ပါဝင္ပစၥည္းမ်ား
စေတာ္ဘယ္ရီသီး
ႏြားႏို႔ ၁၅၀ မီလီလီတာ
အေအးခံထားေသာ ငွက္ေပ်ာသီး တစ္လံုးႏွင့္ တစ္ဝက္
သရက္သီးမွည့္ အနည္းငယ္
အုတ္ဂ်ံဳ ၂၅ ဂရမ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ သစ္သီးမ်ားကို အေနေတာ္ အရြယ္အစားခန္႔ လွီးျဖတ္ထားလိုက္ပါ။
၂။ အေနေတာ္ အတံုးတံုးထားေသာ သစ္သီးမ်ားကို သစ္သီးေဖ်ာ္စက္ထဲထည့္လိုက္ပါ။
၃။ ေဖ်ာ္စက္ထဲသုိ႔ အုတ္ဂ်ံဳႏွင့္ ႏြားႏို႔ ထပ္ထည့္ၿပီး ေဖ်ာ္စက္ကို ေမႊေပးလိုက္ပါ။
၄။ ေမႊၿပီးတဲ့အခါမွာေတာ့ အခုလိုပဲ စားခ်င္စရာေကာင္းတဲ့ စေတာ္ဘယ္ရီ Smoothie ေလး ရ႐ွိလာပါၿပီ။

စေတာ္ဘယ္ရီသီး၊ ဒါမွမဟုတ္ ေျမပဲ၊ ေခ်ာကလက္တို႔ထပ္ထည့္ကာ အလွဆင္ၿပီးေနာက္ အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီ။
မိမိအိမ္မွာ ကိုယ္တိုင္ကိုယ္က် ေဖ်ာ္ေသာက္တာျဖစ္တဲ့အတြက္ ေဆးသၾကားနဲ႔ ဓာတုပစၥည္းမ်ား ပါဝင္မွာကိုေတာ့ လံုးဝစိတ္ခ်ထားလို႔ရပါတယ္။ က်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး အသားအေရလည္း စိုေျပလွပေစတဲ့အျပင္ ပူအိုက္တဲ့ေႏြရာသီအတြက္ အေဖာ္မြန္ေကာင္းလို႔လည္း ယူဆႏိုင္တာေၾကာင့္ တစ္ခ်က္ခုတ္ သံုးခ်က္ျပတ္ပဲေပါ့။ ေဖ်ာ္ရည္ေအးေအးေလးေတြကို ႏွစ္သက္ခံုမင္တဲ့ Foodies ေလးေတြ အႀကိဳက္ေတြ႔မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar
#Unicode Version# ျဖင့္ဖတ္ပါ ။
အခုလို ပူအိုက်တဲ့ရာသီဥတုမှာ စတော်ဘယ်ရီ Smoothie လေးတစ်ခွက် ဖျော်သောက်လိုက်မယ်ဆိုရင်တော့ အပူဒဏ်ကို တစ်ဝက်လောက် လျော့ချပေးလိုက်သလို ခံစားရမှာပဲဖြစ်ပါတယ်။ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရှာဝယ်လို့ရတဲ့အပြင် ပြုလုပ်နည်းကတော့ လွယ်ကူရိုးရှင်းတာကြောင့် မိမိအိမ်မှာ လွယ်လင့်တကူ ဖျော်သောက်လို့ရမှာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
စတော်ဘယ်ရီသီး
နွားနို့ ၁၅၀ မီလီလီတာ
အအေးခံထားသော ငှက်ပျောသီး တစ်လုံးနှင့် တစ်ဝက်
သရက်သီးမှည့် အနည်းငယ်
အုတ်ဂျုံ ၂၅ ဂရမ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ သစ်သီးများကို အနေတော် အရွယ်အစားခန့် လှီးဖြတ်ထားလိုက်ပါ။
၂။ အနေတော် အတုံးတုံးထားသော သစ်သီးများကို သစ်သီးဖျော်စက်ထဲထည့်လိုက်ပါ။
၃။ ဖျော်စက်ထဲသို့ အုတ်ဂျုံနှင့် နွားနို့ ထပ်ထည့်ပြီး ဖျော်စက်ကို မွှေပေးလိုက်ပါ။
၄။ မွှေပြီးတဲ့အခါမှာတော့ အခုလိုပဲ စားချင်စရာကောင်းတဲ့ စတော်ဘယ်ရီ Smoothie လေး ရရှိလာပါပြီ။
စတော်ဘယ်ရီသီး၊ ဒါမှမဟုတ် မြေပဲ၊ ချောကလက်တို့ထပ်ထည့်ကာ အလှဆင်ပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်တာဖြစ်တဲ့အတွက် ဆေးသကြားနဲ့ ဓာတုပစ္စည်းများ ပါဝင်မှာကိုတော့ လုံးဝစိတ်ချထားလို့ရပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အသားအရေလည်း စိုပြေလှပစေတဲ့အပြင် ပူအိုက်တဲ့နွေရာသီအတွက် အဖော်မွန်ကောင်းလို့လည်း ယူဆနိုင်တာကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ်ပဲပေါ့။ ဖျော်ရည်အေးအေးလေးတွေကို နှစ်သက်ခုံမင်တဲ့ Foodies လေးတွေ အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar