





Credit:xyznew

#Unicode Version# ဖြင့်ဖတ်ပါ ။

ဖျာပုံက ဆရာကြီး ဦးမင်းဆွေ အမှုကတော့ ကြာလေ သနားဖို့ကောင်းလေ ဖြစ်လာနေပြီ။ ဒီတစ်ပတ် တတိယ အကြိမ်မြောက် ရုံးချိန်းမှာ အေးမြတ်သူရဲ့ မဘသ အကျိုးတော်ဆောင်ရှေ့နေ အာပနားက တရားခွင်တစ်ခုလုံး အံ့အားသင့် စေမယ့် စကားကို ပြောခဲ့တယ်။

အဲ့ဒါကတော့ အေးမြတ်သူကို မုဒိန်းကျင့်တယ်ဆိုတဲ့ ဦးမင်းဆွေ ဆိုတာ ဖျာပုံ NLD ဥက္ကဌဆရာကြီး ဦးမင်းဆွေကို ပြောတာ မဟုတ်ပဲ ကျပန်းလုပ်နေတဲ့ ဦးမင်းဆွေကိုသာ ပြောခဲ့တာ ဖြစ်ကြောင်း အာပနားက ဗြောင်လိမ်ပါတော့တယ်

ဆရာကြီးက ဒီလောက်တိုင်းသိပြည်သိ စွပ်စွဲတာကို ခုမှ သူမဟုတ်ဘူးလို့ ငြင်းတာပါဆိုတော့ ဆရာကြီးကို စွပ်စွဲ ကြောင်း ဘယ်လိုသိလဲ ဆိုပြီး နောက်ထက် ဗြောင်လိမ်ပြန်ပါတယ်။ ဆရာကြီးက သူတို့ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး စွပ်စွဲခဲ့တာဆိုတော့ အဲ့ဒါ ကျပန်းလုပ်တဲ့ ဦးမင်းဆွေကို ပြောတာပါလို့ ဖင်ပိတ်ငြင်းပြန်ပါရော။ ဒါနဲ့ ဆရာကြီးက ပထမဦးဆုံး ငါ့ကိုစွပ်စွဲခဲ့တဲ့ အသံဖိုင် ငါ့မှာရှိတယ်လို့ ပြောတာတောင် အာပနားက သက်သေပြခိုင်းနေသေးတယ်

အခြေအနေမဟန်မှန်းသိတော့ ဖင်ပိတ်ငြင်းနေပြီ။ DNA စစ်ဆေးဖို့တောင်းဆိုတုန်းကလည်း လက်မခံ ဆရာကြီး ဦးမင်းဆွေကိုပြောတာ မဟုတ်ဘူးဆို ဒါဆို..ဘာလို့ရန်ကုန်မှာ အေးမြတ်သူအမေက ဆရာကြီး ဦးမင်းဆွေကို မုဒိမ်းမှု့နဲ့ ဘာလို့အမှု့ဖွင့်ခဲ့တာလဲ ကျပန်းလုပ်တဲ့ ဦးမင်းဆွေကိုအမှု့ဖွင့်လေ CID ကအဲဒီအမှု့ကို ကိုင်တွယ်လဲစစ်ရော အခြေအနေမဟန်မှန်းသိတော့ ဆရာကြီးဦးမင်းဆွေ မဟုတ်ပါဘူးတွေ ဖြစ်ကုန်ရော

သတင်းမီဒီယာတွေနဲ့ အင်တာဗျူးထားတဲ့ Video သက်သေတွေက ရှိနေပြီးသား အသံဖိုင်မဟုတ်ဘူးနော် ကာယကံရှင်တွေ ကိုယ်တိုင်ဗျူးထားတဲ့ Video တွေ ခုမှ ကြောက်မနေကြပါနဲ့ နောက်ကွယ်ကကြိုးကိုင် စီစဉ်ညွှန်ကြားသူကို ဖော်ရင်တော့ပြစ်ဒဏ်က သက်သာဦးမယ် ။ မဖော်ပဲ ကိုယ့်ကိုယ်ကို ခံမယ်ဆိုရင်တော့ထောင်ထဲမှာ ခံကြပေဦးတော့ ..

မကြာခင်မှာ ပွဲကြီးပွဲကောင်းကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှု့စားတော်မူကြပါ ။ လာမယ့် ၂၃/၄ မှာ ရုံးချိန်းထပ်ရှိပါတယ်။ ကျတော်ပြောပါတယ် ဒီလမကုန်ခင် ဒီအမှုထူးမယ်လို့

ဖိုးသူတော် (www.phothutaw.com)
Credit:xyznew
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top