20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 အခုခ်ိန္မွာလို Miss ၿပိဳင္ပြဲေတြတအားမမ်ားေသးခင္ကာလြန္ခဲ့တဲ့ ၆ႏွစ္ခန္႔က Miss International သရဖူကိုဆြတ္ခူးႏိုင္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ Miss တစ္ေယာက္ကေတာ့ နန္းခင္ေဇယ်ာပါ။ အခုဆိုရင္ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ကိုင္ေနသလို ပရိသတ္အခိုင္အမားရ႐ိွထားတဲ့သူတစ္ေယာက္လည္းျဖစ္ေနပါၿပီ။ သူအခုလိုအေျခအေနမေရာက္ခင္ ဘယ္လို႐ုန္းကခဲ့ရလဲဆုိတဲ့အေၾကာင္းေတြကို ေပၚျပဴလာ ဂ်ာနယ္ရဲ႕ Struggle of life မွာေျပာျပသြားတာေတြ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ နန္းခင္ေဇယ်ာကိုခ်စ္တဲ့မိတ္ေဆြေတြ သိရေအာင္ေျပာျပေပးလိုက္ရပါတယ္ ခင္ဗ်ာ။

သူေလွ်ာက္လွမ္းလာတဲ့ လမ္းတစ္ေလွ်ာက္မွာႀကံဳေတြ႔ျဖတ္ေက်ာ္လာရတဲ့ အခက္အခဲေတြကို “အႏုပညာကေတာ့ အႏုပညာပိုး႐ိွတယ္ ငယ္ငယ္ေလးကတည္းက ။ဒါေပမယ့္အိမ္ကခြင့္မျပဳဘူး ။ခြင့္မျပဳတဲ့အတြက္ေၾကာင့္ မေမွ်ာ္လင့္ဘဲနဲ႔အဓိကက ကံရယ္ ၊ လူတစ္ေယာက္ျဖစ္ခ်ိန္တန္ရင္ ျဖစ္လာတာေပါ့ ကံပါလာရင္ျဖစ္လာတတ္တဲ့သေဘာ႐ိွေတာ့ နန္းခင္အႏုပညာလမ္းစေပၚေရာက္လာတယ္။ ၿပီးေတာ့ဒီအႏုပညာလုပ္တဲ့အခါမွာ ကိုယ့္မွာဘယ္သူမွလည္းမ႐ိွဘူး။စလုပ္တဲ့အခါမွာေဆြမ်ိဳးအသိုင္းဝိုင္းလည္းမ႐ိွဘူး ။အဓိကဘယ္မွာစလုပ္ျဖစ္လဲဆိုေတာ့ Miss အရင္စၿပိဳင္တယ္ ျဖစ္ခ်င္ေတာ့အဲ့ဒီတုန္းက ေအဂ်င္စီေတြေပါတယ္။ ေအဂ်င္စီေတြအမ်ားႀကီးရိွတယ္။ကိုယ္ကလည္း နယ္ကေနရန္ကုန္ကုိတက္လာတဲ့အခါ ေအဂ်င္စီမွာလည္းကိုယ္ကသြားမတက္ဘူး ။ဘာျဖစ္လို႔လည္းဆိုေတာ့ ကိုယ့္ကလည္းတစ္ဖက္မွာက်ဴ႐ွင္ေတြဘာေတြတက္ေနရေတာ့ အိမ္ကလည္းအဲ့ဒီလိုအလုပ္ေတြခြင့္မျပဳဘဲနဲ႔ဆိုေတာ့နန္းခင္အေနနဲ႔ ေအဂ်င္စီေတြလည္း မတတ္ခဲ့ရဘူး။ အဲ့ဒီေတာ့လည္း ကိုယ္ကစိတ္ေလ်ာ့ၿပီး မိဘျဖစ္ေစခ်င္တဲ့ ပညာတတ္ႀကီးတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားခဲ့တယ္။ ႀကိဳးစားရင္းနဲ႔အိမ္ကမသိေအာင္ ရန္ကုန္မွာခိုးၿပီးေတာ့ Missၿပိဳင္ပြဲစၿပိဳင္တယ္။ သြားၿပိဳင္ေတာ့လည္း ေအဂ်င္စီေတြအမ်ားႀကီး႐ိွတယ္ ။သူတို႔မွာ ေမာ္ဒယ္႐ိွတယ္။ နာမည္ႀကီးတဲ့ေမာ္ဒယ္ေတြၾကားမွာကိုယ္ကသြားၿပိဳင္ရေတာ့ ကိုယ့္ကိုလူရာမသြင္းၾကဘူး ။ သူတို႔ၾကည့္တဲ့မ်က္လံုးေတြကအစ သူတို႔နဲ႔တန္းမတူပါ့လားဆိုၿပီး အဲ့ဒီမွာစၿပီးေတာ့ လူတစ္ေယာက္ကကိုယ့္ကိုမ်က္လံုးနဲ႔အထင္ေသးတဲ့ပံုစံလုပ္တယ္။ျဖစ္ခ်င္ေတာ့ကံပါလာတဲ့ အခါေပါ့ Miss International ပြဲႀကီးစၿပီးၿပိဳင္ ေမာ္ဒယ္ေတြကအမ်ားႀကီး နာမည္ႀကီးဒိတ္ဒိတ္က်ဲေမာ္ဒယ္ေတြနဲ႔လည္းၿပိဳင္ရတယ္။ ကံေကာင္းခ်င္ေတာ့အဲ့ဒီပြဲေလးကဆုရသြားတယ္ ၂၀၁၂ ခုႏွစ္မွာဆုရေတာ့ေပ်ာ္တာေပါ့ေနာ္ ငါအႏုပညာအလုပ္လုပ္ရေတာ့မယ္ ငါCrownရသြားလို႔ငါ့ကိုေတာ့လူေတြအရာသြင္းၿပီလို႔ထင္ထားတာ ။ ဒါေပမယ့္Crown ရလည္းဘယ္သူမွအရာမသြင္းဘူး ။

Crown ရၿပီးေတာ့ဓာတ္ပံုေတြဘာေတြ႐ိုက္တယ္။ ဓာတ္ပံုေတြဘာေတြ႐ိုက္ၿပီးတဲ့အခ်ိန္မွာအႏုပညာအလုပ္ေတြဆက္မလုပ္ေတာ့ ဘူးဆိုၿပီးျဖစ္သြားတာ။ ႀကိဳးစားတယ္။ ႀကိဳးစားသေလာက္အရာမထင္ဘူး ။ပိုက္ဆံေတြကုန္တယ္။ ဒီပိုက္ဆံေတြက Tourist Guide အေနနဲ႔လုပ္ၿပီးေတာ့ တစ္ဖက္တစ္လမ္းမွာ ကိုယ့္ရဲ႕ေခၽြးနဲစာနဲ႔႐ွာထားတဲ့ဟာ ပိုက္ဆံလည္းကုန္မွာစိုးတဲ့အတြက္ေတာ္ၿပီ ကိုယ့္မိဘေတြအားေပးတဲ့Guideအလုပ္ပဲျပန္လုပ္မယ္ ၊ ကိုယ္ရထားတဲ့ဘြဲ႕ေလးနဲ႔ပဲပညာ႐ွာမယ္ဆိုၿပီးေတာ့ ၊အလုပ္႐ွာမယ္ဆိုၿပီးေတာ့ အလုပ္ကိုျပန္ဝင္တယ္။ ကံေကာင္းခ်င္ေတာ့ ဂ်ပန္ကေခၚစာေရာက္လာတယ္။ နန္းခင္ေဇယ်ာ By Name နဲ႔ၿပိဳင္ရမယ္ဆိုၿပီးေတာ့ စာတစ္ေစာင္ေရာက္လာတယ္။ ကိုယ့္စြန္႔လႊတ္ထားတဲ့အရာတစ္ခုက ကိုယ့္ကိုကမ္းလွမ္းလာတယ္။ အဲ့ဒီေတာ့ အေမ့ကိုလည္းတိုင္ပင္တယ္ အေမကလည္းသြားေပါ့ ။ အေတြ႔ႀကံဳ႐ိွေအာင္သြား ေပါ့။ နန္းခင္ရဲ႕အေမကလည္းအသက္ႀကီးၿပီဆိုေတာ့ေနာက္ကေနဘာမွမလုပ္ေပးႏိုင္ဘူး ။ အဲ့ဒီမွာ စၿပိဳင္ရတဲ့အခါ တစ္လ Campဝင္ရတဲ့အခါမွာ ႐ိွတဲ့အက်ႍေလးနဲ႔ပဲသြားၿပိဳင္ခဲ့ရတယ္။ ကိုယ္ Miss International ကိုရန္ကုန္မွာရၿပီးေပမယ့္လည္းပဲ ။

ဒါေပမယ့္ ကံေကာင္းခ်င္ေတာ့ နန္းခင္တို႔ Tourism Board အဖြဲ႔႐ိွတယ္။ အဲ့ဒီအဖြဲ႔ကပဲနန္းခင္ကို အဲ့ဒီမွာေပါ့ေနာ္ ဒီဇိုင္နာ ျပည္စိုးေအာင္ ႐ိွတယ္ ၊ မျမၪၨဴ႐ိွတယ္ ၊ မသြင္စုေထြး႐ိွတယ္ သူတို႔ကစပြန္ဆာေပးလိမ့္မယ္ ေပါ့။ ဒါေပမယ့္ သူတို႔ေပးလိုက္တဲ့ ပစၥည္း ၊ အက်ႍနဲ႔ကမလံုေလာက္ဘူး ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ နန္းခင္တို႔ကဟိုမွာ Camp ကတစ္လဝင္ရတာေပါ့။ ဟိုဖက္ႏိုင္ငံေရာက္သြားၿပီးတဲ့အခါမွာ လူေတြကေဝဖန္ၾကတယ္။အဲ့ဒီတုန္းကဆိုရင္ေတာ္ေတာ္မ်က္ႏွာငယ္ခဲ့ရတယ္။ ျမန္မာဆိုရင္ ႏိုင္ငံျခားကလူေတြကေလ ဟယ္ျမန္မာကလား ဆိုေတာ့ အရာမဝင္ခဲ့ဘူး ။ကိုယ္သည္ျမန္မာစလြယ္လြယ္ထားတဲ့အခါမွာကိုယ့္တိုင္းျပည္အတြက္မ်က္ႏွာမငယ္ရဘူး ၊ျမန္မာျပည္အတြက္ကို ေနရာတစ္ေနရာျဖစ္ရမယ္ဆိုၿပီး နန္းခင္အေနနဲ႔ႀကိဳးစားရတယ္။ ၿပီးေတာ့လည္းနန္းခင္ဆုရခဲ့တယ္ေပါ့ေနာ္ ။ဆုရခဲ့ျပန္ေတာ့လည္းနန္းခင္ကိုေပးတဲ့ဆုက Trophy ႐ိွမယ္ ၿပီးေတာ့ဘာမွန္းမသိဘူး ဆုတစ္ဆုခ်တယ္။ အဲ့ဒီမွာ ဂ်ပန္ကနန္းခင္ကိုေလနင့္ဆုငါသိမ္းထားေပးမယ္ ဆိုၿပီးအဲ့ဒီဆုကိုသိမ္းထားလိုက္တယ္။ ျပန္တဲ့အခါမွာနန္းခင္ကိုအဲ့ဒီဆုေပးမျပန္လိုက္ဘူး ။ျမန္မာျပည္သားတစ္ေယာက္ျဖစ္တဲ့အခါမွာ အဲ့ဒီႏွစ္တုန္းကေတာ္ေတာ္မ်က္ႏွာငယ္ခဲ့ရတယ္။”ဆိုၿပီးေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အခုချိန်မှာလို Miss ပြိုင်ပွဲတွေတအားမများသေးခင်ကာလွန်ခဲ့တဲ့ ၆နှစ်ခန့်က Miss International သရဖူကိုဆွတ်ခူးနိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss တစ်ယောက်ကတော့ နန်းခင်ဇေယျာပါ။ အခုဆိုရင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသလို ပရိသတ်အခိုင်အမားရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်နေပါပြီ။ သူအခုလိုအခြေအနေမရောက်ခင် ဘယ်လိုရုန်းကခဲ့ရလဲဆိုတဲ့အကြောင်းတွေကို ပေါ်ပြူလာ ဂျာနယ်ရဲ့ Struggle of life မှာပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ နန်းခင်ဇေယျာကိုချစ်တဲ့မိတ်ဆွေတွေ သိရအောင်ပြောပြပေးလိုက်ရပါတယ် ခင်ဗျာ။

သူလျှောက်လှမ်းလာတဲ့ လမ်းတစ်လျှောက်မှာကြုံတွေ့ဖြတ်ကျော်လာရတဲ့ အခက်အခဲတွေကို “အနုပညာကတော့ အနုပညာပိုးရှိတယ် ငယ်ငယ်လေးကတည်းက ။ဒါပေမယ့်အိမ်ကခွင့်မပြုဘူး ။ခွင့်မပြုတဲ့အတွက်ကြောင့် မမျှော်လင့်ဘဲနဲ့အဓိကက ကံရယ် ၊ လူတစ်ယောက်ဖြစ်ချိန်တန်ရင် ဖြစ်လာတာပေါ့ ကံပါလာရင်ဖြစ်လာတတ်တဲ့သဘောရှိတော့ နန်းခင်အနုပညာလမ်းစပေါ်ရောက်လာတယ်။ ပြီးတော့ဒီအနုပညာလုပ်တဲ့အခါမှာ ကိုယ့်မှာဘယ်သူမှလည်းမရှိဘူး။စလုပ်တဲ့အခါမှာဆွေမျိုးအသိုင်းဝိုင်းလည်းမရှိဘူး ။အဓိကဘယ်မှာစလုပ်ဖြစ်လဲဆိုတော့ Miss အရင်စပြိုင်တယ် ဖြစ်ချင်တော့အဲ့ဒီတုန်းက အေဂျင်စီတွေပေါတယ်။ အေဂျင်စီတွေအများကြီးရှိတယ်။ကိုယ်ကလည်း နယ်ကနေရန်ကုန်ကိုတက်လာတဲ့အခါ အေဂျင်စီမှာလည်းကိုယ်ကသွားမတက်ဘူး ။ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ကလည်းတစ်ဖက်မှာကျူရှင်တွေဘာတွေတက်နေရတော့ အိမ်ကလည်းအဲ့ဒီလိုအလုပ်တွေခွင့်မပြုဘဲနဲ့ဆိုတော့နန်းခင်အနေနဲ့ အေဂျင်စီတွေလည်း မတတ်ခဲ့ရဘူး။ အဲ့ဒီတော့လည်း ကိုယ်ကစိတ်လျော့ပြီး မိဘဖြစ်စေချင်တဲ့ ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကြိုးစားရင်းနဲ့အိမ်ကမသိအောင် ရန်ကုန်မှာခိုးပြီးတော့ Missပြိုင်ပွဲစပြိုင်တယ်။ သွားပြိုင်တော့လည်း အေဂျင်စီတွေအများကြီးရှိတယ် ။သူတို့မှာ မော်ဒယ်ရှိတယ်။ နာမည်ကြီးတဲ့မော်ဒယ်တွေကြားမှာကိုယ်ကသွားပြိုင်ရတော့ ကိုယ့်ကိုလူရာမသွင်းကြဘူး ။ သူတို့ကြည့်တဲ့မျက်လုံးတွေကအစ သူတို့နဲ့တန်းမတူပါ့လားဆိုပြီး အဲ့ဒီမှာစပြီးတော့ လူတစ်ယောက်ကကိုယ့်ကိုမျက်လုံးနဲ့အထင်သေးတဲ့ပုံစံလုပ်တယ်။ဖြစ်ချင်တော့ကံပါလာတဲ့ အခါပေါ့ Miss International ပွဲကြီးစပြီးပြိုင် မော်ဒယ်တွေကအများကြီး နာမည်ကြီးဒိတ်ဒိတ်ကျဲမော်ဒယ်တွေနဲ့လည်းပြိုင်ရတယ်။ ကံကောင်းချင်တော့အဲ့ဒီပွဲလေးကဆုရသွားတယ် ၂၀၁၂ ခုနှစ်မှာဆုရတော့ပျော်တာပေါ့နော် ငါအနုပညာအလုပ်လုပ်ရတော့မယ် ငါCrownရသွားလို့ငါ့ကိုတော့လူတွေအရာသွင်းပြီလို့ထင်ထားတာ ။ ဒါပေမယ့်Crown ရလည်းဘယ်သူမှအရာမသွင်းဘူး ။

Crown ရပြီးတော့ဓာတ်ပုံတွေဘာတွေရိုက်တယ်။ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတဲ့အချိန်မှာအနုပညာအလုပ်တွေဆက်မလုပ်တော့ ဘူးဆိုပြီးဖြစ်သွားတာ။ ကြိုးစားတယ်။ ကြိုးစားသလောက်အရာမထင်ဘူး ။ပိုက်ဆံတွေကုန်တယ်။ ဒီပိုက်ဆံတွေက Tourist Guide အနေနဲ့လုပ်ပြီးတော့ တစ်ဖက်တစ်လမ်းမှာ ကိုယ့်ရဲ့ချွေးနဲစာနဲ့ရှာထားတဲ့ဟာ ပိုက်ဆံလည်းကုန်မှာစိုးတဲ့အတွက်တော်ပြီ ကိုယ့်မိဘတွေအားပေးတဲ့Guideအလုပ်ပဲပြန်လုပ်မယ် ၊ ကိုယ်ရထားတဲ့ဘွဲ့လေးနဲ့ပဲပညာရှာမယ်ဆိုပြီးတော့ ၊အလုပ်ရှာမယ်ဆိုပြီးတော့ အလုပ်ကိုပြန်ဝင်တယ်။ ကံကောင်းချင်တော့ ဂျပန်ကခေါ်စာရောက်လာတယ်။ နန်းခင်ဇေယျာ By Name နဲ့ပြိုင်ရမယ်ဆိုပြီးတော့ စာတစ်စောင်ရောက်လာတယ်။ ကိုယ့်စွန့်လွှတ်ထားတဲ့အရာတစ်ခုက ကိုယ့်ကိုကမ်းလှမ်းလာတယ်။ အဲ့ဒီတော့ အမေ့ကိုလည်းတိုင်ပင်တယ် အမေကလည်းသွားပေါ့ ။ အတွေ့ကြုံရှိအောင်သွား ပေါ့။ နန်းခင်ရဲ့အမေကလည်းအသက်ကြီးပြီဆိုတော့နောက်ကနေဘာမှမလုပ်ပေးနိုင်ဘူး ။ အဲ့ဒီမှာ စပြိုင်ရတဲ့အခါ တစ်လ Campဝင်ရတဲ့အခါမှာ ရှိတဲ့အကျႍလေးနဲ့ပဲသွားပြိုင်ခဲ့ရတယ်။ ကိုယ် Miss International ကိုရန်ကုန်မှာရပြီးပေမယ့်လည်းပဲ ။

ဒါပေမယ့် ကံကောင်းချင်တော့ နန်းခင်တို့ Tourism Board အဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့ကပဲနန်းခင်ကို အဲ့ဒီမှာပေါ့နော် ဒီဇိုင်နာ ပြည်စိုးအောင် ရှိတယ် ၊ မမြဉ္ဇူရှိတယ် ၊ မသွင်စုထွေးရှိတယ် သူတို့ကစပွန်ဆာပေးလိမ့်မယ် ပေါ့။ ဒါပေမယ့် သူတို့ပေးလိုက်တဲ့ ပစ္စည်း ၊ အကျႍနဲ့ကမလုံလောက်ဘူး လေ။ ဘာဖြစ်လို့လဲဆိုတော့ နန်းခင်တို့ကဟိုမှာ Camp ကတစ်လဝင်ရတာပေါ့။ ဟိုဖက်နိုင်ငံရောက်သွားပြီးတဲ့အခါမှာ လူတွေကဝေဖန်ကြတယ်။အဲ့ဒီတုန်းကဆိုရင်တော်တော်မျက်နှာငယ်ခဲ့ရတယ်။ မြန်မာဆိုရင် နိုင်ငံခြားကလူတွေကလေ ဟယ်မြန်မာကလား ဆိုတော့ အရာမဝင်ခဲ့ဘူး ။ကိုယ်သည်မြန်မာစလွယ်လွယ်ထားတဲ့အခါမှာကိုယ့်တိုင်းပြည်အတွက်မျက်နှာမငယ်ရဘူး ၊မြန်မာပြည်အတွက်ကို နေရာတစ်နေရာဖြစ်ရမယ်ဆိုပြီး နန်းခင်အနေနဲ့ကြိုးစားရတယ်။ ပြီးတော့လည်းနန်းခင်ဆုရခဲ့တယ်ပေါ့နော် ။ဆုရခဲ့ပြန်တော့လည်းနန်းခင်ကိုပေးတဲ့ဆုက Trophy ရှိမယ် ပြီးတော့ဘာမှန်းမသိဘူး ဆုတစ်ဆုချတယ်။ အဲ့ဒီမှာ ဂျပန်ကနန်းခင်ကိုလေနင့်ဆုငါသိမ်းထားပေးမယ် ဆိုပြီးအဲ့ဒီဆုကိုသိမ်းထားလိုက်တယ်။ ပြန်တဲ့အခါမှာနန်းခင်ကိုအဲ့ဒီဆုပေးမပြန်လိုက်ဘူး ။မြန်မာပြည်သားတစ်ယောက်ဖြစ်တဲ့အခါမှာ အဲ့ဒီနှစ်တုန်းကတော်တော်မျက်နှာငယ်ခဲ့ရတယ်။”ဆိုပြီးပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top