ကိုတင္ေဖ ကာ႐ိုက္တာနဲ႔ Star Awards မွာ ေရပန္းစားေနတဲ့ သ႐ုပ္ေဆာင္ ေအာင္ေရခ်မ္း

ဧၿပီလ ၅ ရက္ေန႔မွာ က်င္းပမယ့္ Star Awards ဆုေပးပြဲမွာ ေပးအပ္မယ့္ ဇာတ္လမ္းတြဲ ဆုေတြအတြက္ “ပ်ားရည္အိုင္” ႐ုပ္သံဇာတ္လမ္းတြဲလည္းပါဝင္ၿပီးအဲဒီဇာတ္လမ္းတြဲမွာ“ကိုတင္ေဖ”အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေအာင္ေရခ်မ္းကလည္းေရပန္းစားေနပါတယ္။

ကိုတင္ေဖကာ႐ိုက္တာ အတြက္ေတာ့ရင္ခုန္ေနသလို အရမ္းမေမွ်ာ္လင့္ ထားဘူးလို႔ ေအာင္ေရခ်မ္းက ဆိုပါတယ္။

“က်ေနာ္ကေတာ့ ကိုတင္ေဖ ကာ႐ိုက္တာနဲ႔ ရမယ္လို႔ အရမ္းမေမွ်ာ္လင့္ထားဘူး။ ရင္ေတာ့ခုန္တယ္။ ဇာတ္လမ္းတြဲ၂ခုမွာတခု ပ်ားရည္အိုင္ ပါေတာ့ဝမ္းသာပါတယ္။

က်ေနာ့္ကို ပရိသတ္ခန႔္မွန္းေပးၾကတာ လည္းေက်းဇူးတင္ပါတယ္။ ရရင္ေတာ့ အတိုင္းမသိ ဝမ္းသာစရာေပါ့။ ကံေပါ့”လို႔ ေအာင္ေရခ်မ္းက ေျပာပါတယ္။

“ကံဆိုတာလည္း အကယ္ဒမီကနတ္ႀကီးသလိုStarAwards ကလည္းနတ္ႀကီးမွာပါ။ပရိသတ္ေတြကိုလည္းေက်းဇူးတင္ပါတယ္။ ကိုတင္ေဖလို႔ပရိသတ္က သိတဲ့ဆုကလည္း

က်ေနာ္အတြက္ အင္မတန္ဆုလာဘ္ အႀကီးႀကီးလို႔ခံစားရပါတယ္။ မင္းမ်ိဳးႏြယ္ ဇာတ္႐ုပ္အတြက္ကေတာ့ ၂၀၁၉ မွ ရင္ခုန္ရမွာေပါ့”လို႔ေအာင္ေရခ်မ္းက ေျပာပါတယ္။

႐ုပ္သံဇာတ္လမ္းတြဲေ တြကေနပရိသတ္ အားေပးမႈရရွိလာခဲ့တဲ့ အာင္ေရခ်မ္းကေတာ့ အခုလိုမ်ိဳးStarAwardsရွိ လာတဲ့အေပၚ ဇာတ္လမ္းတြဲေတြ ပိုၿပီးေကာင္းလာလိမ့္မယ္၊ပိုၿပီးႀကိဳးစားခ်င္လာမယ္လို႔ ထင္ောကာင္း ေျပာပါတယ္။

“ႏိုင္ငံတကာမွာလည္း ဇာတ္လမ္းတြဲေတြေရာ Short Story ေလးေတြေရာ ရွိၿပီးသားေလ။ အဲ့လိုျမန္မာႏိုင္ငံမွာ ရွိလာေတာ့ ေကာင္းတယ္။ ေပးခ်င္တဲ့ Message ေတြကိုဇာတ္လမ္းရွည္ႀကီးနဲ႔ ျပရင္ တထိုင္တည္း မၾကည့္ႏိုင္တဲ့သူေတြ ရွိတာေပါ့။ ဒီဇာတ္လမ္းတိုေတြထဲမွာ ေပးခ်င္တဲ့ Message ေတြ အရမ္းကာင္းတယ္။ အခ်ိန္မေပးႏိုင္တဲ့သူေတြအခ်ိန္တိုတြင္းၾကည့္ ႏိုင္တာ ပိုအဆင္ေျပမယ္လို႔ထင္ပါတယ္”

“Star Awards ရွိတာ က်ေနာ္အေနနဲ႔ အရမ္းႀကိဳက္ပါတယ္။ ႏိုင္ငံတကာမွာလည္း ဒါေတြက ရွိတယ္။ Star Awards ကိုအရင္ကတည္းကလည္းေပးသင့္တယ္၊ေပးသင့္တာလည္းၾကာၿပီလို႔က်ေနာ္ထင္တယ္။ အရင္ကတည္းကလည္းက်ေနာ္တို႔ ေတြေမွ်ာ္လင့္ခဲ့တယ္။႐ုပ္ရွင္တကား႐ိုက္ရင္ အကယ္ဒမီေမွ်ာ္လင့္ၾကတယ္။ အခုလိုStarAwardsရွိလာေတာ့ဇာတ္လမ္းတြဲေတြပိုၿပီးေကာင္းလာလိမ့္မယ္ ထင္တယ္။ ပိုၿပီးႀကိဳးစားခ်င္လာမယ္”လို႔ ေအာင္ေရခ်မ္းက ေျပာပါတယ္။

သ႐ုပ္ေဆာင္ ေအာင္ေရခ်မ္းကိုေတာ့“ပ်ားရည္အိုင္”ဇာတ္လမ္းတြဲမွာ“ကိုတင္ေဖ”ကာ႐ိုက္တာနဲ႔ ပရိသတ္က အထူးအားေပးခဲ့ၾကၿပီး လက္ရွိ MRTV-4 ႐ုပ္သံလိုင္းမွာ ျပသေနတဲ့

“ကြၽန္မက မေဟသီ” ဇာတ္လမ္းတြဲမွာလည္း “မင္းမ်ိဳးႏြယ္” အျဖစ္ ပရိသတ္မ်ားက အထူးအားေပးေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The IrrawaddyLifestyle

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုတင်ဖေ ကာရိုက်တာနဲ့ Star Awards မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင် အောင်ရေချမ်း

ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမယ့် Star Awards ဆုပေးပွဲမှာ ပေးအပ်မယ့် ဇာတ်လမ်းတွဲ ဆုတွေအတွက် “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲလည်းပါဝင်ပြီးအဲဒီဇာတ်လမ်းတွဲမှာ“ကိုတင်ဖေ”အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်ရေချမ်းကလည်းရေပန်းစားနေပါတယ်။

ကိုတင်ဖေကာရိုက်တာ အတွက်တော့ရင်ခုန်နေသလို အရမ်းမမျှော်လင့် ထားဘူးလို့ အောင်ရေချမ်းက ဆိုပါတယ်။

“ကျနော်ကတော့ ကိုတင်ဖေ ကာရိုက်တာနဲ့ ရမယ်လို့ အရမ်းမမျှော်လင့်ထားဘူး။ ရင်တော့ခုန်တယ်။ ဇာတ်လမ်းတွဲ၂ခုမှာတခု ပျားရည်အိုင် ပါတော့ဝမ်းသာပါတယ်။

ကျနော့်ကို ပရိသတ်ခန့်မှန်းပေးကြတာ လည်းကျေးဇူးတင်ပါတယ်။ ရရင်တော့ အတိုင်းမသိ ဝမ်းသာစရာပေါ့။ ကံပေါ့”လို့ အောင်ရေချမ်းက ပြောပါတယ်။

“ကံဆိုတာလည်း အကယ်ဒမီကနတ်ကြီးသလိုStarAwards ကလည်းနတ်ကြီးမှာပါ။ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ ကိုတင်ဖေလို့ပရိသတ်က သိတဲ့ဆုကလည်း

ကျနော်အတွက် အင်မတန်ဆုလာဘ် အကြီးကြီးလို့ခံစားရပါတယ်။ မင်းမျိုးနွယ် ဇာတ်ရုပ်အတွက်ကတော့ ၂၀၁၉ မှ ရင်ခုန်ရမှာပေါ့”လို့အောင်ရေချမ်းက ပြောပါတယ်။

ရုပ်သံဇာတ်လမ်းတွဲေ တွကနေပရိသတ် အားပေးမှုရရှိလာခဲ့တဲ့ အာင်ရေချမ်းကတော့ အခုလိုမျိုးStarAwardsရှိ လာတဲ့အပေါ် ဇာတ်လမ်းတွဲတွေ ပိုပြီးကောင်းလာလိမ့်မယ်၊ပိုပြီးကြိုးစားချင်လာမယ်လို့ ထင်ောကာင်း ပြောပါတယ်။

“နိုင်ငံတကာမှာလည်း ဇာတ်လမ်းတွဲတွေရော Short Story လေးတွေရော ရှိပြီးသားလေ။ အဲ့လိုမြန်မာနိုင်ငံမှာ ရှိလာတော့ ကောင်းတယ်။ ပေးချင်တဲ့ Message တွေကိုဇာတ်လမ်းရှည်ကြီးနဲ့ ပြရင် တထိုင်တည်း မကြည့်နိုင်တဲ့သူတွေ ရှိတာပေါ့။ ဒီဇာတ်လမ်းတိုတွေထဲမှာ ပေးချင်တဲ့ Message တွေ အရမ်းကာင်းတယ်။ အချိန်မပေးနိုင်တဲ့သူတွေအချိန်တိုတွင်းကြည့် နိုင်တာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်”

“Star Awards ရှိတာ ကျနော်အနေနဲ့ အရမ်းကြိုက်ပါတယ်။ နိုင်ငံတကာမှာလည်း ဒါတွေက ရှိတယ်။ Star Awards ကိုအရင်ကတည်းကလည်းပေးသင့်တယ်၊ပေးသင့်တာလည်းကြာပြီလို့ကျနော်ထင်တယ်။ အရင်ကတည်းကလည်းကျနော်တို့ တွေမျှော်လင့်ခဲ့တယ်။ရုပ်ရှင်တကားရိုက်ရင် အကယ်ဒမီမျှော်လင့်ကြတယ်။ အခုလိုStarAwardsရှိလာတော့ဇာတ်လမ်းတွဲတွေပိုပြီးကောင်းလာလိမ့်မယ် ထင်တယ်။ ပိုပြီးကြိုးစားချင်လာမယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။

သရုပ်ဆောင် အောင်ရေချမ်းကိုတော့“ပျားရည်အိုင်”ဇာတ်လမ်းတွဲမှာ“ကိုတင်ဖေ”ကာရိုက်တာနဲ့ ပရိသတ်က အထူးအားပေးခဲ့ကြပြီး လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာလည်း “မင်းမျိုးနွယ်” အဖြစ် ပရိသတ်များက အထူးအားပေးနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:The IrrawaddyLifestyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top