




Credit: Burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

ရွှေအိမ်စည်နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ ဟန်တီနဲ့နာမည်ထွက်လာတော့ သူငယ်ချင်းတွေပါလို့ဖြေရှင်းခံရပြီးနောက်ပိုင်း လူတွေရဲ့စိတ်ဝင်စားမှုက အေးနေဝင်းအပေါ်မှာလျော့ကျသွားပါတယ်။ အခုတော့သူနဲ့အတူခပ်စိပ်စိပ်နဲ့သူ့နံဘေး မှာတွေ့နေရတဲ့ကောင်မလေးတစ်ယောက်ပေါ်လာပြန်ပါပြီ။

သူတို့ဆက်နွှယ်မူတွေဟာ ဘယ်လိုအခြေနေမှန်းမသိရပေမယ့်။ ဒီတစ်ယောက်ကလည်း နိုင်ငံတကာမှာမြန်နိုင်ငံကိုယ်စားပြုယှဉ်ဖူးတဲ့ အလှမယ်တစ်ယောက်ပါ။
သူကတော့ Miss Universe 2017 ဇွန်သံစဉ်ပါ။ ဘယ်သူလဲဆိုတော့ သိသွားတော့ သူတို့နှစ်ယောက် ဘယ်လိုအခြေနေရှိနေလည်းဆိုတာကို အားလုံးဝိုင်းပြီးစဉ်းစားကြည့်ပေးလို့ရအောင် ကျွန်တော်တို့ကနေပြီး မိတ်ဆွေတွေကို သူတို့အတူတူရှိနေတဲ့ပုံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

ဟန်တီပြောခဲ့သလိုပဲ အခုဇွန်သံစဉ်နဲ့ကလည်း သူငယ်ချင်းတွေပဲလား ဒါမှမဟုတ်အလုပ်ကိစ္စတစ်ခုခုရှိလို့များလားပေါ့ ။ အေးနေဝင်းဟာ Miss တွေကိုပဲသဘောကျတတ်တဲ့သူတစ်ယောက်လား ဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။

နောက်ဆုံးအနေနဲ့အေးနေဝင်းရဲ့Facebook စာမျက်နှာမှာတော့ “ချိုချဉ်စပ်ခါး၊ မှိုကင်ဆတ်သား၊ လိုရင်ထပ်စားတော်မူပါရော့ဆိုသလို သန်လျင် Star City က Palm Wine Bar မှာ ထန်းသီးသုပ် စပ်စပ်လေး၊ ဆီထမင်း၊ ငါးခြောက်ဖုတ်၊ ငါးသလဲထိုး၊ အမဲခြောက်၊ အကြော်အလှော် အစုံအလင်နှင့် မြန်မာ့ ကျေးလက် ပြင်ဆင်မှု အဆင့်မြင့်မြင့်ကို ခံစားရမှာ ဖြစ်ပါတယ်။ မွန်းလွဲသွားပေမယ့် ရေခဲသေတ္တာထဲ သေချာ ထည့်ပြီး တည်ခင်းတဲ့ ထန်းရည်ချိုချိုကတော့ ကစော်မပေါက်သေးတော့ သောက်ရင်လည်း သီလမကျိုးဘူးပေါ့။

 ရီဝေဝေ ခံစားချက်လေးကိုမှ သဘောကျတဲ့ ဧည့်သည်တွေအတွက်လည်း လူကြီးသောက်တဲ့ ထန်းရည်မျိုးရှိတော့ အဆင်ပြေပြန်ရော။”ဆိုပြီး ဇွန်သံစဉ်တို့သားအမိ နဲ့ဆိုင်အတူတူထိုင်နေ တဲ့ပုံလေးကိုတင်ထားပြန်ပါတယ်။ ဆိုတော့ ပရိသတ်ကြီးကို သူတို့နှစ်ယောက်နဲ့အကြောင်းကို သိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top