
#Unicode Version#
မဝါဝါ ( နာမည်အမှန်မဟုတ်) ဟာ သူ့ယောင်္ကျားနဲ့အိမ်ထောင်ကျကတည်းက အရက်မူးပြီးနိုပ်စက်တာကိုခံခဲ့ရပါတယ်။
ယောင်္ကျားဖြစ်သူကလဲ ကားသမားဆိုတော့ အမြဲကားမောင်းထွက်နေပြီး ရောက်ရာအရပ်ပျော်ပါးတတ်သူတစ်ယောက်ပါ။
ယောင်္ကျားဖြစ်သူ ကျန်းမာရေးချို့ယွင်းလာ ပေမယ့် HIV ပိုးရှိနေမှန်းမသိခဲ့ သာမန်နေမကောင်းတာလို့ပဲထင်ခဲ့မိပါတယ်။
လွန်ခဲ့တဲ့၈လယောင်္ကျားဖြစ်သူဆုံးသွားမှAIDS ရောဂါရှိနေမှန်းသိခဲ့ရပါတယ်။ဒါကြောင့် သားအမိ ၃ယောက် မန္တလေးဆေးရုံကြီးလာပြီး ဆေးစစ်ကြည့်မှသားအမိ၃ယောက်စလုံး HIV ပိုးရှိနေမှန်း ကြေကွဲစွာသိရပါတော့တယ်။
အထူးသဖြင့် ငယ်ရွှယ်သော သမီးလေးနှစ်ယောက်အနာဂတ်မှာ ကျိုးပဲ့ကုန်လေပြီ။HIV ဆေးဝါးများ ဆေးရုံမှ အခမဲ့ထောက်ပံပေးသောလဲ သားသမီးအားလုံး၅ယောက်ကိုမီးသွေးရောင်းရင်းနဲ့မနိုင်ဝန်ထမ်းပြီးလုပ်ကျွေးနေရရှာပါတယ်။
တစ်လတစ်ခါကလေးမြို့ဆေးရုံကိုလာပြီးHIVဆေးလာထုတ်ရပါတယ်။ဒီတစ်လဆေးထုတ်လာတုန်းwave money နဲ့အလှုငွေတစ်သိန်းကျပ်လွှဲလှုပေးခဲ့ပါတယ်။မန္တလေးမြို့နေကိုကျော်စိုးဝင်းမှလှုဒာန်းခြင်းဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ONE TO ONE ပြည်သူ့ကူညီရေး ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ . . . မန္တလေးမြို့။