တ႐ုတ္ႏုိင္ငံတြင္ တ႐ုတ္မယားအျဖစ္ လူကုန္ကူးခံရသူ အမ်ဳိးသမီးတစ္ဦးသည္ HIV ေရာဂါကူးစက္ခံရၿပီး က်န္းမာေရး အေျခအေနဆုိးရြားေသာ အေနအထားျဖင့္ ေနရပ္သုိ႔ ျပန္ေရာက္လာ ၿပီးေနာက္ ရက္ပုိင္းအၾကာတြင္ ေသဆုံးသြားသည္။

၂၀၀၈ ေမလက နာဂစ္မုန္တုိင္းဒဏ္သင့္ခဲ့ေသာ ဧရာဝတီတုိင္းေဒသႀကီး လပြတၱာၿမိဳ႕နယ္ ေက်းရြာတစ္ရြာမွ အမ်ဳိးသမီးတစ္ဦးသည္ တ႐ုတ္ႏုိင္ငံသုိ႔ အလုပ္လုပ္ရန္ ထြက္ခြာသြားၿပီး ေနာက္ မိသားစုႏွင့္ ၁၂ ႏွစ္ၾကာအဆက္အသြယ္ ျပတ္ေတာက္ေနခဲ့သည္။ ေနအိမ္မွ ၂၀၀၇ ကထြက္သြားၿပီး ၂၀၁၉ ဧၿပီလဆန္းတြင္ HIV ေဝဒနာရွင္အျဖစ္ မူဆယ္ေဆး႐ုံသုိ႔ ေရာက္လာၿပီး ေနာက္ ၿမိဳ႕ခံလူမႈေရးအဖြဲ႕မ်ားက ဧၿပီ ၁၂ ရက္တြင္ ေနရပ္သုိ႔ ျပန္ပုိ႔ခဲ့သည္။ ေနအိမ္တြင္ ၁၀ ရက္ၾကာ ေနထုိင္ၿပီးေနာက္ ဧၿပီ ၂၁ ရက္တြင္ ေသဆုံးသည္ဟု ၎၏ ေဆြမ်ဳိးမ်ားက ေျပာသည္။

‘‘တ႐ုတ္မယားအျဖစ္ ႏွစ္နဲ႔ခ်ီေနခဲ့ရတယ္တဲ့။ ေရာဂါရလာၿပီး အေျခအေနမဟန္ေတာ့ ျမန္မာဘက္ကုိ ျပန္ပုိ႔တာ။ အေျခအေန က ေတာ္ေတာ္ဆုိးတယ္’’ ဟု အ ထက္ပါ အမ်ဳိးသမီးမေသဆုံးမီ မူဆယ္နယ္စပ္မွတစ္ဆင့္ လပြ တၱာသုိ႔ ပုိ႔ေဆာင္ေပးခဲ့ေသာ မူဆယ္ၿမိဳ႕က႐ုဏာ လူမႈကူညီေရးအသင္းဥကၠ႒ ဦးေသာင္းထြန္းက ေျပာသည္။

လူကုန္ကူးခံရၿပီးေနာက္ က်န္းမာေရး အေျခအေန ဆုိးရြားစြာျဖင္႔ ျပန္ေရာက္လာေသာ အသက္(၂၇) ႏွစ္အရြယ္ ေသဆုံးသူအမ်ဳိးသမီးသည္ မိသားစုႏွင့္ ၁၂ႏွစ္ၾကာ ကြဲကြာေနခဲ့သည္။ မိသားစုထံ ျပန္ေရာက္လာေသာ္လည္း ၁၀ ရက္အၾကာတြင္ ေသဆုံးခဲ့ သည္။

‘‘ကင္ဆာေရာ၊ HIV ေရာဂါေၾကာင့္ေရာ ဆုံးသြားတာလုိ႔ဆရာမက ေျပာတယ္’’ ဟု ေသဆုံးသူ၏အစ္မက ေျပာသည္။

အိမ္နီးခ်င္း ႏုိင္ငံမ်ားႏွင့္ ဆက္စပ္ေသာ လူကုန္ကူးခံရမႈမ်ားအနက္ တ႐ုတ္ႏုိင္ငံသုိ႔ ဦးတည္ေသာ ျမန္မာအမ်ဳိးသမီး မ်ား လူကုန္ကူးခံရမႈသည္ အမ်ားဆုံးျဖစ္ေနၿပီး သတိျပဳရန္ လုိအပ္သည္ဟု လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတိေပးထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
#Unicode Version#
တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦးသည် HIV ရောဂါကူးစက်ခံရပြီး ကျန်းမာရေး အခြေအနေဆိုးရွားသော အနေအထားဖြင့် နေရပ်သို့ ပြန်ရောက်လာ ပြီးနောက် ရက်ပိုင်းအကြာတွင် သေဆုံးသွားသည်။

၂၀၀၈ မေလက နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးသည် တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာသွားပြီး နောက် မိသားစုနှင့် ၁၂ နှစ်ကြာအဆက်အသွယ် ပြတ်တောက်နေခဲ့သည်။ နေအိမ်မှ ၂၀၀၇ ကထွက်သွားပြီး ၂၀၁၉ ဧပြီလဆန်းတွင် HIV ဝေဒနာရှင်အဖြစ် မူဆယ်ဆေးရုံသို့ ရောက်လာပြီး နောက် မြို့ခံလူမှုရေးအဖွဲ့များက ဧပြီ ၁၂ ရက်တွင် နေရပ်သို့ ပြန်ပို့ခဲ့သည်။ နေအိမ်တွင် ၁၀ ရက်ကြာ နေထိုင်ပြီးနောက် ဧပြီ ၂၁ ရက်တွင် သေဆုံးသည်ဟု ၎င်း၏ ဆွေမျိုးများက ပြောသည်။

‘‘တရုတ်မယားအဖြစ် နှစ်နဲ့ချီနေခဲ့ရတယ်တဲ့။ ရောဂါရလာပြီး အခြေအနေမဟန်တော့ မြန်မာဘက်ကို ပြန်ပို့တာ။ အခြေအနေ က တော်တော်ဆိုးတယ်’’ ဟု အ ထက်ပါ အမျိုးသမီးမသေဆုံးမီ မူဆယ်နယ်စပ်မှတစ်ဆင့် လပွ တ္တာသို့ ပို့ဆောင်ပေးခဲ့သော မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

လူကုန်ကူးခံရပြီးနောက် ကျန်းမာရေး အခြေအနေ ဆိုးရွားစွာဖြင့် ပြန်ရောက်လာသော အသက်(၂၇) နှစ်အရွယ် သေဆုံးသူအမျိုးသမီးသည် မိသားစုနှင့် ၁၂နှစ်ကြာ ကွဲကွာနေခဲ့သည်။ မိသားစုထံ ပြန်ရောက်လာသော်လည်း ၁၀ ရက်အကြာတွင် သေဆုံးခဲ့ သည်။

‘‘ကင်ဆာရော၊ HIV ရောဂါကြောင့်ရော ဆုံးသွားတာလို့ဆရာမက ပြောတယ်’’ ဟု သေဆုံးသူ၏အစ်မက ပြောသည်။

အိမ်နီးချင်း နိုင်ငံများနှင့် ဆက်စပ်သော လူကုန်ကူးခံရမှုများအနက် တရုတ်နိုင်ငံသို့ ဦးတည်သော မြန်မာအမျိုးသမီး များ လူကုန်ကူးခံရမှုသည် အများဆုံးဖြစ်နေပြီး သတိပြုရန် လိုအပ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတိပေးထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top