










Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #


ဂီတမျိုးဆက်သစ်တစ်ခုအနေနဲ့မြန်မာနိုင်ငံရဲ့လူငယ်တော်တော်များများအပေါ်မှာလွှမ်းမိုးထားနိုင်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကာလမှာ ပရိသတ်တွေကိုအရာသာမတူတဲ့ သီချင်းတွေ သီဆိုဖျော်ဖြေမှုတွေတင်မကပဲ ကာတွန်းတွေ၊ပန်းချီတွေကိုလည်းဖန်တီးရေးဆွဲနေတဲ့ ဟန်ထူးလွင်ကိုတော့ ကျနော်တို့အထူးမိတ်ဆက်ပေးစရာမလိုပါဘူး ။ သူနဲ့Big 9 Tvနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းအရာလေးတွေကိုမိတ်ဆွေတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

Record Lebel ကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဖြစ်မလားဆိုတဲ့မေးခွန်းကိုတော့ “ Record Lebel ကိုကျနော်အရင် Foreverနဲ့လည်းပေါင်းပြီးလုပ်တာရှိတယ်။ Bipolarbear record ဆိုပြီး Independently လုပ်နေတာလေးတွေလည်းရှိတယ် ။

တစ်ယောက်တည်းလုပ်ရတဲ့အခါကျတော့ co-operation forceမရှိတော့အများကြီး Reach တော့မရောက်ဘူးပေါ့ ။ဒါပေမယ့်ပြဿနာမရှိဘူး။ ကျနော်ကလည်းကျနော့်Record အနေနဲ့ပေါ့ ဒီCloudထဲမှာသီချင်းလေးတွေရှိနေစေချင်တာ။ ကျနော့် Reputation အတွက်ပေါ့ အဲ့ဒါပါပဲအများကြီးဟိုဟာမဖြစ်ဘူး။

ကျနော်လုပ်နိုင်လားမလုပ်နိုင်လားကိုယ့်ဘာသာကိုယ်စမ်းသပ်ထားတဲ့ဟာလေးတွေကိုစုထားချင်တာပေါ့နော် Record lebelတစ်ခုအောက်မှာ အဲ့ဒါကြောင့်Bipolarbearဆိုပြီးလည်းလုပ်ဖြစ်တာ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဘယ်လိုအဆိုတော်မျိုးနဲ့အလုပ်တွဲလုပ်ချင်လဲဆိုတဲ့မေးခွန်းကိုတော့ “ကျနော်ရူးတဲ့လူတွေနဲ့လုပ်ချင်တာ Out of Control တော့လည်းမဟုတ်ဘူး ရူးတာလည်းမဟုတ်ဘူး ဒီအလယ်အလတ်လောက် Control လုပ်လို့ရလောက်တဲ့ရူးတဲ့လူမျိုးကိုလိုချင်တယ်။ Art ဆို Artပဲနေ့မအိပ်ညမအိပ်အဲ့ဒီလိုရူးနေတဲ့သူမျိုးသိပ်မတွေ့ရဘူး ။

အဲ့ဒါမျိုးကိုတော့ကျနော်ခုထိရှာနေတုန်းပဲ လုပ်ခွင့်ရတာတော့ အားလုံးလုပ်ခွင့်ရတာမျိုးရှိတယ် Dora Alex ရဲ့Album အစအဆုံးကျနော်အရမ်းအားရတယ်။ Hannay and The Zens Albumတို့ဘာတို့အဲ့ဒီလိုမျိုးပေါ့ ။ Business အရအောင်မြင်မအောင်မြင်တော့မသိဘူး ကိုယ်ကတော့ရူးတဲ့Levelအတူတူလောက်လူတွေနဲ့Runချင်တာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ထပ်ခွေအသစ်ထွက်ဖို့ကလည်း သီချင်းတွေရှိပြီး သူတို့Band Member တွေရဲ့ Arrangement အစုံထည့်ချင်တာကြောင့်အချိန်ကြာနေတဲ့အကြောင်းကိုလည်းပြောပြသွားပါတယ်။ Big Bag ရဲ့ခွေအသစ်ထွက် လာဖို့ရှိတယ်ဆိုတာလည်းသိရပြီဆိုတော့ မိတ်ဆွေတို့ရဲ့Big Bagနဲ့ပတ်သက်ပြီးရှိခဲ့တဲ့ အမှတ်တရလေးတွေ သီချင်းလေးတွေရဲ့အကြောင်းလေးတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးခင်ဗျ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top