
Credit:Baganthar
#Unicode Version# ဖြင့်ဖတ်ပါ ။
Speed အားဖြည့်အချိုရည်ဗူးကို အသက်၁၈နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊ ကဖင်းနဲ့ ဓာတ်မတည့်သူတွေ သောက်သုံးဖို့မသင့်ပါဘူးတဲ့ ခင်ဗျာ။ တစ်နေ့ကို ၂ ဘူးထက် ပို မသောက်ဖို့ကိုလည်း ဘူးပေါ်မှာ ဖော်ပြ ထားပါတယ် ခင်ဗျာ။
သကြား ပမာဏ အများအပြား ပါဝင်တဲ့ အတွက်ကြောင့် သွေးချို ဆီးချို ဝေဒနာရှင်များလည်း သောက်သုံးဖို့ မသင့်ပါဘူး။ အရင်တုန်းက အခုလို သတိပေး တားမြစ်တဲ့ စာတမ်းတွေ ထည့်သွင်း မဖော်ပြခဲ့ပေမယ့် အခုနောက်ပိုင်း ဖြန့်ဝေတဲ့ ဘူးတွေပေါ်မှာ အထက်ပါ စာတမ်းကို ဖော်ပြ ထားကြောင်း သိရှိရပါတယ် ခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit:Baganthar