
Selena ရဲ႕ ငယ္ဘဝဟာ ျပီးျပည့္စံုလွပတဲ့ နတ္သမီးပံုျပင္တစ္ပုဒ္ျဖစ္ခဲ့တာေတာ့မဟုတ္ပါဘူး။ Selena တို႔မိသားစုဟာ ရုန္းကန္ခဲ့ရတဲ့ အခ်ိန္ေတြလည္းမ်ားသလုိ အေမွာင္မိုက္ဆံုးအခ်ိ္န္ေတြမွာေတာင္မွ Selena က လင္းလက္ေတာက္ပစြာျပံဳးဖို႔မေမ့ေလ်ာ့ခဲ့ပါဘူး။ အနိမ့္အျမင့္အတက္အက်ေတြမ်ားတဲ့ဘဝေၾကာင့္ Selena ဟာ အခ်ိ္န္မ်ားစြာစိတ္က်ေရာဂါေတြ၊ စုိးရိ္မ္ပူပန္ထိတ္လန္႔စိတ္ေတြမ်ားေနခဲ့ျပီး စိတ္ေရာဂါကုသေဆြးေႏြးမႈေတြလည္းခဏခဏလုပ္ခဲ့ရပါတယ္။ ဒါေပမယ့္ Selena နဲ႔ ဆယ္နွစ္ေက်ာ္ၾကာေအာင္ခ်စ္ခဲ့တဲ့ Justin Bieber က Selena ကုိ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေဖးမကူညီခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ စိတ္က်ေရာဂါေတြကေန နာလန္ထစျဖစ္တဲ့ Selena က သူ႔ရဲ႕ Album အသစ္အတြက္ အာရံုစိုက္ေနျပီး ေပ်ာ္ရႊင္ေအးခ်မ္းစြာေနေနပါတယ္။ Selena ဟာ သူ႔ရဲ႕ Production Company ျဖစ္တဲ့ July Moon Production ကေန Thirteen Reasons Why Season- 3 ထြက္ရွိလာဖို႔အတြက္လည္းအလုပ္ေတြဇယ္ဆက္သလုိလုပ္ေနခဲ့တယ္လို႔သိရပါတယ္။
ေနာက္ျပီး Selena နဲ႔ လက္တြဲေနတဲ့ Coach လို Adidas လို Brand ေတြအတြက္လည္း ေၾကာ္ျငာေတြရုိက္ေပးေနေသးတယ္လို႔သိရပါတယ္။ Selena ဟာ ငယ္ငယ္ကတည္းက ေတာက္ေလွ်ာက္ခ်စ္ဖို႔ေကာင္းခဲ့တယ္ဆိုတာေတာ့ ျငင္းစရာရွိမယ္မထင္ပါဘူး။ မၾကာေသးမီက အြန္လိုင္းေပၚမွာ ပ်ံ႕နွံ႕လာတဲ့ Selena ရဲ႕ ငယ္ဘဝဓာတ္ပံုလးေတြကုိ ျမင္ျပီးေနာက္မွာေတာ့ ပရိသတ္ေတြက ဒီေလာက္ခ်စ္ဖို႔ေကာင္းျပီးထက္ျမက္တဲ့မိန္းကေလးကို လက္လြတ္ခံလိုက္တယ္ဆိုျပီး Justin ကုိ ေဝဖန္ေနၾကပါတယ္။ Selena ကုိခ်စ္တဲ့ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ Selena ရဲ႕ ငယ္ဘဝဓာတ္ပံုေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
#Unicode Version# ျဖင့္ဖတ္ပါ ။
Selena Marie Gomez ဟာ အသက်လေးနှစ်လောက်ကတည်းက ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ဖို့ကြိုးစားခဲ့သူဖြစ်ပြီး Disney ရဲ့ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ငယ်ငယ်လေးကတည်းက ကမ္ဘာကျော်ခဲ့သူပါ။ ဆယ်ကျော်သက်ဘဝရောက်တဲ့အခါမှာလည်း အသက်ဆယ့်ရှစ်နှစ်နဲ့ Unicef Ambassador ခန့်အပ်ခံခဲ့ရသလို အသက်ဆယ့်ကိုးနှစ်မှာ ကိုယ်ပိုင် Clothing Line ထုတ်ထားတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်နေပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်ရပ်တည်နေသလို တစ်ကမ္ဘာလုံးကအားပေးတဲ့ အဆိုတော်တစ်ဦးပါဖြစ်နေပါပြီ။ အဲဒီလို အဖက်ဖက်မှာအရည်အချင်းရှိပြီအောင်မြင်တဲ့ Selena ဟာ သူ့ရဲ့ ကျောင်းပညာရေးကိုလည်း လက်မလျှော့ခဲ့ပဲ တစိုက်မတ်မတ်ကြိုးစားခဲ့ပါသေးတယ်။
Selena ရဲ့ ငယ်ဘဝဟာ ပြီးပြည့်စုံလှပတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ Selena တို့မိသားစုဟာ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေလည်းများသလို အမှောင်မိုက်ဆုံးအချိန်တွေမှာတောင်မှ Selena က လင်းလက်တောက်ပစွာပြုံးဖို့မမေ့လျော့ခဲ့ပါဘူး။ အနိမ့်အမြင့်အတက်အကျတွေများတဲ့ဘဝကြောင့် Selena ဟာ အချိန်များစွာစိတ်ကျရောဂါတွေ၊ စိုးရိမ်ပူပန်ထိတ်လန့်စိတ်တွေများနေခဲ့ပြီး စိတ်ရောဂါကုသဆွေးနွေးမှုတွေလည်းခဏခဏလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် Selena နဲ့ ဆယ်နှစ်ကျော်ကြာအောင်ချစ်ခဲ့တဲ့ Justin Bieber က Selena ကို အချိန်တော်တော်များများမှာ ဖေးမကူညီခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စိတ်ကျရောဂါတွေကနေ နာလန်ထစဖြစ်တဲ့ Selena က သူ့ရဲ့ Album အသစ်အတွက် အာရုံစိုက်နေပြီး ပျော်ရွှင်အေးချမ်းစွာနေနေပါတယ်။ Selena ဟာ သူ့ရဲ့ Production Company ဖြစ်တဲ့ July Moon Production ကနေ Thirteen Reasons Why Season- 3 ထွက်ရှိလာဖို့အတွက်လည်းအလုပ်တွေဇယ်ဆက်သလိုလုပ်နေခဲ့တယ်လို့သိရပါတယ်။
နောက်ပြီး Selena နဲ့ လက်တွဲနေတဲ့ Coach လို Adidas လို Brand တွေအတွက်လည်း ကြော်ငြာတွေရိုက်ပေးနေသေးတယ်လို့သိရပါတယ်။ Selena ဟာ ငယ်ငယ်ကတည်းက တောက်လျှောက်ချစ်ဖို့ကောင်းခဲ့တယ်ဆိုတာတော့ ငြင်းစရာရှိမယ်မထင်ပါဘူး။ မကြာသေးမီက အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ Selena ရဲ့ ငယ်ဘဝဓာတ်ပုံလးတွေကို မြင်ပြီးနောက်မှာတော့ ပရိသတ်တွေက ဒီလောက်ချစ်ဖို့ကောင်းပြီးထက်မြက်တဲ့မိန်းကလေးကို လက်လွတ်ခံလိုက်တယ်ဆိုပြီး Justin ကို ဝေဖန်နေကြပါတယ်။ Selena ကိုချစ်တဲ့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Selena ရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi