
Credit:burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။
တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့လူတကာနဲ့မတူတဲ့ဖက်ရှင်တွေကြောင့်လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာကြာပြီဖြစ်ပေမယ့်မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သြင်္ကန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။တေးသံရှင်ကျော်ကျော်နန္ဒကလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ကျော်ကျော်နန္ဒက ဒီနေ့မှာတော့ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလကိုဝန်းရံမယ်ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာမျှဝေထားပါတယ်။
အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့သားအကြီးဘုန်းမင်းနေလကအမေနဲ့တူပြီးခန့်ညားချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့်လူကြီးလူငယ်မရွေးချစ်ခင်ကြတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ရဲ့သားဘုန်းမင်းနေလကပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာလဲရွှေကြိုအဖြစ်ဆောင်ရွက်ပေးခဲ့ရင်းပရိသတ်တွေရဲ့အာရုံစိုက်မှုကိုခံနေရသူဖြစ်ပါတယ်။
ခင်ဇာခြည်ကျော်ရဲ့ သားလေး ဘုန်းမင်းနေလကတော့ အနုပညာလုပ်ငန်းတွေ စတင်လုပ်ကိုင်စဉ်မှာပဲ ကျော်ကျော်နန္ဒက ဝန်းရံအားပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia