႐ုရွႏုိင္ငံရဲ႕ သမုဒၵရာ ဘက္စုံသုံး လက္နက္စနစ္ ပိုဆုိက္ဒြန္ Poseidon မွာဆိုရင္ ေမာင္းသူမဲ့ ေရေအာက္သြားယာဥ္ UUV ပါရွိၿပီး ဒီယာဥ္ဟာ ဘယ္လိုရန္သူ႔ကာကြယ္ေရးစနစ္မ်ဳိးကိုမဆို ကိုယ္တုိင္ေရွာင္ကြင္းသြားလာႏိုင္တယ္လို႔ ႐ုရွစစ္္သတင္းရင္းျမစ္က TASS သတင္းဌာနကို တနဂၤေႏြေန႔က ေျပာပါတယ္။

“ပစ္မွတ္ဆီ သြားရာလမ္းေၾကာင္းမွာ လက္နက္စနစ္ရဲ႕ အလိုအေလ်ာက္ လည္ပတ္စနစ္ေၾကာင့္ ဘယ္လို ေရငုပ္သေဘၤာ အတားအဆီးမ်ဳိး၊ အျခားေသာ ရန္သူကာကြယ္ေရးစနစ္မ်ဳိးကိုမဆို ပိုက္ဆုိက္ဒြန္ဟာ ေရွာင္ကြင္းေက်ာ္လႊားသြားႏိုင္မွာ ျဖစ္ပါတယ္။”လို႔ ယင္းသတင္းရင္းျမစ္က ဆိုပါတယ္။

အဲဒီ ပိုဆုိက္ဒြန္က UUV ယာဥ္ဟာ ေရေအာက္ တစ္ကီလိုမီတာေက်ာ္ အနက္ထိမွာ လည္ပတ္ႏိုင္ၿပီး နည္းပညာသစ္အရ တစ္နာရီ ကီလိုမီတာ ၂၀၀ အလ်င္ႏႈန္းနဲ႔ သြားလာႏိုင္ပါတယ္။ “ယာဥ္ပါ ေထာက္လွမ္းေရးစနစ္နဲ႔ သြင္ျပင္၀ိေသသေတြဟာ လုံၿခံဳေရး စိတ္ခ်ရၿပီး ပစ္မွတ္ေတြကို ဖ်က္ဆီးပစ္ဖို႔ အာမခံ က်ိန္းေသေစပါတယ္။”လို႔ စစ္သတင္းရင္းျမစ္က ဆိုပါတယ္။

ဘက္ေပါင္းစုံသုံး ပိုဆုိက္ဒြန္ စနစ္မွာ အထူးသုံး ႏ်ဴကလီးယားေရငုပ္သေဘၤာ၊ ေမာင္းသူမဲ့ေရေအာက္သြားယာဥ္နဲ႔ ဖ်က္အားျပင္း ေတာ္ပီဒုိဒုံးေတြ ပါ၀င္ေနပါတယ္။ “ဒီစနစ္က UUV ယာဥ္ဟာ မဟာဗ်ဴဟာလုပ္ငန္းတြက္ သက္သက္ မဟုတ္ဘဲ ဖ်က္ဆီးေရးအတြက္ ျဖစ္ပါတယ္။ ဥပမာ ရန္သူ႔ ေလယာဥ္တင္သေဘၤာအုပ္စုကို ဖ်က္္ဆီးပစ္ဖို႔ပါ။”လုိ႔ အဆိုပါ စစ္သတင္းရင္းျမစ္က ဆိုပါတယ္။

ဒီသတင္းရင္းျမစ္ရဲ႕ တရား၀င္ ေျပာဆိုသတင္းေပးခ်က္ေတြကို TASS အေနနဲ႔ေတာ့ အတည္ျပဳႏုိင္ေသးျခင္း မရွိပါ။ ႐ုရွသမၼတ ဗလာဒီမာပူတင္ဟာ မဟာဗ်ဴဟာ ေမာင္းသူမဲ့ေရေအာက္သြားယဥ္ ပိုဆိုက္ဒြန္ကို စမ္းသပ္တဲ့ အဓိကအဆင့္ ၿပီးစီးၿပီလို႔ စေနေန႔က ေၾကညာထားပါတယ္။



ပိုဆိုက္ဒြန္လက္နက္စနစ္ကို ႐ုရွရဲ႕ ကုဒ္အမည္က Status-6 ျဖစ္ၿပီး ေနတိုးကေတာ့ ကုဒ္အမည္ေပးထားတာက Kanyon လို႔ ျဖစ္ပါတယ္။ ႐ုရွမွာ အမ်ားသေဘာနဲ႔႔ မဲေပးၿပီးေနာက္မွာ ဂရိနတ္ဘုရားေတြထဲက ပင္လယ္သမုဒၵရာကို အစိုးရတဲ့ ပိုဆိုက္ဒြန္နတ္ဘုရားရဲ႕ အမည္ကိုယူၿပီး ႐ုရွကာကြယ္ေရး ၀န္ႀကီးဌာနက ပိုဆိုက္ဒြန္လို႔ တရား၀င္ နာမည္ေပးထားတာ ျဖစ္ပါတယ္။

ပိုဆိုက္ဒြန္လက္နက္စနစ္မွာဆုိရင္ ႏ်ဴကလီးယားစြမ္းအင္သုံး UUV ယာဥ္ပါရွိၿပီး ဒီယာဥ္္ဟာ သမ႐ုိးက်ဒုံးထိပ္ဖူးေတြနဲ႔ ႏ်ဴကလီးယားဒုံးထိပ္ဖူးေတြကို တင္ေဆာင္ေပးပို႔ႏုိင္စြမ္းပါတယ္။ ရန္သူေရတပ္ ဆိပ္ကမ္းေတြနဲ႔ ကမ္း႐ိုးတန္္းၿမိဳ႕ေတြကို တိုက္ခိုက္ႏိုင္မယ့္ မီဂါတန္ ၁၀၀ ရွိတဲ့ thermonuclear cobalt ဗုံးကို ေစလႊတ္ႏိုင္မွာ ျဖစ္ပါတယ္။

၂၀၁၈ က အေမရိကန္ ႏ်ဴကလီးယားရပ္တည္ခ်က္သုံးသပ္အစီရင္ခံစာမွာ ႐ုရွႏိုင္ငံဟာ တိုက္ခ်င္းပစ္ႏိုင္ေသာ၊ ႏ်ဴကလီးယားလက္နက္ျဖစ္ေသာ၊ ႏ်ဴကလီးယားစြမ္းအင္သုံး ပင္လယ္ေရေအာက္ ကိုယ္ပိုင္သြားလာစြမ္းနဲ႔ ေတာ္ပီဒိုကို တည္ေဆာက္ထုတ္္္လုပ္လ်က္ရွိတယ္္လို႔ ေဖာ္ျပထားပါတယ္။

ဒီ ပိုဆုိက္ဒြန္္လက္နက္စနစ္ကို ေရဒီယိုသတိၱၾကြအုိက္ဆိုတုပ္ေတြနဲ႔အတူ ရန္သူကမ္း႐ိုးတန္း တစ္နံတစ္္လ်ားကို ညစ္ညမ္းမႈျဖစ္ေအာင္ တိုက္စားပစ္မယ့္ အျမင့္ ေပ ၁၆၀၀ ရွိ ဆူနာမီလႈိင္္းႀကီးေတြ ျဖစ္ေပၚေစေအာင္ ဒီဇုိင္းဆြဲ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

ဒါအျပင္ ပဲ့ထိန္းဒုံးက်ည္္၊ ေလဆာလက္နက္နဲ႔ railguns တို႔လို ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ခံႏုိင္စြမ္းၿပီး တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးေတြနဲ႔ ေရငုပ္သေဘၤာပစ္္ပဲ့ထိန္းဒုံးက်ည္ေတြကို ေရွာင္ကြင္းေက်ာ္လႊားႏုိင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီလက္နက္က ျဖစ္ေပၚေစမယ့္ ဆူနာမီလႈိင္းအျမင့္ကေတာ့ ခ်ဲ႕ကားလြန္းရာက်ၿပီး ေပ ၃၃၀ ဆူနာမီလႈိင္းအျမင့္သာ ျဖစ္ေပၚေစႏုိင္ဖြယ္ရွိတယ္လို႔ ႐ူပေဗဒပညာရွင္ေတြက ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:TASS/Wikipedia
ေမာင္သံဆင့္
# Unicode Version # ျဖင့္ ဖတ္ပါ #

ရုရှနိုင်ငံရဲ့ သမုဒ္ဒရာ ဘက်စုံသုံး လက်နက်စနစ် ပိုဆိုက်ဒွန် Poseidon မှာဆိုရင် မောင်းသူမဲ့ ရေအောက်သွားယာဉ် UUV ပါရှိပြီး ဒီယာဉ်ဟာ ဘယ်လိုရန်သူ့ကာကွယ်ရေးစနစ်မျိုးကိုမဆို ကိုယ်တိုင်ရှောင်ကွင်းသွားလာနိုင်တယ်လို့ ရုရှစစ်သတင်းရင်းမြစ်က TASS သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။

“ပစ်မှတ်ဆီ သွားရာလမ်းကြောင်းမှာ လက်နက်စနစ်ရဲ့ အလိုအလျောက် လည်ပတ်စနစ်ကြောင့် ဘယ်လို ရေငုပ်သင်္ဘော အတားအဆီးမျိုး၊ အခြားသော ရန်သူကာကွယ်ရေးစနစ်မျိုးကိုမဆို ပိုက်ဆိုက်ဒွန်ဟာ ရှောင်ကွင်းကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။”လို့ ယင်းသတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီ ပိုဆိုက်ဒွန်က UUV ယာဉ်ဟာ ရေအောက် တစ်ကီလိုမီတာကျော် အနက်ထိမှာ လည်ပတ်နိုင်ပြီး နည်းပညာသစ်အရ တစ်နာရီ ကီလိုမီတာ ၂၀၀ အလျင်နှုန်းနဲ့ သွားလာနိုင်ပါတယ်။ “ယာဉ်ပါ ထောက်လှမ်းရေးစနစ်နဲ့ သွင်ပြင်ဝိသေသတွေဟာ လုံခြုံရေး စိတ်ချရပြီး ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ အာမခံ ကျိန်းသေစေပါတယ်။”လို့ စစ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဘက်ပေါင်းစုံသုံး ပိုဆိုက်ဒွန် စနစ်မှာ အထူးသုံး နျူကလီးယားရေငုပ်သင်္ဘော၊ မောင်းသူမဲ့ရေအောက်သွားယာဉ်နဲ့ ဖျက်အားပြင်း တော်ပီဒိုဒုံးတွေ ပါဝင်နေပါတယ်။ “ဒီစနစ်က UUV ယာဉ်ဟာ မဟာဗျူဟာလုပ်ငန်းတွက် သက်သက် မဟုတ်ဘဲ ဖျက်ဆီးရေးအတွက် ဖြစ်ပါတယ်။ ဥပမာ ရန်သူ့ လေယာဉ်တင်သင်္ဘောအုပ်စုကို ဖျက်ဆီးပစ်ဖို့ပါ။”လို့ အဆိုပါ စစ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီသတင်းရင်းမြစ်ရဲ့ တရားဝင် ပြောဆိုသတင်းပေးချက်တွေကို TASS အနေနဲ့တော့ အတည်ပြုနိုင်သေးခြင်း မရှိပါ။ ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ မဟာဗျူဟာ မောင်းသူမဲ့ရေအောက်သွားယဉ် ပိုဆိုက်ဒွန်ကို စမ်းသပ်တဲ့ အဓိကအဆင့် ပြီးစီးပြီလို့ စနေနေ့က ကြေညာထားပါတယ်။

ပိုဆိုက်ဒွန်လက်နက်စနစ်ကို ရုရှရဲ့ ကုဒ်အမည်က Status-6 ဖြစ်ပြီး နေတိုးကတော့ ကုဒ်အမည်ပေးထားတာက Kanyon လို့ ဖြစ်ပါတယ်။ ရုရှမှာ အများသဘောနဲ့ မဲပေးပြီးနောက်မှာ ဂရိနတ်ဘုရားတွေထဲက ပင်လယ်သမုဒ္ဒရာကို အစိုးရတဲ့ ပိုဆိုက်ဒွန်နတ်ဘုရားရဲ့ အမည်ကိုယူပြီး ရုရှကာကွယ်ရေး ဝန်ကြီးဌာနက ပိုဆိုက်ဒွန်လို့ တရားဝင် နာမည်ပေးထားတာ ဖြစ်ပါတယ်။

ပိုဆိုက်ဒွန်လက်နက်စနစ်မှာဆိုရင် နျူကလီးယားစွမ်းအင်သုံး UUV ယာဉ်ပါရှိပြီး ဒီယာဉ်ဟာ သမရိုးကျဒုံးထိပ်ဖူးတွေနဲ့ နျူကလီးယားဒုံးထိပ်ဖူးတွေကို တင်ဆောင်ပေးပို့နိုင်စွမ်းပါတယ်။ ရန်သူရေတပ် ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းမြို့တွေကို တိုက်ခိုက်နိုင်မယ့် မီဂါတန် ၁၀၀ ရှိတဲ့ thermonuclear cobalt ဗုံးကို စေလွှတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ က အမေရိကန် နျူကလီးယားရပ်တည်ချက်သုံးသပ်အစီရင်ခံစာမှာ ရုရှနိုင်ငံဟာ တိုက်ချင်းပစ်နိုင်သော၊ နျူကလီးယားလက်နက်ဖြစ်သော၊ နျူကလီးယားစွမ်းအင်သုံး ပင်လယ်ရေအောက် ကိုယ်ပိုင်သွားလာစွမ်းနဲ့ တော်ပီဒိုကို တည်ဆောက်ထုတ်လုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီ ပိုဆိုက်ဒွန်လက်နက်စနစ်ကို ရေဒီယိုသတ္တိကြွအိုက်ဆိုတုပ်တွေနဲ့အတူ ရန်သူကမ်းရိုးတန်း တစ်နံတစ်လျားကို ညစ်ညမ်းမှုဖြစ်အောင် တိုက်စားပစ်မယ့် အမြင့် ပေ ၁၆၀၀ ရှိ ဆူနာမီလှိုင်းကြီးတွေ ဖြစ်ပေါ်စေအောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် ပဲ့ထိန်းဒုံးကျည်၊ လေဆာလက်နက်နဲ့ railguns တို့လို ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ခံနိုင်စွမ်းပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွေနဲ့ ရေငုပ်သင်္ဘောပစ်ပဲ့ထိန်းဒုံးကျည်တွေကို ရှောင်ကွင်းကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလက်နက်က ဖြစ်ပေါ်စေမယ့် ဆူနာမီလှိုင်းအမြင့်ကတော့ ချဲ့ကားလွန်းရာကျပြီး ပေ ၃၃၀ ဆူနာမီလှိုင်းအမြင့်သာ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိတယ်လို့ ရူပဗေဒပညာရှင်တွေက ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:TASS/Wikipedia
မောင်သံဆင့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top