လူမႈကြန္ယက္ facebook messenger ကေနတစ္ဆင့္ေတြ႔ဆုံုဖုိ႔ ခ်ိန္းဆုိၿပီး ပစၥည္းလုယူလူသတ္မႈက်ဴးလြန္ခဲ့တဲ့ အသက္ ၁၄ နွစ္အရြယ္နဲ႔ ၁၅ နွစ္အရြယ္လူငယ္နွစ္ဦးကုိ ဖမ္းဆီးရမိခဲ့တယ္လုိ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကေန သိရပါတယ္။

စစ္ကုိင္း-မႏၱေလးကားလမ္းနဲ႔ (၈၆) လမ္းၾကားရွိတဲ့ ေရႊတစ္ေခ်ာင္းတံတားေပၚမွာ မတ္လ ၂၃ ရက္ေန႔ ညကုိးနာရီက ထုိးသြင္းဒဏ္ရာေတြနဲ႔ အသက္ ၄၀ နွစ္ရြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့တာျဖစ္ပါတယ္။ အဆုိပါ ေသဆုံးသူ မ်ဳိးမ်ဳိး (ခ) မ်ဳိမင္းဦး

ရဲ႕လက္ကုိင္ဖုနး္ကုိ စစ္ေဆးရာမွာေတာ့ sharr wana အေကာင့္နဲ႔ လူငယ္တစ္ဦးနဲ႔ေတြ႔ဖုိ႔ခ်ိန္းၿပီး ဖုန္းနံပါတ္တစ္ခုကုိ ဆက္သြယ္ဖုိ႔ ခ်ိန္းဆုိထားခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသမီးရဲတပ္ဖြဲ႕၀င္တစ္ဦးက တစ္ဆင့္အဆုိပါနံပါတ္ကုိ ဆက္သြယ္ခ်ိန္းဆုိေစခဲ့ၿပီး မဟာမုနိဘုရားႀကီးပန္းၿခံမွာ ေတြ႔ဆုံမယ္လုိ႔ ေျပာဆုိတာေၾကာင့္ ရဲတပ္ဖြဲ႕၀င္ေတြက ေစာင့္ဆုိင္းခဲ့ပါတယ္။

ေစာင့္ဆုိင္းစဥ္မွာ ၄၁ လမ္း သားေရစက္ရုံေရွ႕မွာ ဆုိင္ကယ္ဆီျပတ္ေနတာေၾကာင့္ လာေရာက္ေတြ႕ဆုံဖုိ႔ ဖုန္းနဲ႔ ဆက္သြယ္ေျပာဆုိခဲ့ရာမွ ဖမ္းဆီးခဲ့ရာ မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလွ်က္ေမွာ္ အေနာက္ရပ္ကြက္ေနသူ သီဟေအာင္ (၁၅) နွစ္နဲ႔ ခြန္းဆက္မ်ိဳးေအာင္ (၁၄) နွစ္တုိ႔ကုိ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

က်ဴးလြန္သူေတြက သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ရွိ လက္ဖက္ရည္ဆုိင္မွာ တစ္ရပ္ကြက္တည္းေန ညီညီလြင္(၁၅) နွစ္၊ ေ၀လင္းဦးနဲ႔ ဖုိးခ်မ္း (၁၉) နွစ္တုိ႔နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေတြ႔ဆုံခ်ိန္မွာ ဖုိးခ်မ္းမွ ေငြလုိေနေၾကာင္း၊ လုိင္းေပၚမွာ ေတြ႔ထားတဲ့သူရွိပါက ခ်ိန္းဆုိၿပီး ၀င္လုမယ္ဟု ေျပာဆုိခဲ့တာေၾကာင့္ သီဟေအာင္နဲ႔ ခြန္းဆက္မ်ိဳးေအာင္ တုိ႔က ေသဆုံးသူကုိ messenger ကတစ္ဆင့္ခ်ိန္းဆုိခဲ့ၿပီးေတာ့ ခ်ိန္းဆုိတဲ့ေနရာက လူမ်ားေနတာေၾကာင့္ စႏၵာမုနိ ဘုရားလမ္းၾကားကုိ ေခၚေဆာင္လာဖုိ႔နဲ႔ ညီညီလြင္၊ ေဝလင္းဦးတုိ႔နဲ႔ အတူေစာင့္ဆုိင္းေနမယ္လို႔ ေျပာဆုိခဲ့ၿပီး ၄င္းတုိ႔ နွစ္ဦးနဲ႕အတူ မ်ိဳးမ်ိဳးက အဆုိပါေနရာသို႔ သြားေရာက္စကားေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။

အဲ့ဒီေနရာမွာအသင့္ေစာင့္ေနတဲ့ ဖုိးခ်မ္းနဲ႔ ေ၀လင္းဦးတုိ႔ ေရာက္လာၿပီးေတာ့ လက္ကုိင္ဖုနး္ကုိ ေတာင္းယူစဥ္မွာ ဆုိင္ကယ္ေမာင္းနွင္ ထြက္ေျပးတာေၾကာင့္ ဖုိးခ်မ္း(ခ) ၿငိမ္းခ်မ္းေအာင္က ဓားေျမွာင္နဲ႔ ထုိးခဲ့ၿပီးေနအိမ္သို႔ လူစုခြဲျပန္ခဲ့တယ္လုိ႔ ဆုိပါတယ္။

က်ဴးလြန္ရာမွာပါ၀င္ခဲ့တဲ့ ညီညီလြင္ကုိ ေနပူရြာရပ္ကြက္လမ္းမေပၚမွာ ဖမ္းဆီးရမိခဲ့ၿပီးေတာ့ ဖုိးခ်မ္းနဲ႔ ေ၀လင္းဦးတုိ႔ နွစ္ဦးကုိ ေတာ့ ဖမ္းဆီးဖုိ႔ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
လူမှုကွန်ယက် facebook messenger ကနေတစ်ဆင့်တွေ့ဆုံဖို့ ချိန်းဆိုပြီး ပစ္စည်းလုယူလူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

စစ်ကိုင်း-မန္တလေးကားလမ်းနဲ့ (၈၆) လမ်းကြားရှိတဲ့ ရွှေတစ်ချောင်းတံတားပေါ်မှာ မတ်လ ၂၃ ရက်နေ့ ညကိုးနာရီက ထိုးသွင်းဒဏ်ရာတွေနဲ့ အသက် ၄၀ နှစ်ရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဆိုပါ သေဆုံးသူ မျိုးမျိုး (ခ) မျိုမင်းဦး

ရဲ့လက်ကိုင်ဖုန်းကို စစ်ဆေးရာမှာတော့ sharr wana အကောင့်နဲ့ လူငယ်တစ်ဦးနဲ့တွေ့ဖို့ချိန်းပြီး ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ဖို့ ချိန်းဆိုထားခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက တစ်ဆင့်အဆိုပါနံပါတ်ကို ဆက်သွယ်ချိန်းဆိုစေခဲ့ပြီး မဟာမုနိဘုရားကြီးပန်းခြံမှာ တွေ့ဆုံမယ်လို့ ပြောဆိုတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းခဲ့ပါတယ်။

စောင့်ဆိုင်းစဉ်မှာ ၄၁ လမ်း သားရေစက်ရုံရှေ့မှာ ဆိုင်ကယ်ဆီပြတ်နေတာကြောင့် လာရောက်တွေ့ဆုံဖို့ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ရာမှ ဖမ်းဆီးခဲ့ရာ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်နေသူ သီဟအောင် (၁၅) နှစ်နဲ့ ခွန်းဆက်မျိုးအောင် (၁၄) နှစ်တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူတွေက သံလျှက်မှော်အနောက်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်မှာ တစ်ရပ်ကွက်တည်းနေ ညီညီလွင်(၁၅) နှစ်၊ ဝေလင်းဦးနဲ့ ဖိုးချမ်း (၁၉) နှစ်တို့နဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန်မှာ ဖိုးချမ်းမှ ငွေလိုနေကြောင်း၊ လိုင်းပေါ်မှာ တွေ့ထားတဲ့သူရှိပါက ချိန်းဆိုပြီး ဝင်လုမယ်ဟု ပြောဆိုခဲ့တာကြောင့် သီဟအောင်နဲ့ ခွန်းဆက်မျိုးအောင် တို့က သေဆုံးသူကို messenger ကတစ်ဆင့်ချိန်းဆိုခဲ့ပြီးတော့ ချိန်းဆိုတဲ့နေရာက လူများနေတာကြောင့် စန္ဒာမုနိ ဘုရားလမ်းကြားကို ခေါ်ဆောင်လာဖို့နဲ့ ညီညီလွင်၊ ဝေလင်းဦးတို့နဲ့ အတူစောင့်ဆိုင်းနေမယ်လို့ ပြောဆိုခဲ့ပြီး ၎င်းတို့ နှစ်ဦးနဲ့အတူ မျိုးမျိုးက အဆိုပါနေရာသို့ သွားရောက်စကားပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေရာမှာအသင့်စောင့်နေတဲ့ ဖိုးချမ်းနဲ့ ဝေလင်းဦးတို့ ရောက်လာပြီးတော့ လက်ကိုင်ဖုန်းကို တောင်းယူစဉ်မှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးတာကြောင့် ဖိုးချမ်း(ခ) ငြိမ်းချမ်းအောင်က ဓားမြှောင်နဲ့ ထိုးခဲ့ပြီးနေအိမ်သို့ လူစုခွဲပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ ညီညီလွင်ကို နေပူရွာရပ်ကွက်လမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီးတော့ ဖိုးချမ်းနဲ့ ဝေလင်းဦးတို့ နှစ်ဦးကို တော့ ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top