အကယ္ဒမီပြဲကေတာ့ ဆူဆူညံညံနဲ႔အဆံုးသတ္သြားခဲ့ပါၿပီ။ ဒီႏွစ္မွာေတာ့ ထူးျခားမႈတစ္ခုအေနနဲ႔ ႐ုပ္႐ွင္ႏွင့္ ႐ုပ္သံဇာတ္လမ္းတြဲ ထူးခၽြန္ဆုေပးပြဲလို႔ေခၚတဲ့ Star Awards 2018 ဆုေပးပြဲတစ္ခုထပ္တိုးလားခဲ့ပါတယ္။ဒီပြဲရဲ႕အစပိုင္းမွာလည္း နည္းနည္းေလး လႈပ္ခတ္သြားတဲ့လိႈင္းေလးေတြ႐ိွတာကိုလည္းသိၾကၿပီးျဖစ္မွာပါ။ အခုေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြကို တင္ျပေပးခ်င္တာကေတာ့ Star Awards ရဲ႕အတြင္းေရးမႈး ဦးသာေဇာ္နဲ႔အကုန္သိ နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားတဲ့အေၾကာင္းေတြပဲျဖစ္ပါတယ္။ Star Award ပြဲဟာဆိုရင္လည္း လာမယ့္ ဧၿပီလ၅ရက္ေန႔မွာ သုဝဏၰဘူမိ Event Park မွာက်င္းပေတာ့မွာျဖစ္ပါတယ္။

Star Awards နဲ႔ပတ္သတ္ၿပီးေတာ့ ဦးသာေဇာ္က “ က်ေနာ္တို႔ဘက္လိုက္မႈမ႐ိွတရားမွ်တမႈနဲ႔ေရြးခ်ယ္တဲ့ အပိုင္းမွာေတာ့တစ္ခါတေလက်ေတာ့ ပြဲၿပီးတဲ့အေပၚမွာ မေက်နပ္မႈေတြ ၊ဆဲဆိုခံရတယ္ဆိုတာေတြကေတာ့ မဆန္းေတာ့ဘူးေပါ့ေနာ္ ဒီဘက္ေခတ္မွာေတာ့ Facebook ေခတ္ႀကီးဆိုေတာ့ အဲ့ဒါေတြကေတာ့အၿမဲတန္း႐ိွေနမွာပါပဲ ။ ဒါေတြကေတာ့ ခံႏိုင္ရည္႐ိွေအာင္အျမဲတမ္းလုပ္ထားတယ္။ ကိုယ့္ဘက္ကေတာ့အေကာင္းဆံုးျဖစ္ေအာင္လုပ္မယ္ ။ အၿမဲတမ္းပဲ အဆဲမခံရေအာင္လုပ္မယ္ဆိုတာကိုေတာ့ က်ေနာ္တုိ႔မွာမ႐ိွပါဘူး ။ခ်မွတ္ထားတဲ့ မူဝါဒေတြ စည္းမ်ဥ္းေတြ မူေဘာင္ေတြကေတာ့အဲ့ဒီအတိုင္းပဲသြားမွာေပါ့ေနာ္ ။ဒါမွက်ေနာ္တို႔ေနာင္ႏွစ္စဥ္ႏွစ္တိုင္းက်င္းပသြားမယ္ဆိုတဲ့ အခ်ိန္မွာလည္း ဒီအတိုင္းပဲျဖစ္သြားေအာင္လို႔ အဲ့ဒီဟာေလးခ်မွတ္ထားတာေပါ့။

က်ေနာ္တို႔ ဒီStar Awards ဆုေပးပြဲက ဒါပထမဆံုးက်င္းပျဖစ္တာ ျဖစ္တဲ့အတြက္ က်ေနာ္တို႔တေတြမွာ လိုအပ္ခ်က္ေတြလည္းအၿမဲ႐ိွေနဦးမွာပါ ။ေနာက္ႏွစ္မွာလည္းဒီထက္ေကာင္းေအာင္လုပ္ႏိုင္သြားဖို႔အတြက္ လိုအပ္ခ်က္ေတြလည္းထြက္ေပၚလာပါတယ္။ အခုလည္း လိုအပ္တာေတြကိုေကာင္းသထက္ေကာင္းေအာင္စီစဥ္ေနပါတယ္။ အကဲျဖတ္ၾကည့္႐ႈထားတဲ့ဇာတ္ကားေတြအားလံုးကိုလည္း ခ်ိတ္ပိတ္ၿပီးေတာ့ ဥကၠ႒ဆီအပ္လိုက္ၿပီ။ ဒါေတြကိုလည္းအထူးလ်ိဳ႕ဝွက္ထားတယ္။ အဲဒီေန႔မွာေၾကျငာေပးမယ္ ။ဒါေပမယ့္ က်ေနာ္တို႔ေတြအားလံုးက စာနယ္ဇင္းဆရာေတြ မီဒီယာသမားေတြအားလံုးက ဒီအကဲျဖတ္ၾကတဲ့ အခါမွာေဝဖန္အၾကည့္နဲ႔ၾကည့္ထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြစိတ္နဲ႔တစ္ထပ္တည္းျဖစ္ဖို႔ရာမ်ားႏိုင္တယ္ဆိုတဲ့ အတြက္ ပြဲႀကီးၿပီးသြားတဲ့အခါမွာလည္းက်ေနာ္တို႔ေတြအားလံုးေက်နပ္ေပ်ာ္႐ႊင္ရလိမ့္မယ္လို႔ က်ေနာ္တို႔ထင္ပါတယ္။”ဆိုၿပီးေျပာျပသြားပါတယ္။

အႏုပညာ႐ွင္ေတြအကုန္တက္ေရာက္မယ္ထင္လားဆိုတဲ့ေမးခြန္ကိုေတာ့ “ မ်ားေသာအားျဖင့္ေတာ့တက္ေရာက္ၾကမွာပါ။ အစကေတာ့ Volting စနစ္မွာပဲထြက္ၾကတယ္ဆိုၿပီးျဖစ္ၾကတာပါ။ အခုကေတာ့ ခရီးထြက္ရမွာနဲ႔ စီစဥ္ထားတာေတြျဖတ္လို႔မရတဲ့သူေတြကလြဲရင္ေတာ့ က်န္တဲ့အႏုပညာ႐ွင္ေတြကေတာ့ ေပ်ာ္ေပ်ာ္ပါးပါးတတ္ၾကမွာပါ။ Star Awardပြဲမတိုင္ခင္ ဟိုးအရင္ကတည္းက ဒီအင္တာဗ်ဴးေတြStar Award က႐ိုက္ထားတဲ့အခါမွာအႏုပညာ႐ွင္ေတြအားလံုးကလည္း ဆုတစ္ခုထပ္တိုးတဲ့အတြက္ေပ်ာ္႐ႊင္တဲ့အေၾကာင္း ေက်နပ္တဲ့အေၾကာင္း ၊ ဒီမွာ႐ိွသင့္တဲ့အေၾကာင္းေတြကို သူတို႔ေျဖထားတာေတြ႐ိွတယ္။ အေၾကာင္းေၾကာင္းေၾကာင့္မလာျဖစ္ဘူးဆိုရင္ေတာင္မွဒီပြဲကိုေတာ္ေတာ္ေလး စိတ္ဆႏၵ႐ိွၾကပါတယ္” ဆိုၿပီးေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အကယ်ဒမီပွဲကတော့ ဆူဆူညံညံနဲ့အဆုံးသတ်သွားခဲ့ပါပြီ။ ဒီနှစ်မှာတော့ ထူးခြားမှုတစ်ခုအနေနဲ့ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲလို့ခေါ်တဲ့ Star Awards 2018 ဆုပေးပွဲတစ်ခုထပ်တိုးလားခဲ့ပါတယ်။ဒီပွဲရဲ့အစပိုင်းမှာလည်း နည်းနည်းလေး လှုပ်ခတ်သွားတဲ့လှိုင်းလေးတွေရှိတာကိုလည်းသိကြပြီးဖြစ်မှာပါ။ အခုပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ပြပေးချင်တာကတော့ Star Awards ရဲ့အတွင်းရေးမှုး ဦးသာဇော်နဲ့အကုန်သိ နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ Star Award ပွဲဟာဆိုရင်လည်း လာမယ့် ဧပြီလ၅ရက်နေ့မှာ သုဝဏ္ဏဘူမိ Event Park မှာကျင်းပတော့မှာဖြစ်ပါတယ်။

Star Awards နဲ့ပတ်သတ်ပြီးတော့ ဦးသာဇော်က “ ကျနော်တို့ဘက်လိုက်မှုမရှိတရားမျှတမှုနဲ့ရွေးချယ်တဲ့ အပိုင်းမှာတော့တစ်ခါတလေကျတော့ ပွဲပြီးတဲ့အပေါ်မှာ မကျေနပ်မှုတွေ ၊ဆဲဆိုခံရတယ်ဆိုတာတွေကတော့ မဆန်းတော့ဘူးပေါ့နော် ဒီဘက်ခေတ်မှာတော့ Facebook ခေတ်ကြီးဆိုတော့ အဲ့ဒါတွေကတော့အမြဲတန်းရှိနေမှာပါပဲ ။ ဒါတွေကတော့ ခံနိုင်ရည်ရှိအောင်အမြဲတမ်းလုပ်ထားတယ်။ ကိုယ့်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်လုပ်မယ် ။ အမြဲတမ်းပဲ အဆဲမခံရအောင်လုပ်မယ်ဆိုတာကိုတော့ ကျနော်တို့မှာမရှိပါဘူး ။ချမှတ်ထားတဲ့ မူဝါဒတွေ စည်းမျဉ်းတွေ မူဘောင်တွေကတော့အဲ့ဒီအတိုင်းပဲသွားမှာပေါ့နော် ။ဒါမှကျနော်တို့နောင်နှစ်စဉ်နှစ်တိုင်းကျင်းပသွားမယ်ဆိုတဲ့ အချိန်မှာလည်း ဒီအတိုင်းပဲဖြစ်သွားအောင်လို့ အဲ့ဒီဟာလေးချမှတ်ထားတာပေါ့။

ကျနော်တို့ ဒီStar Awards ဆုပေးပွဲက ဒါပထမဆုံးကျင်းပဖြစ်တာ ဖြစ်တဲ့အတွက် ကျနော်တို့တတွေမှာ လိုအပ်ချက်တွေလည်းအမြဲရှိနေဦးမှာပါ ။နောက်နှစ်မှာလည်းဒီထက်ကောင်းအောင်လုပ်နိုင်သွားဖို့အတွက် လိုအပ်ချက်တွေလည်းထွက်ပေါ်လာပါတယ်။ အခုလည်း လိုအပ်တာတွေကိုကောင်းသထက်ကောင်းအောင်စီစဉ်နေပါတယ်။ အကဲဖြတ်ကြည့်ရှုထားတဲ့ဇာတ်ကားတွေအားလုံးကိုလည်း ချိတ်ပိတ်ပြီးတော့ ဥက္ကဋ္ဌဆီအပ်လိုက်ပြီ။ ဒါတွေကိုလည်းအထူးလျို့ဝှက်ထားတယ်။ အဲဒီနေ့မှာကြေငြာပေးမယ် ။ဒါပေမယ့် ကျနော်တို့တွေအားလုံးက စာနယ်ဇင်းဆရာတွေ မီဒီယာသမားတွေအားလုံးက ဒီအကဲဖြတ်ကြတဲ့ အခါမှာဝေဖန်အကြည့်နဲ့ကြည့်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေစိတ်နဲ့တစ်ထပ်တည်းဖြစ်ဖို့ရာများနိုင်တယ်ဆိုတဲ့ အတွက် ပွဲကြီးပြီးသွားတဲ့အခါမှာလည်းကျနော်တို့တွေအားလုံးကျေနပ်ပျော်ရွှင်ရလိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

အနုပညာရှင်တွေအကုန်တက်ရောက်မယ်ထင်လားဆိုတဲ့မေးခွန်ကိုတော့ “ များသောအားဖြင့်တော့တက်ရောက်ကြမှာပါ။ အစကတော့ Volting စနစ်မှာပဲထွက်ကြတယ်ဆိုပြီးဖြစ်ကြတာပါ။ အခုကတော့ ခရီးထွက်ရမှာနဲ့ စီစဉ်ထားတာတွေဖြတ်လို့မရတဲ့သူတွေကလွဲရင်တော့ ကျန်တဲ့အနုပညာရှင်တွေကတော့ ပျော်ပျော်ပါးပါးတတ်ကြမှာပါ။ Star Awardပွဲမတိုင်ခင် ဟိုးအရင်ကတည်းက ဒီအင်တာဗျူးတွေStar Award ကရိုက်ထားတဲ့အခါမှာအနုပညာရှင်တွေအားလုံးကလည်း ဆုတစ်ခုထပ်တိုးတဲ့အတွက်ပျော်ရွှင်တဲ့အကြောင်း ကျေနပ်တဲ့အကြောင်း ၊ ဒီမှာရှိသင့်တဲ့အကြောင်းတွေကို သူတို့ဖြေထားတာတွေရှိတယ်။ အကြောင်းကြောင်းကြောင့်မလာဖြစ်ဘူးဆိုရင်တောင်မှဒီပွဲကိုတော်တော်လေး စိတ်ဆန္ဒရှိကြပါတယ်” ဆိုပြီးပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top