KTV မ်ားတြင္ ေတးသီခ်င္းအသုံးျပဳမႈအတြက္ မူပိုင္ေၾကးေကာက္ခံ သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္း Myanmar Performance Rights Organization (MPRO) ထံမွ သိရသည္။

ျမန္မာႏိုင္ငံတြင္ ေတးသီခ်င္းအသုံးျပဳမႈအတြက္ မူပိုင္ေၾကးေပးသြင္း ျခင္းမရွိေသာေၾကာင့္ ဂီတပညာရွင္မ်ားနစ္နာေနသျဖင့္ ေကာက္ခံရျခင္းျဖစ္သည္ဟု အဆိုပါအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။ KTV ေတြဆီက မူပိုင္ေၾကးရၿပီဆိုတာနဲ႔ ဂီတပညာရွင္အားလုံးမူလထက္ (ဝင္ေငြ) ႏွစ္ဆေလာက္ ပိုရမယ္။ အဲဒီအတြက္ ဒီကိစၥကအေရးႀကီးလို႔ လုပ္တာျဖစ္တယ္”ဟု ၎က ေျပာဆိုသည္။

စင္တင္ေတးဂီတေဖ်ာ္ေျဖမႈမ်ား၊ KTV မ်ား၊ စီးပြားျဖစ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေတးသီးခ်င္းအသုံးျပဳမ်ားသည္ မူပိုင္ခြင့္ခ်ိဳးေဖာက္ခံရမူအမ်ားဆုံးျဖစ္ေၾကာင္း MPRO ထံမွ သိရသည္။ KTV မ်ားတြင္ မူပိုင္ေၾကးေကာက္ခံရမည့္ ကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ဂီတအစည္း႐ုံးႏွင့္ MPRO အဖြဲ႕ တို႔က ပူးေပါင္းလုပ္ေဆာင္မည္ျဖစ္သည္ဟု MPRO ထံမွသိရသည္။

လက္ရွိခ်ိန္တြင္ KTV မ်ားသည္ ေတးသီခ်င္းအသုံးျပဳမႈႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး၏ ေထာက္ခံခ်က္ျဖင့္ လုပ္ကိုင္ေနျခင္းျဖစ္သည္ဟု ဂီတအစည္းအ႐ုံးထံမွ သိရသည္။ KTV မ်ားတြင္ သီခ်င္းမည္မွ်သီဆိုခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေရတြက္ျခင္း အတြက္ နည္းပညာအခက္အခဲ၊ မူပိုင္ေၾကးေကာက္ယူရန္ မူပိုင္ခြင့္ဥပေဒထြက္မေပၚေသးျခင္းစသည့္အခက္အခဲမ်ားရွိေနေသးေၾကာင္း MPRO ထံမွသိရသည္။

“ဘယ္ေတာ့လုပ္မယ္ဆိုတာေတာ့ အတိအက်ေျပာလို႔မရေသးဘူး။ သိပ္မၾကာ ခင္ကာလမွာေတာ့ အေကာင္အထည္ေဖာ္လုပ္ေဆာင္သြားမွာပါ”ဟု KTV မ်ားထံမွ သီခ်င္းမူပိုင္ခြင့္ေၾကးေကာက္ယူမည့္ အေျခအေနကို MPRO မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

ျမန္မာႏိုင္ငံေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္းသည္ တရားဝင္မွတ္ပုံတင္ေဆာင္႐ြက္ေနေသာ အဖြဲ႕စည္းျဖစ္ကာ ယင္းအဖြဲ႕ကို ႏိုင္ငံေက်ာ္ေတးေရးဆရာမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္းသည္ အျပည္ျပည္ဆိုင္ရာေတးေရးဆရာ မ်ားေကာင္စီ International Council of music Authors (CIAM) ၏ အသိအမွတ္ျပဳျခင္း ခံထားရေသာ အဖြဲ႕အစည္း ျဖစ္သည္။

MPRO အသင္းသည္ ၂၀၁၇ ခုႏွစ္ကပင္ မူပိုင္ေၾကးစတင္ေကာက္ယူ ခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္ မူပိုင္ေၾကး က်ပ္သိန္း ၁၂၀၀ ေက်ာ္ရရွိၿပီး အမ်ားစုမွာ သီခ်င္းဆိုၿပိဳင္ပြဲမ်ားမွ ရရွိျခင္းျဖစ္ေၾကာင္း အဆိုပါအသင္းထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

KTV များတွင် တေးသီချင်းအသုံးပြုမှုအတွက် မူပိုင်ကြေးကောက်ခံ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း Myanmar Performance Rights Organization (MPRO) ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တေးသီချင်းအသုံးပြုမှုအတွက် မူပိုင်ကြေးပေးသွင်း ခြင်းမရှိသောကြောင့် ဂီတပညာရှင်များနစ်နာနေသဖြင့် ကောက်ခံရခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ KTV တွေဆီက မူပိုင်ကြေးရပြီဆိုတာနဲ့ ဂီတပညာရှင်အားလုံးမူလထက် (ဝင်ငွေ) နှစ်ဆလောက် ပိုရမယ်။ အဲဒီအတွက် ဒီကိစ္စကအရေးကြီးလို့ လုပ်တာဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

စင်တင်တေးဂီတဖျော်ဖြေမှုများ၊ KTV များ၊ စီးပွားဖြစ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် တေးသီးချင်းအသုံးပြုများသည် မူပိုင်ခွင့်ချိုးဖောက်ခံရမူအများဆုံးဖြစ်ကြောင်း MPRO ထံမှ သိရသည်။ KTV များတွင် မူပိုင်ကြေးကောက်ခံရမည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းရုံးနှင့် MPRO အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်ဟု MPRO ထံမှသိရသည်။

လက်ရှိချိန်တွင် KTV များသည် တေးသီချင်းအသုံးပြုမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ထောက်ခံချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဂီတအစည်းအရုံးထံမှ သိရသည်။ KTV များတွင် သီချင်းမည်မျှသီဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ရေတွက်ခြင်း အတွက် နည်းပညာအခက်အခဲ၊ မူပိုင်ကြေးကောက်ယူရန် မူပိုင်ခွင့်ဥပဒေထွက်မပေါ်သေးခြင်းစသည့်အခက်အခဲများရှိနေသေးကြောင်း MPRO ထံမှသိရသည်။

“ဘယ်တော့လုပ်မယ်ဆိုတာတော့ အတိအကျပြောလို့မရသေးဘူး။ သိပ်မကြာ ခင်ကာလမှာတော့ အကောင်အထည်ဖော်လုပ်ဆောင်သွားမှာပါ”ဟု KTV များထံမှ သီချင်းမူပိုင်ခွင့်ကြေးကောက်ယူမည့် အခြေအနေကို MPRO မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းသည် တရားဝင်မှတ်ပုံတင်ဆောင်ရွက်နေသော အဖွဲ့စည်းဖြစ်ကာ ယင်းအဖွဲ့ကို နိုင်ငံကျော်တေးရေးဆရာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်းသည် အပြည်ပြည်ဆိုင်ရာတေးရေးဆရာ များကောင်စီ International Council of music Authors (CIAM) ၏ အသိအမှတ်ပြုခြင်း ခံထားရသော အဖွဲ့အစည်း ဖြစ်သည်။

MPRO အသင်းသည် ၂၀၁၇ ခုနှစ်ကပင် မူပိုင်ကြေးစတင်ကောက်ယူ ခဲ့ကာ ၂၀၁၇ ခုနှစ်တွင် မူပိုင်ကြေး ကျပ်သိန်း ၁၂၀၀ ကျော်ရရှိပြီး အများစုမှာ သီချင်းဆိုပြိုင်ပွဲများမှ ရရှိခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top