ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲကေန အစီအစဥ္တင္ဆက္ ရင္း လူသိမ်ားေရပန္းစားလာတဲ့ ေက်ာ္ထက္ေအာင္ကိုေတာ့ ပရိသတ္ေတြရင္းႏွီးၿပီးသား ျဖစ္မွာပါ။ ေက်ာ္ထက္ေအာင္ကေတာ့ အစီအစဥ္တင္ဆက္သူမွ တဆင့္ပရိသတ္ေတြမ်ားျပားလာတာေၾကာင့္ လက္႐ွိမွာေတာ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္အျဖစ္ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ဒီတႏွစ္ျမန္မာအိုင္ေဒါလ္အတြက္ဘယ္လိုျပင္ဆင္မႈေတြလုပ္ထားလည္းဆိုတာကိုလည္း ေျပာၾကားသြား ခဲ့ပါတယ္။

ေက်ာ္ထက္ေအာင္ကေတာ့ celeyatkwat နဲ႔အင္တာဗ်ဴးမွာေတာ့ လက္တေလာအႏုပညာ လႈပ္႐ွားမႈနဲ႔ ပတ္သက္ၿပီး “ေနာက္ထပ္ကား႐ိုက္ဖို႔ ႐ွိပါတယ္။ ေနာက္ထပ္ ျမန္မာအိုင္ေဒါလ္ ၿပိဳင္ပြဲလည္း ႐ွိပါတယ္။ ေအာင္ေခတ္မင္းနဲ႔လည္း ကား႐ိုက္ဖို႔ေတြ ႐ွိပါတယ္။ က်ေနာ့္ကိုလည္း ခြင့္ျပဳထားတယ္။ ေအာင္ေခတ္မင္းကလည္း က်ေနာ့္ကို ေခါင္းေဆာင္ ေနရာကိုတင္ထားၿပီး အျခားေသာ Production ေတြအေနနဲ႔လည္း ေခါင္းေဆာင္မင္းသားေနရာကေန ကမ္းလွမ္းရင္ေတာ့ ပိုၿပီးစဥ္းစားေပးျဖစ္ပါတယ္”



“ျမန္မာအိုင္ေဒါလ္နဲ႔ ကား႐ိုက္ကလည္း အႀကီးအက်ယ္ ၿငိေနပါတယ္။ အမ်ားႀကီးအေကာင္းဆံုး ျဖစ္ေအာင္ လုပ္ရမွာေပါ့ေနာ္။ တႏွစ္ထက္တႏွစ္ မတူေအာင္ ထူးျခားလာေအာင္ လုပ္ရမွာေပါ့။ အမ်ားဘယ္လိုစိတ္ဝင္စားေအာင္ လုပ္ရမလည္း ဆိုတဲ့အေပၚမွာ မူတည္ပါတယ္ဗ်ာ” ဒီႏွစ္ျမန္မာအိုင္ေဒါလ္ရဲ႕ ဆြဲေဆာင္မႈက ဘာျဖစ္မလဲဆိုတဲ့ အေပၚမွာေတာ့ “ကိုယ္တာဝန္ယူထားတဲ့ အပုိင္းကိုပဲ ကိုယ္နဲ႔ေဆြးေႏြးျဖစ္တာ မ်ားပါတယ္။ က်န္တဲ့အပိုင္းေတြက အားလံုးလ်ိဳ႕ဝွက္ၿပီး လုပ္ၾကတာ။

ဒီေန႔ဒီခ်ိန္ထိ က်ေနာ္ပါမယ္ဆိုတာပဲ သိတာ ဘယ္ဒိုင္ေတြျပန္ပါလာမလဲဆိုတာကိုေတာင္ မသိေသးဘူး။ အိုင္ေဒါလ္က အဲ့လိုမ်ိဳး လ်ိွဳ႕ဝွက္ပါတယ္”တင္ဆက္မႈအပိုင္းေတြကိုေရာ ဘယ္လိုျပင္ဆင္ထားလဲဆိုတဲ့ အေပၚမွာေတာ့ “က်ေနာ္ကေတာ့ မ်ားေသာအားျဖင့္ ျဖစ္တည္သြားတဲ့ အပိုင္းေတြအေပၚမွာ လိုက္လုပ္ေပးရတာ ပိုမ်ားတာကုိ အဲ့ဒီျဖစ္တည္လာတာေတြက ပိုၿပီးႂကြလာဖို႔ပဲ အေရးႀကီးပါတယ္။ အဲ့ဒါမွကိုယ္လုပ္ရတာ ပိုေကာင္းလာတာေပါ့။ အားလံုးကို ေက်းဇူးတင္ပါတယ္” ဟုေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #



မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေ အစီအစဉ်တင်ဆက် ရင်း လူသိများရေပန်းစားလာတဲ့ ကျော်ထက်အောင်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျော်ထက်အောင်ကတော့ အစီအစဉ်တင်ဆက်သူမှ တဆင့်ပရိသတ်တွေများပြားလာတာကြောင့် လက်ရှိမှာတော့ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင်ဒီတနှစ်မြန်မာအိုင်ဒေါလ်အတွက်ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလည်းဆိုတာကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

ကျော်ထက်အောင်ကတော့ celeyatkwat နဲ့အင်တာဗျူးမှာတော့ လက်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “နောက်ထပ်ကားရိုက်ဖို့ ရှိပါတယ်။ နောက်ထပ် မြန်မာအိုင်ဒေါလ် ပြိုင်ပွဲလည်း ရှိပါတယ်။ အောင်ခေတ်မင်းနဲ့လည်း ကားရိုက်ဖို့တွေ ရှိပါတယ်။ ကျနော့်ကိုလည်း ခွင့်ပြုထားတယ်။ အောင်ခေတ်မင်းကလည်း ကျနော့်ကို ခေါင်းဆောင် နေရာကိုတင်ထားပြီး အခြားသော Production တွေအနေနဲ့လည်း ခေါင်းဆောင်မင်းသားနေရာကနေ ကမ်းလှမ်းရင်တော့ ပိုပြီးစဉ်းစားပေးဖြစ်ပါတယ်”

“မြန်မာအိုင်ဒေါလ်နဲ့ ကားရိုက်ကလည်း အကြီးအကျယ် ငြိနေပါတယ်။ အများကြီးအကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပေါ့နော်။ တနှစ်ထက်တနှစ် မတူအောင် ထူးခြားလာအောင် လုပ်ရမှာပေါ့။ အများဘယ်လိုစိတ်ဝင်စားအောင် လုပ်ရမလည်း ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်ဗျာ” ဒီနှစ်မြန်မာအိုင်ဒေါလ်ရဲ့ ဆွဲဆောင်မှုက ဘာဖြစ်မလဲဆိုတဲ့ အပေါ်မှာတော့ “ကိုယ်တာဝန်ယူထားတဲ့ အပိုင်းကိုပဲ ကိုယ်နဲ့ဆွေးနွေးဖြစ်တာ များပါတယ်။ ကျန်တဲ့အပိုင်းတွေက အားလုံးလျို့ဝှက်ပြီး လုပ်ကြတာ။

ဒီနေ့ဒီချိန်ထိ ကျနော်ပါမယ်ဆိုတာပဲ သိတာ ဘယ်ဒိုင်တွေပြန်ပါလာမလဲဆိုတာကိုတောင် မသိသေးဘူး။ အိုင်ဒေါလ်က အဲ့လိုမျိုး လျှို့ဝှက်ပါတယ်”တင်ဆက်မှုအပိုင်းတွေကိုရော ဘယ်လိုပြင်ဆင်ထားလဲဆိုတဲ့ အပေါ်မှာတော့ “ကျနော်ကတော့ များသောအားဖြင့် ဖြစ်တည်သွားတဲ့ အပိုင်းတွေအပေါ်မှာ လိုက်လုပ်ပေးရတာ ပိုများတာကို အဲ့ဒီဖြစ်တည်လာတာတွေက ပိုပြီးကြွလာဖို့ပဲ အရေးကြီးပါတယ်။ အဲ့ဒါမှကိုယ်လုပ်ရတာ ပိုကောင်းလာတာပေါ့။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top