ေနတအားပူေတာ့ အျပင္သြားလိုက္တဲ့အခါ အသားအေရလည္းပ်က္စီးရျပီေပါ့။ အသားမမည္းခ်င္လို႔ ေနေလာင္ကာခရင္မ္ေတြ လိမ္းလည္း အသားကညစ္ေနတယ္ဆို တစ္ပတ္တစ္ၾကိမ္ေတာ့ ဆဲလ္ေသဖယ္ရွားတဲ့ scrub လုပ္ေပးေပါ့။

ဒါလည္း အသားအေရထိန္းခ်င္တဲ့ သူေတြအတြက္ မလုပ္မျဖစ္တဲ့အဆင့္တစ္ခုပဲေလ။ ဒါေပမယ့္မၾကာခဏမလုပ္ခ်င္ဘူး၊ တစ္ခါတေလပဲသံုးမွာမို႔ ေစ်းၾကီးေပးမဝယ္ခ်င္ဘူးဆိုတဲ့သူေတြအတြက္ အလြယ္ဖန္တီးလို႔ရျပီးေဘးကင္းတဲ့ ကိုယ္တိုင္လုပ္ srcub ေလးေတြအေၾကာင္း ေျပာျပခ်င္လို႔။

သၾကားဆိုတာ အစားအေသာက္ထဲ ပါဝင္ပစၥည္းအျဖစ္နဲ႔အသံုးမ်ားေပမယ့္ အသားအေရ အတြက္လည္း အရမ္းအက်ိဳးျပဳတယ္ဆိုတာ သိတဲ့သူေတြ သိၾကပါတယ္။ သၾကား scrub သာဆို အေရျပားဆဲလ္ေသေတြကိုဖယ္ရွားတဲ့ေနရာမွာ သိပ္အစြမ္းထက္တယ္ေနာ္။ ေနာက္ျပီးရင္ေတာ့ အစိုဓာတ္ျပန္ထိန္းဖို႔ moisturizer သံုးဖို႔ လိုအပ္တယ္ေနာ္။

ပ်ားရည္သံပရာသၾကား Scrub

ပ်ားရည္္နဲ႔သံပရာက အသားအေရကို လင္းလက္ေစတယ္၊အစိုဓာတ္ထိန္းတယ္၊ အသားအေရက်န္းမာေစတယ္။ ပ်ားရည္ ၃ ဇြန္း၊သံပရာရည္ ၂ ဇြန္း၊ သၾကား ၂ ဇြန္းပဲ လိုပါတယ္။ သည္သံုးမ်ိဳးကို မ်က္နွာနဲ႔ခႏၶာကိုယ္မွာ စက္ဝိုင္းပံုသ႑ာန္ အသာအယာပြတ္လိမ္းပါ။ ၁၀ မိနစ္ေနရင္ ေရခ်ိဳးပါ။ တစ္ပတ္ ၃ ၾကိမ္လုပ္လို႔ရပါတယ္။

Almond Oil နဲ႔ သၾကား Scrub

Almond oil က ဗီတာမင္စီၾကြယ္ဝလို႔ အေရျပားတစ္ရွဴးအသစ္ေတြ ျပန္လည္ျဖစ္ေပၚဖို႔ အေထာက္အကူေပးတဲ့အတြက္ အသားအေရအသစ္တဖန္ျပန္လည္ေမြးဖြားနိုင္ပါလိမ့္မယ္။
သၾကားတစ္ဇြန္း၊ almond oil ႏွစ္ဇြန္းကို ေရာထည့္ျပီးေမႊပါ။ မ်က္ႏွာနဲ႔ခႏၶာကိုယ္မွာ ညင္သာစြာ Scrub လုပ္ပါ။ ေရေအးနဲ႔ေဆးခ်ပါ။ တစ္ပတ္ တစ္ၾကိမ္နဲ႔ သံုးပတ္ဆက္တိုက္လုပ္လို႔ရပါတယ္။

ငွက္ေပ်ာသီးနဲ႔သၾကား Scrub

ငွက္ေပ်ာသီးက ေရဓာတ္ျဖည့္ေပးျပီး အစိုဓာတ္ထိန္းတဲ့သတၱိရွိပါတယ္။ ဗီတာမင္ေအ၊ဘီ၊စီနဲ႔ တျခားသတၱဳဓာတ္ေတြလည္းပါဝင္ပါတယ္။  ငွက္ေပ်ာသီးတစ္လံုးကို လွီးျပီးေခ်ပါ။ သၾကား ႏွစ္ဇြန္းထည့္ျပီး အႏွစ္ျဖစ္ေအာင္ ၾကိတ္ေခ်ပါ။မ်က္ႏွာနဲ႔အသားအေရမွာ Scrub လုပ္ျပီး ငါးမိနစ္ေနရင္ ေရခ်ိဳးလိုက္ပါ။ တစ္ပတ္ႏွစ္ၾကိ္မ္လုပ္လို႔ရပါတယ္။

အုန္းဆီနဲ႔ သၾကား Scrub

အုန္းဆီဆိုေပမယ့္ ဆံပင္လိမ္းတဲ့အုန္းဆီေတြမဟုတ္ဘူးေနာ္။ အသားအေရမွာသံုးဖို႔ထုတ္တဲ့ Pure extra virgin coconut oil ကိုသံုးရမွာပါ။ အသားအေရကို ေခ်ာေမြ႔နူးညံ့ေစတဲ့အုန္းဆီ သံုးဇြန္းရယ္၊ ပ်ားရည္ႏွစ္ဇြန္း၊သၾကားသံုးဇြန္းေရာေမႊပါ။ မ်က္ႏွာနဲ႔ခႏၶာကိုယ္မွာ ပြတ္လိမ္းျပီး ခဏေနရင္ ေရခ်ိဳးခ်လိုက္ပါ။

ဒိန္ခ်ဥ္နဲ႔သၾကား Scrub

ဒိန္ခ်ဥ္က အေရျပားအမည္းစက္ေတြကိုေပ်ာက္ေစျပီး ဘက္တီးရီးယားေတြကိုေသေစတယ္၊ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားနုိင္ပါတယ္။ ဘာအရသာမွမထည့္ရေသးတဲ့ ဒိန္ခ်ဥ္ခြက္တစ္ဝက္ကို သၾကားႏွစ္ဇြန္းနဲ႔ေရာေမႊပါ။ မ်က္ႏွာနဲ႔ခႏၶာကိုယ္မွာ စက္ဝိုင္းပံုသ႑ာန္ လိမ္းျပီးေရခ်ိဳးလိုက္ပါ

ေကာ္ဖီနဲ႔သၾကား Scrub

ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က ဓာတ္တိုးဆန္႔က်င္အစြမ္းသတၱိကိုလုပ္ေဆာင္ေပးျပီး အသားဝင္းေစပါတယ္။ ေကာ္ဖီမႈန္႕ ေရေႏြးပန္းကန္လံုးတစ္ဝက္၊သၾကားတစ္ဝက္နဲ႔ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ တစ္ဇြန္းကို ေရာေမႊပါ။ အသားအေရဝင္းလက္ျဖဴစင္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


နေတအားပူတော့ အပြင်သွားလိုက်တဲ့အခါ အသားအရေလည်းပျက်စီးရပြီပေါ့။ အသားမမည်းချင်လို့ နေလောင်ကာခရင်မ်တွေ လိမ်းလည်း အသားကညစ်နေတယ်ဆို တစ်ပတ်တစ်ကြိမ်တော့ ဆဲလ်သေဖယ်ရှားတဲ့ scrub လုပ်ပေးပေါ့။

ဒါလည်း အသားအရေထိန်းချင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့အဆင့်တစ်ခုပဲလေ။ ဒါပေမယ့်မကြာခဏမလုပ်ချင်ဘူး၊ တစ်ခါတလေပဲသုံးမှာမို့ ဈေးကြီးပေးမဝယ်ချင်ဘူးဆိုတဲ့သူတွေအတွက် အလွယ်ဖန်တီးလို့ရပြီးဘေးကင်းတဲ့ ကိုယ်တိုင်လုပ် srcub လေးတွေအကြောင်း ပြောပြချင်လို့။

သကြားဆိုတာ အစားအသောက်ထဲ ပါဝင်ပစ္စည်းအဖြစ်နဲ့အသုံးများပေမယ့် အသားအရေ အတွက်လည်း အရမ်းအကျိုးပြုတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ သကြား scrub သာဆို အရေပြားဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ သိပ်အစွမ်းထက်တယ်နော်။ နောက်ပြီးရင်တော့ အစိုဓာတ်ပြန်ထိန်းဖို့ moisturizer သုံးဖို့ လိုအပ်တယ်နော်။

ပျားရည်သံပရာသကြား Scrub

ပျားရည်နဲ့သံပရာက အသားအရေကို လင်းလက်စေတယ်၊အစိုဓာတ်ထိန်းတယ်၊ အသားအရေကျန်းမာစေတယ်။ ပျားရည် ၃ ဇွန်း၊သံပရာရည် ၂ ဇွန်း၊ သကြား ၂ ဇွန်းပဲ လိုပါတယ်။ သည်သုံးမျိုးကို မျက်နှာနဲ့ခန္ဓာကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာပွတ်လိမ်းပါ။ ၁၀ မိနစ်နေရင် ရေချိုးပါ။ တစ်ပတ် ၃ ကြိမ်လုပ်လို့ရပါတယ်။

Almond Oil နဲ့ သကြား Scrub

Almond oil က ဗီတာမင်စီကြွယ်ဝလို့ အရေပြားတစ်ရှူးအသစ်တွေ ပြန်လည်ဖြစ်ပေါ်ဖို့ အထောက်အကူပေးတဲ့အတွက် အသားအရေအသစ်တဖန်ပြန်လည်မွေးဖွားနိုင်ပါလိမ့်မယ်။
သကြားတစ်ဇွန်း၊ almond oil နှစ်ဇွန်းကို ရောထည့်ပြီးမွှေပါ။ မျက်နှာနဲ့ခန္ဓာကိုယ်မှာ ညင်သာစွာ Scrub လုပ်ပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ် တစ်ကြိမ်နဲ့ သုံးပတ်ဆက်တိုက်လုပ်လို့ရပါတယ်။

ငှက်ပျောသီးနဲ့သကြား Scrub

ငှက်ပျောသီးက ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ထိန်းတဲ့သတ္တိရှိပါတယ်။ ဗီတာမင်အေ၊ဘီ၊စီနဲ့ တခြားသတ္တုဓာတ်တွေလည်းပါဝင်ပါတယ်။  ငှက်ပျောသီးတစ်လုံးကို လှီးပြီးချေပါ။ သကြား နှစ်ဇွန်းထည့်ပြီး အနှစ်ဖြစ်အောင် ကြိတ်ချေပါ။မျက်နှာနဲ့အသားအရေမှာ Scrub လုပ်ပြီး ငါးမိနစ်နေရင် ရေချိုးလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။

အုန်းဆီနဲ့ သကြား Scrub

အုန်းဆီဆိုပေမယ့် ဆံပင်လိမ်းတဲ့အုန်းဆီတွေမဟုတ်ဘူးနော်။ အသားအရေမှာသုံးဖို့ထုတ်တဲ့ Pure extra virgin coconut oil ကိုသုံးရမှာပါ။ အသားအရေကို ချောမွေ့နူးညံ့စေတဲ့အုန်းဆီ သုံးဇွန်းရယ်၊ ပျားရည်နှစ်ဇွန်း၊သကြားသုံးဇွန်းရောမွှေပါ။ မျက်နှာနဲ့ခန္ဓာကိုယ်မှာ ပွတ်လိမ်းပြီး ခဏနေရင် ရေချိုးချလိုက်ပါ။

ဒိန်ချဉ်နဲ့သကြား Scrub

ဒိန်ချဉ်က အရေပြားအမည်းစက်တွေကိုပျောက်စေပြီး ဘက်တီးရီးယားတွေကိုသေစေတယ်၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။ ဘာအရသာမှမထည့်ရသေးတဲ့ ဒိန်ချဉ်ခွက်တစ်ဝက်ကို သကြားနှစ်ဇွန်းနဲ့ရောမွှေပါ။ မျက်နှာနဲ့ခန္ဓာကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပြီးရေချိုးလိုက်ပါ

ကော်ဖီနဲ့သကြား Scrub

ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိကိုလုပ်ဆောင်ပေးပြီး အသားဝင်းစေပါတယ်။ ကော်ဖီမှုန့် ရေနွေးပန်းကန်လုံးတစ်ဝက်၊သကြားတစ်ဝက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်ဇွန်းကို ရောမွှေပါ။ အသားအရေဝင်းလက်ဖြူစင်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top