္ေပါ့လို႔ ထပ္ဆင့္ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
အကယ်ဒမီပေးပွဲ အပြီးပြုလုပ်တဲ့ Star Awards ဆုချီးမြှင့်ပွဲဟာ မပြုလုပ်ခင်မှာ လည်း ဝေဖန်ခံရမှုတွေ ရှိနေပြီး ပွဲကျင်းပစဉ် အတွင်းမှာ လည်း အစီအစဉ် အလွဲအချော်လေးတွေရှိခဲ့ပါတယ်။ ဒီပွဲမှာ ဆုကြေညာသူ အဖြစ် ဖိတ်ကြားထားတဲ့ ဝါရင့် သရုပ်ဆောင် လွင်မိုး ရဲ့ Star Awards အပေါ် ထင်မြင်ယူဆချက်များကိုလည်း ယခုလို ဖော်ပြပေးလိုက်ပါတယ်။ ဒီပွဲကတော့ တော်တော်လေးကို စိတ်လှုပ်ရှုားဖို့ကောင်းပါတယ်။ Star Award က အခုစပြီးတော့ ပေးတော့မှာပေါ့ အရှေ့မှာလည်း ဂရက်တွေကလည်း များခဲ့တာဆိုတော့ ဒီပွဲကို သူတို့ ဘယ်လောက်ထိအောင်မြင်အောင် လုပ်နိုင်မလဲ ပရိသတ်ကို သူတို့ ဘယ်လောက်ထိ စည်းရုံးသွားနိုင်မလဲဆိုတာ စိတ်လှုပ်ရှုားစွာ စောင့်ကြည့်ရမှာပါ။

ဒီဆုပေးပွဲကို ဘယ်လောက်ထိ မျှော်မှန်းထားလည်း ဆိုတာတော့ အခုလည်း ရောက်ရှိလာပါပြီ ဒါကကြာပါပြီ Star Awards မှာ ဆုရွေးချယ်ရေး အဖွဲ့ဆိုတာ လည်း ကျွန်တော်တို့နဲ့ မိတ်ဆွေ အပေါင်းအသင်းတွေပါပဲ သူငယ်ချင်းတွေပါပဲ။ အကယ်ဒမီဆိုတာ လည်း ကိုယ့်ရဲ့ ဆရာသမားနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေပါပဲ။ အဓိက ကတော့ ဒီလောက အတွက် ပံ့ပိုးပေးကြတဲ့ လူတွေချည်းပါပဲ။ အားလုံးက အောင်အောင်မြင်မြင် မြိုင်မြိုင်ဆိုင်ဆိုင် ပရိသတ်တွေ အကုန်လုံး သဘောကျသွားမယ့် အနေအထားမျိုး ဖြစ်သွားရင်တော့ အကောင်းဆုံးဖြစ်သွားမှာပါ။

ဒါ့အပြင် သရုပ်ဆောင် လွင်မိုးက ဒီပွဲမှာ အကယ်ဒမီပေးပွဲက မရခဲ့တဲ့ ကားတွေကို ပြန်ပေးသွားလိမ့်မယ် မထင်ဘူးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ သမိုင်းကြောင်းသူ တည်ဆောက်မှာလေ ဟိုမှာ မပေးလို့ ဒီမှာ ပေးတယ်ဆိုတာကတော့ နဲနဲ ကလေးဆန်တဲ့ အလုပ်ဖြစ်သွားမှာပေါ့။ ဘာလို့လဲဆိုတော့ Star Awards ကလည်း သူ့ သမိုင်းကြောင်းသူ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒါက အစဖြစ်တဲ့ အတွက် နောက်နှစ်တွေမှာလည်း သူတို့ အမှားအယွင်းတွေရှိခဲ့ရင်လည်း ဒီပွဲက အတွေ့ အကြုံတွေနဲ့ ပိုကောင်းအောင် ဆောင်ရွက်သွားမှာပါ။ အရေးကြီးတာက Star Awards က အကယ်ဒမီတွေလိုပဲ အချိန်တွေ အကြာကြီး နှစ်တွေ အကြာကြီး ပေးသွားနိုင်ဖို့ အရေးကြီးပါတယ်။

Star Awards နဲ့ အကယ်ဒမီနဲ့ ယှဉ်ရင်တော့ နှစ်ပဲ ကြည့်ဦး ဘယ်လောက်ကွာလည်း ဆိုတာ ကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ အခုမှ အသစ်အဆန်းဖြစ်တဲ့ မော်တော်ကား တစ်စီး နဲ့ အရင်က ကားတစ်စီးပေါ့ဗျာ အရင်ကားကတော့ လူတွေ စီးနေတာ ကြာပြီး ဖြစ်တဲ့ အတွက် မကောင်းတော့ဘူးပေါ့ဗျာ၊ ဘီးတွေဘာတွေ ပေါက်သွားတယ်။ဒါပေမယ့် ဒီကားလေး ပြန်ပြင်လိုက်ရင် လူတွေက ပြန်စီးဖြစ်သွားလိမ့်မယ်ဆိုတဲ့ သဘောလေးပါပဲ။ ဒီပွဲက အခုမှ ဖြစ်လာခဲ့ပြီ ဆိုပေမယ့် အကယ်ဒမီရဲ့ သမိုင်းကြောင်းကိုတော့ လွယ်လွယ်ကူကူ လေးတော့ ကျော်လွှားနိုင်ဖို့တော့ မလွယ်ဘူး။ အကယ်ဒမီက သူ့ဟာနဲ့သူ လွဲမှားနေတဲ့ အချက်လေးတွေ ရှိတဲ့ အတွက်သာ ခံနေရတဲ့ အနေအထားပါ။

ဒါပေမယ့် Star Awards ကလည်း အကယ်ဒမီကို ကျော်လွှားဖို့ ဆိုတာထက် သူ ရေရှည် တည်တံ့ဖို့ အတွက် သူ အောင်မြင်ဖို့ အတွက် သူ့ရဲ့ သမိုင်း ထူထောင်ဖို့ အတွက် အများကြီး ကြိုးစားရဦးမယ် ဆိုတာကို ကျွန်တော်နားလည်ထားပါတယ်။
ဒီနှစ် တစ်နှစ် အတွက် ဆိုရင်တော့ Star Awards က အကယ်ဒမီကို လွယ်လွယ်ကူကူလေး ကျော်ဖြတ်သွားနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီနှစ် တစ်နှစ် အတွက် ဆိုရင်ပေါ့လို့ ထပ်ဆင့်ပြောသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top