20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္မႈ ျပင္းထန္ခဲ့တဲ့ ၿမိဳ႕ေတာ္ေကာ္မတီဝင္ေနရာ ၆ ေနရာလုံးမွာ NLD မွ ကိုယ္စားလွယ္ေလာင္းေတြ အႏိုင္ရရွိခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ပြဲရဲ႕ ရလဒ္အားလုံးကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ဧၿပီလ ၁ ရက္ ေန႔ ညေနပိုင္းမွာ အၿပီးသတ္ ထုတ္ျပန္ေပးလိုက္ၿပီျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ေကာ္မတီဝင္ေနရာ ၆ ေနရာအတြက္ မဲဆႏၵနယ္အမွတ္ ၁ မွာေတာ့ NLD မွ  ဦးဝင္းျမင့္သန္းက ဆႏၵမဲ ၄၈၁၃၈ နဲ႔ အႏိုင္ရခဲ့ၿပီး မဲဆႏၵနယ္အမွတ္ ၂ မွာ NLD မွ ဦးသူရေအာင္က ဆႏၵမဲ ၅၈၁၈၇ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

မဲဆႏၵနယ္ အမွတ္ ၃ မွာေတာ့ NLD က ဦးစိုးလြင္က ဆႏၵမဲ ၂၈၇၈၀ နဲ႔ အႏိုင္ရခဲ့ၿပီး အမွတ္ ၄ မွာေတာ့ NLD က ဦးစိန္အုန္းက ဆႏၵမဲ ၅၃၈၇၆ နဲ႔ အႏိုင္ရခဲ့ပါတယ္။

မဲဆႏၵနယ္ အမွတ္ ၅ မွာေတာ့ NLD က နန႔္စုေ႐ႊစင္ ေခၚ မဝိုင္းက ၃၂၇၂၆  အႏိုင္ရခဲ့ၿပီး အမွတ္ ၆ မွာေတာ့ NLD  မွ ဦးမင္းဟန္က ဆႏၵမဲ  ၅၉၂၁၇  အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

စည္ပင္သာယာေ႐ြးေကာက္ပြဲမွာ ဆိပ္ကမ္းၿမိဳ႕နယ္ ေကာ္မတီဥကၠ႒ ေနရာက လြဲရင္ ၿမိဳ႕ေတာ္အဆင့္ ၆ ဦးနဲ႔ ၿမိဳ႕နယ္အဆင့္ ေကာ္မတီဝင္ ၈၄ ဦးအႏိုင္ရရွိခဲ့ပါတယ္။

ဒီရလဒ္ဟာ NLD ပါတီအေနနဲ႔ ၉၁ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ  ၉ဝ ဦးအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

မတ္လ ၃၁ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ပြဲမွာေတာ့ ေနရာ ၁ဝ၅ ေနရာ မွာ ကိုယ္စားလွယ္ေလာင္း ၂၇၂ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီေ႐ြးေကာက္ပြဲအတြက္ ရန္ကုန္ၿမိဳ႕က မဲေပးခြင့္ရွိသူ ၃ သန္းေက်ာ္ရွိေပမယ့္  ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔ လႈပ္ရွားမႈအဖြဲ႕ရဲ႕ ေစာင့္ၾကည့္သတင္းထုတ္ျပန္ခ်က္အရေတာ့ အမွန္တကယ္မဲေပးခဲ့တဲ့ ဦးေရက ၁ဝ ရာခိုင္ႏႈန္း သာ ရွိတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တဲ့ မြို့တော်ကော်မတီဝင်နေရာ ၆ နေရာလုံးမှာ NLD မှ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲရဲ့ ရလဒ်အားလုံးကို ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၁ ရက် နေ့ ညနေပိုင်းမှာ အပြီးသတ် ထုတ်ပြန်ပေးလိုက်ပြီဖြစ်ပါတယ်။

မြို့တော်ကော်မတီဝင်နေရာ ၆ နေရာအတွက် မဲဆန္ဒနယ်အမှတ် ၁ မှာတော့ NLD မှ  ဦးဝင်းမြင့်သန်းက ဆန္ဒမဲ ၄၈၁၃၈ နဲ့ အနိုင်ရခဲ့ပြီး မဲဆန္ဒနယ်အမှတ် ၂ မှာ NLD မှ ဦးသူရအောင်က ဆန္ဒမဲ ၅၈၁၈၇ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မဲဆန္ဒနယ် အမှတ် ၃ မှာတော့ NLD က ဦးစိုးလွင်က ဆန္ဒမဲ ၂၈၇၈၀ နဲ့ အနိုင်ရခဲ့ပြီး အမှတ် ၄ မှာတော့ NLD က ဦးစိန်အုန်းက ဆန္ဒမဲ ၅၃၈၇၆ နဲ့ အနိုင်ရခဲ့ပါတယ်။

မဲဆန္ဒနယ် အမှတ် ၅ မှာတော့ NLD က နန့်စုရွှေစင် ခေါ် မဝိုင်းက ၃၂၇၂၆  အနိုင်ရခဲ့ပြီး အမှတ် ၆ မှာတော့ NLD  မှ ဦးမင်းဟန်က ဆန္ဒမဲ  ၅၉၂၁၇  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ် ကော်မတီဥက္ကဋ္ဌ နေရာက လွဲရင် မြို့တော်အဆင့် ၆ ဦးနဲ့ မြို့နယ်အဆင့် ကော်မတီဝင် ၈၄ ဦးအနိုင်ရရှိခဲ့ပါတယ်။

ဒီရလဒ်ဟာ NLD ပါတီအနေနဲ့ ၉၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ  ၉ဝ ဦးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာတော့ နေရာ ၁ဝ၅ နေရာ မှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲအတွက် ရန်ကုန်မြို့က မဲပေးခွင့်ရှိသူ ၃ သန်းကျော်ရှိပေမယ့်  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ရဲ့ စောင့်ကြည့်သတင်းထုတ်ပြန်ချက်အရတော့ အမှန်တကယ်မဲပေးခဲ့တဲ့ ဦးရေက ၁ဝ ရာခိုင်နှုန်း သာ ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top