ရန္ကုန္ကို စိမ္းလန္းတဲ့ Smart City ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ၿပီးခဲ့တဲ့ သက္တမ္း ၃ ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံပိုင္ သတင္းစာနဲ႔ ေတြ႕ဆံုေမးျမန္းရာမွာ ၀န္ႀကီးခ်ဳပ္က ေျပာသြားတာပါ

ရန္ကုန္ၿမိဳ႕ကို ၿမိဳ႕ျပအေမြအႏွစ္ေတြ ထိန္းသိမ္းကာ စိမ္းလန္းၿပီး ေနခ်င္စဖြယ္ စီးပြားေရးၿမိဳ႕ေတာ္ႀကီးျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုတဲ့ ရည္မွန္းခ်က္ထားၿပီး ေဆာင္႐ြက္ေနတာ ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာပါတယ္။

“ၿမိဳ႕ကိုစိမ္းလန္းေစဖို႔အတြက္ ႀကိဳးပမ္းေနပါတယ္။ ရန္ကုန္ၿမိဳ႕ဟာ ဥယ်ာဥ္ၿမိဳ႕တၿမိဳ႕လို ျဖစ္လာႏိုင္ေအာင္ ျပဳျပင္သြားဖို႔ လိုပါတယ္။ ဒါေၾကာင့္မို႔ ပန္းၿခံေတြကို အမ်ားႀကီး ျပဳျပင္ခဲ့ပါတယ္။ တခ်ိန္က ပန္းၿခံေတြ အေျခအေနနဲ႔ ယခု အေျခအေနေတြကို ၾကည့္မယ္ဆိုရင္ ပန္းၿခံေတြ ေတာ္ေတာ္မ်ားမ်ားက စိမ္းလန္းၿပီး တိုးတက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဝမ္းသာစရာေကာင္းတာက ျပည္သူေတြက ဒီပန္းၿခံေတြကို အသုံးျပဳၿပီး အနားယူ အပန္းေျဖၾကတယ္။ အားကစားလုပ္ၾက တာေတြကို ေတြ႕ျမင္ရတဲ့အတြက္ ဝမ္းသာပါတယ္။ က်ေနာ္တို႔ၿမိဳ႕ကို စိမ္းလန္းတဲ့ၿမိဳ႕တၿမိဳ႕ အျဖစ္ ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ပင္လယ္ကမ္းေျခတေလၽွာက္ ဒီေရေတာေတြ စိုက္ဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒီေရေတာေတြကို ဧကႏွစ္ေသာင္းေက်ာ္ေလာက္ ပ်ိဳးေထာင္သြားဖို႔ ျပင္ဆင္ထား ပါတယ္။”

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ေဟာင္း ဧရိယာေတြကို Smart City ျဖစ္ႏိုင္ေအာင္ လုပ္သြားမွာျဖစ္သလို ဒဂုံေလးၿမိဳ႕နယ္ အပါအ၀င္ ရန္ကုန္ရဲ႕ ၿမိဳ႕သစ္ဧရိယာေတြကို လည္း ဖံြ႕ၿဖိဳးတိုးတက္မႈ ပိုမိုျဖစ္လာႏိုင္ေစဖို႔ ႀကိဳးစားေနတယ္လို႔လည္း ဆိုပါတယ္။

အာရွဖြံ႔ၿဖဳိးေရးဘဏ္ (ေအဒီဘီ) ရဲ႕ ေလ့လာသုံးသပ္ခ်က္အရ ရန္ကုန္ၿမိဳ႕ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အိမ္ရာ စီမံကိန္းေတြ တည္ေဆာက္ဖို႔နဲ႔ ေနစရာ ႏွစ္စဥ္အခန္းေပါင္း တသိန္းေလာက္ ဖန္တီးေပးႏိုင္ဖို႔လိုတယ္၊ ဒါမွသာ ဆယ္စုႏွစ္ တခုအၾကာမွာ ရန္ကုန္ၿမိဳ႕ဟာ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္တဲ့ ၿမိဳ႕ႀကီးအျဖစ္ရပ္တည္ႏိုင္မွာ ျဖစ္တယ္၊ ဒီလိုမဟုတ္ရင္ က်ဴးေက်ာ္ေနထိုင္သူေတြနဲ႔ ၿမိဳ႕ျပႀကီးရဲ႕ တင့္တယ္မႈကို ပ်က္ျပားသြားႏိုင္ၿပီး တရားဥပေဒ စိုးမိုးေရးကိုပါ ထိခိုက္လာႏိုင္စရာရွိပါတယ္လို႔ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ သုံးႏွစ္တာကာလကို ျပန္ၾကည့္လိုက္ရင္ ေက်နပ္စရာေတြ၊ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရတဲ့ အခက္အခဲေတြ မ်ားစြာခဲ့တဲ့အေၾကာင္းနဲ႔ ရန္ကုန္မွာ အဓိက ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြထဲက ေရႀကီးေရလၽွံမႈျပႆနာ၊ ေနာက္ေဖးလမ္းၾကားေတြမွာ အမႈိက္ေတာင္လိုပုံေနတဲ့ျပႆနာေတြကို အထိုက္အေလ်ာက္ေျဖရွင္းေပးခဲ့သလို အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးအတြက္ ဘတ္စ္ကားလိုင္းေတြကို ျပဳျပင္ေျပာင္းလဲခဲ့တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျဖၾကားသြားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB
#Unicode Version#
ရန်ကုန်ကို စိမ်းလန်းတဲ့ Smart City ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သက်တမ်း ၃ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီးချုပ်က ပြောသွားတာပါ

ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းကာ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“မြို့ကိုစိမ်းလန်းစေဖို့အတွက် ကြိုးပမ်းနေပါတယ်။ ရန်ကုန်မြို့ဟာ ဥယျာဉ်မြို့တမြို့လို ဖြစ်လာနိုင်အောင် ပြုပြင်သွားဖို့ လိုပါတယ်။ ဒါကြောင့်မို့ ပန်းခြံတွေကို အများကြီး ပြုပြင်ခဲ့ပါတယ်။ တချိန်က ပန်းခြံတွေ အခြေအနေနဲ့ ယခု အခြေအနေတွေကို ကြည့်မယ်ဆိုရင် ပန်းခြံတွေ တော်တော်များများက စိမ်းလန်းပြီး တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက ပြည်သူတွေက ဒီပန်းခြံတွေကို အသုံးပြုပြီး အနားယူ အပန်းဖြေကြတယ်။ အားကစားလုပ်ကြ တာတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့မြို့ကို စိမ်းလန်းတဲ့မြို့တမြို့ အဖြစ် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပင်လယ်ကမ်းခြေတလျှောက် ဒီရေတောတွေ စိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒီရေတောတွေကို ဧကနှစ်သောင်းကျော်လောက် ပျိုးထောင်သွားဖို့ ပြင်ဆင်ထား ပါတယ်။”

ဒါ့အပြင် ရန်ကုန်မြို့ဟောင်း ဧရိယာတွေကို Smart City ဖြစ်နိုင်အောင် လုပ်သွားမှာဖြစ်သလို ဒဂုံလေးမြို့နယ် အပါအဝင် ရန်ကုန်ရဲ့ မြို့သစ်ဧရိယာတွေကို လည်း ဖွံ့ဖြိုးတိုးတက်မှု ပိုမိုဖြစ်လာနိုင်စေဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ လေ့လာသုံးသပ်ချက်အရ ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ဖို့နဲ့ နေစရာ နှစ်စဉ်အခန်းပေါင်း တသိန်းလောက် ဖန်တီးပေးနိုင်ဖို့လိုတယ်၊ ဒါမှသာ ဆယ်စုနှစ် တခုအကြာမှာ ရန်ကုန်မြို့ဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ မြို့ကြီးအဖြစ်ရပ်တည်နိုင်မှာ ဖြစ်တယ်၊ ဒီလိုမဟုတ်ရင် ကျူးကျော်နေထိုင်သူတွေနဲ့ မြို့ပြကြီးရဲ့ တင့်တယ်မှုကို ပျက်ပြားသွားနိုင်ပြီး တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာနိုင်စရာရှိပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာကာလကို ပြန်ကြည့်လိုက်ရင် ကျေနပ်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များစွာခဲ့တဲ့အကြောင်းနဲ့ ရန်ကုန်မှာ အဓိက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက ရေကြီးရေလျှံမှုပြဿနာ၊ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တောင်လိုပုံနေတဲ့ပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းပေးခဲ့သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားလိုင်းတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖြေကြားသွားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top