20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 Selena Gomez ဟာ ငယ္ငယ္ကတည္းက Disney ရဲ႕ ကေလးသရုပ္ေဆာင္တစ္ဦးျဖစ္ခဲ့ျပီး ပရိသတ္အားေပးမႈရရွိထားတဲ့မင္းသမီးတစ္လက္ပါ။ ကေလးသရုပ္ေဆာင္ျဖစ္စဥ္ကေရာ ဆယ္ေက်ာ္သက္အရြယ္မွာ ရုိက္ထားတဲ့ရုပ္ရွင္ေတြမွာေရာ Selena ဟာ ခမ္းနားတဲ့ေအာင္ျမင္မႈေတြရရွိခဲ့ျပီး အဆိုေတာ္မျဖစ္ခင္ကတည္းက မင္းသမီးအျဖစ္ေအာင္ျမင္ျပီးသားလို႔ဆိုနုိင္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ Selena ဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ Unicef ရဲ႕ Ambassador အျဖစ္ခန္႔အပ္ခံခဲ့ရသလို လူၾကီးမျဖစ္တတ္ခင္အရြယ္ကတည္းက Selena နဲ႔မွအလုပ္လုပ္ခ်င္ပါတယ္ဆိုတဲ့ ကမၻာေက်ာ္ Brand ေတြက တန္းစီေနခဲ့တာပါ။

ရုပ္ရွင္ေတြဆိုရင္လည္း Selena နာမည္တစ္စြန္းတစ္စပါတာနဲ႔ ေအာင္ျမင္ျပီးသားလို႔ဆိုနုိင္သလို Selena က လြန္ခဲ့တဲ့ဆယ္နွစ္ေလာက္ကတည္းက ကုိယ္ပုိင္ Clothing Line ထြက္ထားတဲ့ ဒီဇိုင္နာတစ္ဦးလည္းျဖစ္ပါတယ္။ Selena က အခုဆိုရင္ ရုပ္ရွင္ေလာကထဲကုိျပန္ဝင္ေရာက္လာျပီျဖစ္ျပီး ဖုတ္ေကာင္ရုပ္ရွင္တစ္ခုမွာပါဝင္သရုပ္ေဆာင္ထားပါတယ္။

Selena ပါဝင္သရုပ္ေဆာင္ထားတဲ့ကားက The Death Don’t Die ျဖစ္ပါတယ္။ အဲဒီကားဟာ ဖုတ္ေကာင္ေတြဝင္ေရာက္ပ်ံ႕နွံ႕လာတဲ့ နယ္ျမိဳ႕ေလးတစ္ျမိဳ႕အေၾကာင္းျဖစ္ျပီး Selena ကေတာ့ ကုိယ့္ျမိဳ႕ကေလးအတြက္စိုးရိမ္ထိတ္လန္႔ေနတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးအျဖစ္ပါဝင္သရုပ္ေဆာင္ထားတာပါ။ ရုပ္ရွင္ထဲမွာ ထိတ္လန္႔ေျခာက္ျခားဖြယ္အခန္းေတြေတာ္ေတာ္မ်ားမ်ားလည္းပါဝင္သလုိ ဟာသအခန္းေလးေတြလည္းပါဝင္တဲ့အတြက္ ၾကည့္လို႔ေကာင္းမယ့္ ရုပ္ရွင္တစ္ကားလို႔ ပရိသတ္ေတြက ခန္႔မွန္းေနၾကပါတယ္။ တစ္ကမၻာလံုးက ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ Selena ပါတယ္ဆိုတာနဲ႔အားေပးၾကည့္ရႈ႕ဖို႔အဆင္သင့္ျဖစ္ေနၾကပါျပီ။

June လ 14 ရက္မွာ ရံုတင္ျပသေတာ့မယ့္The Death Don’t Die ဇာတ္ကားရဲ႕ Trailer ဟာ မၾကာေသးမီရက္ပုိင္းကပဲထြက္ရွိလာျပီျဖစ္ျပီး တစ္ခဏအတြင္းကမၻာအနံွံ႕ကုိပ်႕ံနွံ႕သြားခဲ့ပါတယ္။ Selena ကလည္းသူ႔ရဲ႕ Instagram မွာ The Death Don’t Die poster ေလးတင္ထားျပီး ပရိသတ္ေတြကုိ အသိေပးထားခဲ့ပါေသးတယ္။ Selena က The Death Don’t Die အျပင္ The Voyage of Doctor Dolittle ရုပ္ရွင္မွာလည္းအသံသရုပ္ေဆာင္အျဖစ္ပါဝင္ထားပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ The Death Don’t Die Trailer ကုိ ထည့္သြင္းေဖာ္ျပေပးလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

Selena Gomez ဟာ ငယ်ငယ်ကတည်းက Disney ရဲ့ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ ကလေးသရုပ်ဆောင်ဖြစ်စဉ်ကရော ဆယ်ကျော်သက်အရွယ်မှာ ရိုက်ထားတဲ့ရုပ်ရှင်တွေမှာရော Selena ဟာ ခမ်းနားတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီး အဆိုတော်မဖြစ်ခင်ကတည်းက မင်းသမီးအဖြစ်အောင်မြင်ပြီးသားလို့ဆိုနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Selena ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ Unicef ရဲ့ Ambassador အဖြစ်ခန့်အပ်ခံခဲ့ရသလို လူကြီးမဖြစ်တတ်ခင်အရွယ်ကတည်းက Selena နဲ့မှအလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ ကမ္ဘာကျော် Brand တွေက တန်းစီနေခဲ့တာပါ။

ရုပ်ရှင်တွေဆိုရင်လည်း Selena နာမည်တစ်စွန်းတစ်စပါတာနဲ့ အောင်မြင်ပြီးသားလို့ဆိုနိုင်သလို Selena က လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ကိုယ်ပိုင် Clothing Line ထွက်ထားတဲ့ ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။ Selena က အခုဆိုရင် ရုပ်ရှင်လောကထဲကိုပြန်ဝင်ရောက်လာပြီဖြစ်ပြီး ဖုတ်ကောင်ရုပ်ရှင်တစ်ခုမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

Selena ပါဝင်သရုပ်ဆောင်ထားတဲ့ကားက The Death Don’t Die ဖြစ်ပါတယ်။ အဲဒီကားဟာ ဖုတ်ကောင်တွေဝင်ရောက်ပျံ့နှံ့လာတဲ့ နယ်မြို့လေးတစ်မြို့အကြောင်းဖြစ်ပြီး Selena ကတော့ ကိုယ့်မြို့ကလေးအတွက်စိုးရိမ်ထိတ်လန့်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ ရုပ်ရှင်ထဲမှာ ထိတ်လန့်ခြောက်ခြားဖွယ်အခန်းတွေတော်တော်များများလည်းပါဝင်သလို ဟာသအခန်းလေးတွေလည်းပါဝင်တဲ့အတွက် ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ကားလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တော်တော်များများကတော့ Selena ပါတယ်ဆိုတာနဲ့အားပေးကြည့်ရှု့ဖို့အဆင်သင့်ဖြစ်နေကြပါပြီ။

June လ 14 ရက်မှာ ရုံတင်ပြသတော့မယ့်The Death Don’t Die ဇာတ်ကားရဲ့ Trailer ဟာ မကြာသေးမီရက်ပိုင်းကပဲထွက်ရှိလာပြီဖြစ်ပြီး တစ်ခဏအတွင်းကမ္ဘာအနံှံ့ကိုပျံ့နှံ့သွားခဲ့ပါတယ်။ Selena ကလည်းသူ့ရဲ့ Instagram မှာ The Death Don’t Die poster လေးတင်ထားပြီး ပရိသတ်တွေကို အသိပေးထားခဲ့ပါသေးတယ်။ Selena က The Death Don’t Die အပြင် The Voyage of Doctor Dolittle ရုပ်ရှင်မှာလည်းအသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် The Death Don’t Die Trailer ကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top