မႏၲေလးတိုင္းေဒသႀကီး ၊ မိတၱီလာၿမိဳ႕နယ္ ၊ ျမာေက်း႐ြာအုပ္စုအနီး ၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း၊ မိုင္တိုင္(၃၃၁) မိုင္၊ တစ္ဖာလုံခန႔္တြင္ Toyota Landcruiser (YGN 4H/ – – – – ) ကားကို ေမာင္းႏွင္လာေသာ ယာဥ္ေမာင္းသည္ လမ္းေဘးရွိ ဖုန္းတိုင္အား ဝင္တိုက္မိခဲ့ရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းမွာလည္း ထြက္ေျပး တိမ္းေရွာင္လ်က္ရွိေၾကာင္း မိတၱီလာ ၿမိဳ႕မရဲစခန္းႏွင့္ မိတၱီလာခ႐ိုင္ မီးသတ္ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ ဧၿပီ ၂၅ ရက္၊ နံနက္ ၄ နာရီခန႔္က ၊ မိတၱီလာၿမိဳ႕နယ္ ျမာေက်း႐ြာ အုပ္စု၊ ရန္ကုန္-မႏၲေလး လမ္ေဟာင္း မိုင္တိုင္ ၃၃၁ မိုင္၊ တစ္ဖာလုံတြင္ Toyota Landcruiser (YGN 4H/ – – – – ) အျဖဴေရာင္ယာဥ္သည္ မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႔ ေမာင္းႏွင္လာစဥ္ ယာဥ္ေမာင္းမွာ လမ္းေဘးရွိ Mytel ဖုန္းတိုင္အား ဝင္တိုက္မိခဲ့ရာမွ အင္ဂ်င္သို႔ ဆက္သြယ္ထားေသာ ဆီပိုက္ ဆီယိုစိမ့္ကာ အင္ဂ်င္အပူခ်ိန္ျဖင့္ ထိေတြ႕ၿပီး ကားမီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း၊ မိတၱီလာခ႐ိုင္ မီးသတ္စခန္း ႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ယင္းေတာ္ နယ္္ေျမ မီးသတ္စခန္းမွ မီးသတ္ယာဥ္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္ ၂၀ ဦးတို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈေၾကာင့္ ကားအတြင္းပိုင္္း ပစၥည္းအားလုံး၊ မွန္၊ တာယာ၊ ၀ါယာရိန္းလိုင္း အားလုံး၊ အင္ဂ်င္ႏွင့္ ကားေဘာ္ဒီ ေဆးပိုင္းဆိုင္ရာ အားလုံး မီးေလာင္ပ်က္စီး ဆုံးရႈံးခဲ့ရၿပီး ယာဥ္ေမာင္းႏွင္သူမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

“မိတၱီလာၿမိဳ႕ ဘက္ကေနအထြက္ ေပ်ာ္ဘြက္ဘက္ ရန္ကုန္-မႏၲေလး လမ္းေဟာင္း ကုန္းသာတံတားနားေလးမွာ Toyota Landcruiser ကားတစ္စီး မီးေလာင္တယ္၊ မီးေလာင္တဲ့ အေၾကာင္းရင္းက ယာဥ္ေမာင္းက လမ္းေဘးမွာ ရွိတဲ့ ဖုန္းတိုင္ကို ဝင္တိုက္တဲ့ အခါမွာ အင္ဂ်င္ကို ပို႔ေပးေနတဲ့ ဆီပိုက္က ယိုစိမ့္ၿပီးေတာ့ အင္ဂ်င္အပူရွိန္နဲ႔ ထိေတြ႕ၿပီး ကားေခါင္းပိုင္းက စ မီးေလာင္တယ္၊ အဲ့ဒီ့ အနားမွာရွိတဲ့ ပတ္ဝန္းက်င္အိမ္က မီးသတ္ကို ဖုန္းလွမ္းဆက္လို႔ ကြၽန္ေတာ္တို႔ မီးသတ္စခန္းကေန စုစုေပါင္း ကား ခုႏွစ္စီး ၊ တပ္ဖြဲ႕ဝင္ (၂၀)ဦး နဲ႔ မီးသြားၿငိမ္းေပးခဲ့ရတယ္။ မီးေလာင္ကြၽမ္းမႈ႕ကို Level 1အဆင့္ သတ္မွတ္ၿပီး ၿငိမ္းသတ္ေပးခဲ့တယ္၊ ယင္းေတာ္နယ္ေျမ မီးသတ္စခန္းက ေရသယ္ယာဥ္တစ္စီးကလည္း ကြၽန္ေတာ္တို႔ နဲ႔ အတူ မီးၿငိမ္း သတ္ေပးခဲ့တယ္၊ ယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားပါတယ္၊ ကားေပၚမွာ လူဘယ္ႏွစ္ေယာက္ပါလဲ ဆိုတာလဲ မသိပါဘူး၊ ကားေပၚမွာ သကၤန္းေတြ ၊သီလရွင္ ဝတ္႐ုံေတြ ၊ ထီး ေတြ၊ မုန႔္ပုံးေတြ ေတြ႕ရတယ္၊ ေႂကြပုဂံျပားေတြ ေတြ႕ရတယ္၊ ကား ကေတာ့ အင္ဂ်င္ပိုင္းဆိုင္ရာ၊ ၀ါယာရိန္း ေတြ ၊ အတြင္းပိုင္းေတြ ၊ ကားတာယာေတြ ၊ ေဆးနဲ႔ ေဘာ္ဒီေတြ အားလုံး မီးေလာင္ ဆုံးရႈံးသြားပါတယ္၊ ကားမီးေလာင္ကြၽမ္းမႈေၾကာင့္ လူထိခိုက္ ေသဆုံးတာ မရွိပါဘူး” ဟု မိတၱီလာခ႐ိုင္မီးသတ္ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေက်ာ္ဆန္းမွ ေျပာၾကားသည္။

“ယာဥ္ေမာင္းကို ဖမ္းဆီးရမိမႈ မရွိေသးပါဘူး၊ လက္ရွိမွာ စုံစမ္းေနပါတယ္၊ လက္ရွိ နံပါတ္နဲ႔ ကား ဖရိန္တိုက္ၿပီး ကညန မွာ တိုက္ၿပီး ပိုင္ရွင္ စုံစမ္းရမွာပါ၊ ကားေပၚမွာ လက္ရွိေတာ့ ဘာမွ ထူးျခား တာ မေတြ႕ေသးပါဘူး၊ ကားေပၚမွာ ဘယ္ႏွစ္ေယာက္ပါလဲ ဆိုတာလဲ စိစစ္လို႔ မရေသးပါဘူး” ဟု မိတၱီလာၿမိဳ႕ ၿမိဳ႕မနယ္ေျမရဲစခန္းမႉး ဒုရဲမႉး ေက်ာ္ထင္မွ ဧၿပီ ၂၅ ရက္ေန႔ နံနက္ပိုင္းက ေျပာၾကားသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈအား မိတၱီလာ ၿမိဳ႕ မရဲစခန္းမွ (ပ) ၁၈၄ /၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media
Photo: Eleven Meida
#Unicode Version#
မန္တလေးတိုင်းဒေသကြီး ၊ မိတ္တီလာမြို့နယ် ၊ မြာကျေးရွာအုပ်စုအနီး ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်(၃၃၁) မိုင်၊ တစ်ဖာလုံခန့်တွင် Toyota Landcruiser (YGN 4H/ – – – – ) ကားကို မောင်းနှင်လာသော ယာဉ်မောင်းသည် လမ်းဘေးရှိ ဖုန်းတိုင်အား ဝင်တိုက်မိခဲ့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာလည်း ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း မိတ္တီလာ မြို့မရဲစခန်းနှင့် မိတ္တီလာခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက်၊ နံနက် ၄ နာရီခန့်က ၊ မိတ္တီလာမြို့နယ် မြာကျေးရွာ အုပ်စု၊ ရန်ကုန်-မန္တလေး လမ်ဟောင်း မိုင်တိုင် ၃၃၁ မိုင်၊ တစ်ဖာလုံတွင် Toyota Landcruiser (YGN 4H/ – – – – ) အဖြူရောင်ယာဉ်သည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်မောင်းမှာ လမ်းဘေးရှိ Mytel ဖုန်းတိုင်အား ဝင်တိုက်မိခဲ့ရာမှ အင်ဂျင်သို့ ဆက်သွယ်ထားသော ဆီပိုက် ဆီယိုစိမ့်ကာ အင်ဂျင်အပူချိန်ဖြင့် ထိတွေ့ပြီး ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မိတ္တီလာခရိုင် မီးသတ်စခန်း နှင့် ပျော်ဘွယ်မြို့နယ် ယင်းတော် နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကားအတွင်းပိုင်း ပစ္စည်းအားလုံး၊ မှန်၊ တာယာ၊ ဝါယာရိန်းလိုင်း အားလုံး၊ အင်ဂျင်နှင့် ကားဘော်ဒီ ဆေးပိုင်းဆိုင်ရာ အားလုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“မိတ္တီလာမြို့ ဘက်ကနေအထွက် ပျော်ဘွက်ဘက် ရန်ကုန်-မန္တလေး လမ်းဟောင်း ကုန်းသာတံတားနားလေးမှာ Toyota Landcruiser ကားတစ်စီး မီးလောင်တယ်၊ မီးလောင်တဲ့ အကြောင်းရင်းက ယာဉ်မောင်းက လမ်းဘေးမှာ ရှိတဲ့ ဖုန်းတိုင်ကို ဝင်တိုက်တဲ့ အခါမှာ အင်ဂျင်ကို ပို့ပေးနေတဲ့ ဆီပိုက်က ယိုစိမ့်ပြီးတော့ အင်ဂျင်အပူရှိန်နဲ့ ထိတွေ့ပြီး ကားခေါင်းပိုင်းက စ မီးလောင်တယ်၊ အဲ့ဒီ့ အနားမှာရှိတဲ့ ပတ်ဝန်းကျင်အိမ်က မီးသတ်ကို ဖုန်းလှမ်းဆက်လို့ ကျွန်တော်တို့ မီးသတ်စခန်းကနေ စုစုပေါင်း ကား ခုနှစ်စီး ၊ တပ်ဖွဲ့ဝင် (၂၀)ဦး နဲ့ မီးသွားငြိမ်းပေးခဲ့ရတယ်။ မီးလောင်ကျွမ်းမှု့ကို Level 1အဆင့် သတ်မှတ်ပြီး ငြိမ်းသတ်ပေးခဲ့တယ်၊ ယင်းတော်နယ်မြေ မီးသတ်စခန်းက ရေသယ်ယာဉ်တစ်စီးကလည်း ကျွန်တော်တို့ နဲ့ အတူ မီးငြိမ်း သတ်ပေးခဲ့တယ်၊ ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်၊ ကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲ ဆိုတာလဲ မသိပါဘူး၊ ကားပေါ်မှာ သင်္ကန်းတွေ ၊သီလရှင် ဝတ်ရုံတွေ ၊ ထီး တွေ၊ မုန့်ပုံးတွေ တွေ့ရတယ်၊ ကြွေပုဂံပြားတွေ တွေ့ရတယ်၊ ကား ကတော့ အင်ဂျင်ပိုင်းဆိုင်ရာ၊ ဝါယာရိန်း တွေ ၊ အတွင်းပိုင်းတွေ ၊ ကားတာယာတွေ ၊ ဆေးနဲ့ ဘော်ဒီတွေ အားလုံး မီးလောင် ဆုံးရှုံးသွားပါတယ်၊ ကားမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက် သေဆုံးတာ မရှိပါဘူး” ဟု မိတ္တီလာခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမှ ပြောကြားသည်။

“ယာဉ်မောင်းကို ဖမ်းဆီးရမိမှု မရှိသေးပါဘူး၊ လက်ရှိမှာ စုံစမ်းနေပါတယ်၊ လက်ရှိ နံပါတ်နဲ့ ကား ဖရိန်တိုက်ပြီး ကညန မှာ တိုက်ပြီး ပိုင်ရှင် စုံစမ်းရမှာပါ၊ ကားပေါ်မှာ လက်ရှိတော့ ဘာမှ ထူးခြား တာ မတွေ့သေးပါဘူး၊ ကားပေါ်မှာ ဘယ်နှစ်ယောက်ပါလဲ ဆိုတာလဲ စိစစ်လို့ မရသေးပါဘူး” ဟု မိတ္တီလာမြို့ မြို့မနယ်မြေရဲစခန်းမှူး ဒုရဲမှူး ကျော်ထင်မှ ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မိတ္တီလာ မြို့ မရဲစခန်းမှ (ပ) ၁၈၄ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Eleven Media

Photo: Eleven Meida
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top