J Fire ကတော့ သင်္ကြန်ပြီးသွားတဲ့အချိန်မှာတော့ သူ့အကောင့်မှာ လွန်ခဲ့တဲ့ ၂၀၁၇ က ပုံနဲ့ လက်ရှိ ၂၀၁၉ က ပုံကို တွဲတင်ထားပြီး “Happy Myanmar Newyear နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး လူသစ် စိတ်သစ် နဲ့ အောင်မြင်သောဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ” ဆိုပြီးတော့လည်း တင်ထားပါသေးတယ်။
Credit: thutasone
#Unicode Version# ဖြင့်ဖတ်ပါ ။
ရင်ထဲထိတဲ့ စာသားလေးတွေနဲ့ ခံစားလို့ရမယ့် အချစ်သီချင်းလေးတွေ၊ ဘဝသီချင်းလေးတွေဆိုပြီးတော့ လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ Rapper အဆိုတော် J Fire ကိုတော့ တော်တော်များများ သိကြမှာပါ
J Fire ကတော့ စပေါ်တဲ့အချိန်မှာ သူဆိုတဲ့သီချင်းတွေကိုသာ ပရိသတ်တွေက ခံစားလို့ရတာကြောင့် အားပေးကြတာ ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ စပေါ်တဲ့ အချိန်မှာ J Fire တယောက်ကတော့ လုံးဝကို ဝတုတ်ကြီး ဖြစ်နေတာကြောင့်ပါ
ဒါကြောင့်သူ့အနေနဲ့တော့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ဒီလိုမျိုး တုန့်ပြန်မှုတွေကို မခံချင်တဲ့စိတ်နဲ့ အားကစားကို အပြင်းထန်လုပ်ခဲ့တာကြောင့် ၂ နှစ်လောက်အတွင်းမှာ J Fire တယောက်လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။
လက်ရှိချိန်မှာတော့ J Fire ကို သီချင်းတင်မဟုတ်ပဲ လူကိုပါကြိုက်ကြတဲ့ နှုတ်ခမ်းနီမလေးတွေ အများပြား ရှိလာခဲ့ပါပြီ။ J Fire ကတော့ ဝနေတဲ့သူတွေအတွက်ကိုလည်း အားဆေးတခုလို ဖြစ်စေခဲ့ပါတယ်။
သူ့လိုအရမ်းဝပြီး ပုံပျက်နေတဲ့သူတယောက်ကတော့ ၂ နှစ်လောက်အတွင်းမှာ မင်းသားတွေ ရှုံးရလောက်တဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် J Fire ကတော့ လက်ရှိချိန်မှာလည်း မင်းသားအဖြစ်တွေ့ချင်တဲ့သူတွေကလည်း များပြားနေပါတယ်။
J Fire ကတော့ သြင်္ကန်ပြီးသွားတဲ့အချိန်မှာတော့ သူ့အကောင့်မှာ လွန်ခဲ့တဲ့ ၂၀၁၇ က ပုံနဲ့ လက်ရှိ ၂၀၁၉ က ပုံကို တွဲတင်ထားပြီး “Happy Myanmar Newyear နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး လူသစ် စိတ်သစ် နဲ့ အောင်မြင်သောဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ” ဆိုပြီးတော့လည်း တင်ထားပါသေးတယ်။
ဒီနှစ်ပုံကို တွဲပြီးတင်ထားတာကြောင့် သူ့ရဲ့ ပြောင်းလဲမှုတွေဟာ ပိုမိုသိသာလာခဲ့ပြီး ပရိသတ်တွေ ကြားမှာလည်း ဒီပုံလေးက ရေပန်းစားခဲ့ပါတယ်။ ဝနေတဲ့သူတွေအတွက်လည်း J Fire ရဲ့ပုံကတော့ အားဆေးတခွက်ဖြစ်ခဲ့ပြီး ပရိသတ်ကြီးထဲက ဝနေတဲ့သူတေ ွအတွက်လည်း အားကျလို့ရအောင် J Fire ရဲ့ ပုံလေးတွေကို မျှဝေလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top