ကိုဘေမာင္တစ္ေယာက္ အေပါင္းအသင္းေတြနဲ႔ KTV မွာ အမူးလြန္ၿပီး သူငယ္ခ်င္းေတြ တြဲပို႔လို႔ အိမ္ျပန္ေရာက္လာတယ္ ေရာက္ေရာက္ခ်င္း အိမ္ေပါက္ဝမွာ ထိုးအန္ၿပီး လဲက်သြားပါတယ္။ သူမိန္းမက ကုတင္ေပၚဆြဲတင္ၿပီး သန႔္ရွင္းေပး အဝတ္အစားလဲ ေပးပါတယ္။

ေနာက္ေန႔မနက္ ကိုဘေမာင္ ႏိုးႏိုးခ်င္း မေန႔ညက အမူးလြန္လာလို႔ မိန္းမနဲ႔ ျပသနာ အႀကီးအက်ယ္တက္ေတာ့မယ္ ဆိုၿပီး စိတ္ညစ္သြားပါတယ္။ အိပ္ယာထဲက မထေသးဘဲ တဖက္ကိုေစာင္းလိုက္ေတာ့ ကုတင္ေဘးက စာပြဲေပၚမွာ သူ႔မိန္းမ လက္ေရးနဲ႔ စာတေစာင္ ေတြ႕လို႔ ယူဖတ္လိုက္တယ္။

“ေယာက်ားေရ ႏိုးၿပီလား မ်က္ႏွာသစ္ဖို႔ အဆင္သင့္ ျပင္ထားတယ္ မီးဖိုထဲက စာပြဲေပၚမွာ စားစရာနဲ႔ေကာ္ဖီ အသင့္၊ အလုပ္အတြက္လည္း စိတ္မပူနဲ႔ ဖုန္းနဲ႔ခြင့္တိုင္ထားတယ္ သိလား။ ရွင္ႀကိဳက္တတ္တာေလးေတြ ခ်က္ေကြၽးဖို႔ က်မ ေဈးသြားၿပီ။ အခ်စ္မ်ားစြာနဲ႔”

ကိုဘေမာင္ သူ႔ကိုယ္သူ မယုံႏိုင္ေအာင္ ျဖစ္သြားတယ္။ ဘာလို႔ သူ႔မိန္းမက ေဒါသမထြက္ဘဲ အခ်စ္မ်ားစြာနဲ႔ လုပ္သလဲ မေတြးတတ္ေအာင္ ျဖစ္ေနတယ္။ အိပ္ခန္းထဲက ထြက္လာေတာ့ သူ႔သားကို ေတြ႕တယ္။ ဒါနဲ႔ ညက ငါဘာျဖစ္ေသးလဲလို႔ ေမးေတာ့

“ေဖေဖ တအားမူးလာတယ္ လူမွန္းသူမွန္း မသိဘူး/  အိမ္ေပါက္မွာ ထိုးအန္ၿပီး လဲက်သြားတယ္ ဘာမွမသိေတာ့ဘူး။ ေမေမက တြဲေခၚၿပီး ေဖေဖ့အဝတ္အစားေတြ လဲေပးေတာ့ အေဖက ေယာင္ၿပီး ေအာ္ေသးတယ္။ ဘာေတြ ေယာင္ေအာ္ တာလဲဆိုေတာ့ “ဖယ္ ဖယ္ ငါ့နားမကပ္ၾကနဲ႔ ေဝးေဝးသြား ငါက အိမ္ေထာင္သည္ ငါ့မွာ မိန္းမနဲ႔ တဲ့”

အေယာင္ေကာင္းေတာ့ အေထာင္း သက္သာေပါ့ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Naing Gyi.

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုဘမောင်တစ်ယောက် အပေါင်းအသင်းတွေနဲ့ KTV မှာ အမူးလွန်ပြီး သူငယ်ချင်းတွေ တွဲပို့လို့ အိမ်ပြန်ရောက်လာတယ် ရောက်ရောက်ချင်း အိမ်ပေါက်ဝမှာ ထိုးအန်ပြီး လဲကျသွားပါတယ်။ သူမိန်းမက ကုတင်ပေါ်ဆွဲတင်ပြီး သန့်ရှင်းပေး အဝတ်အစားလဲ ပေးပါတယ်။

နောက်နေ့မနက် ကိုဘမောင် နိုးနိုးချင်း မနေ့ညက အမူးလွန်လာလို့ မိန်းမနဲ့ ပြသနာ အကြီးအကျယ်တက်တော့မယ် ဆိုပြီး စိတ်ညစ်သွားပါတယ်။ အိပ်ယာထဲက မထသေးဘဲ တဖက်ကိုစောင်းလိုက်တော့ ကုတင်ဘေးက စာပွဲပေါ်မှာ သူ့မိန်းမ လက်ရေးနဲ့ စာတစောင် တွေ့လို့ ယူဖတ်လိုက်တယ်။

“ယောကျားရေ နိုးပြီလား မျက်နှာသစ်ဖို့ အဆင်သင့် ပြင်ထားတယ် မီးဖိုထဲက စာပွဲပေါ်မှာ စားစရာနဲ့ကော်ဖီ အသင့်၊ အလုပ်အတွက်လည်း စိတ်မပူနဲ့ ဖုန်းနဲ့ခွင့်တိုင်ထားတယ် သိလား။ ရှင်ကြိုက်တတ်တာလေးတွေ ချက်ကျွေးဖို့ ကျမ ဈေးသွားပြီ။ အချစ်များစွာနဲ့”

ကိုဘမောင် သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားတယ်။ ဘာလို့ သူ့မိန်းမက ဒေါသမထွက်ဘဲ အချစ်များစွာနဲ့ လုပ်သလဲ မတွေးတတ်အောင် ဖြစ်နေတယ်။ အိပ်ခန်းထဲက ထွက်လာတော့ သူ့သားကို တွေ့တယ်။ ဒါနဲ့ ညက ငါဘာဖြစ်သေးလဲလို့ မေးတော့

“ဖေဖေ တအားမူးလာတယ် လူမှန်းသူမှန်း မသိဘူး/  အိမ်ပေါက်မှာ ထိုးအန်ပြီး လဲကျသွားတယ် ဘာမှမသိတော့ဘူး။ မေမေက တွဲခေါ်ပြီး ဖေဖေ့အဝတ်အစားတွေ လဲပေးတော့ အဖေက ယောင်ပြီး အော်သေးတယ်။ ဘာတွေ ယောင်အော် တာလဲဆိုတော့ “ဖယ် ဖယ် ငါ့နားမကပ်ကြနဲ့ ဝေးဝေးသွား ငါက အိမ်ထောင်သည် ငါ့မှာ မိန်းမနဲ့ တဲ့”

အယောင်ကောင်းတော့ အထောင်း သက်သာပေါ့ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit:Naing Gyi.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top