ပူျပင္​းတဲ့​ေႏြရာသီ ​ေရာက္​ၿပီဆို​ေတာ့ အားလံုး သတိထားႏိုင္​​ေအာင္​ share ျခင္​းျဖင္​့ ​ေဝမ်ွ​ေပးၾကပါဦး​ေနာ္​

Heat Stroke ကုိသတိထားၾကပါ

လြန္ခဲ့ေသာရက္ပုိင္းအတြင္းမွာ အသက္ ၂၃ ႏွစ္အရြယ္လူငယ္တစ္ဦးေနပူျပင္းခ်ိန္တြင္ အျပင္မွျပန္လာၿပီးေရခဲေသတၱာထဲက ေရသန္႕ဗူးကုိ ယူေသာက္မိပါတယ္တဲ့…

ခဏအၾကာမွာပဲ ႏုတ္ခမ္းေတြျပာႏွမ္းလာၿပီး စကားေမးမရျဖစ္လာတဲ့အတြက္ေဆးရုံကို ပုိ႕ေဆာင္ေနစဥ္္မွာပဲ ေသဆုံးသြားခဲ့ပါတယ္တဲ့…

သူေသာက္ခဲ့တဲ့ေရကုိစစ္ၾကည့္ေတာ့လဲ ရုိးရုိးေရပါပဲ၊အေလာင္းကုိခြဲစိပ္ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီးေသဆုံးေၾကာင္း ဆရာ၀န္ႀကီးေတြကအတည္ျပဳခဲ့ပါတယ္တဲ့….

အခုလုိပူျပင္းတဲ့ရာသီကုိေရာက္တဲ့အခါမွာ ျပငး္ထန္တဲ့ေနပူဒဏ္ဟာ အေရျပားကေနတဆင့္ ခႏၶာကုိယ္ေသြးေၾကာထဲကုိေရာက္ရွိသြားၿပီး၊အပူအေအးဆန္္႕က်င္ဘက္ျဖစ္စဥ္ျပင္းျပင္းထန္ထန္ျဖစ္ေပၚလာတတ္ပါတယ္တဲ့ ။

ေနပူထဲက ေန အေအးထဲကုိရုတ္ခ်ည္း၀င္ေရာက္ျခင္း၊ေရေအးေသာက္ျခင္း၊ ေရခ်ိဳးျခင္း၊အေအးခန္းတြင္းကေနရုတ္တရက္ပူျပင္းတဲ့ေနေရာင္ထဲကိုထြက္ျခင္းေတြေၾကာင့္ လူ႕ခႏၶာကုိယ္မွာအပူအေအးရုတ္တရက္ျပင္းထန္စြာေျပာင္းလဲမွဳျဖစ္စဥ္ျဖစ္ေပၚၿပီး Heat Stroke ျမန္မာလုိ ( အပူရွပ္ျခင္း ) ျဖစ္ေပၚပါတယ္တဲ့…..

Heat Stroke ျဖစ္ၿပီဆုိရင္ အပူအေအးရုတ္ခ်ည္းေျပာင္းလဲတဲ့အတြက္ ခႏၶာကုိယ္ထဲမွာရွိတဲ့ ေသြးေၾကာေတြဟာပူလုိ႕က်ယ္တဲ့ဒဏ္၊ေအးလုိ႕က်ဳံ႕တဲ့ဒဏ္ေတြေၾကာင့္ ေသြးစိးေၾကာင္းအက်ဥ္းအက်ယ္ျဖစ္တဲ့ဒဏ္ကုိမခံႏုိင္ေတာ့ပဲေသြးေၾကာႀကီးေတြဆုိအက္ကြဲလာၿပီး၊ ေသြးေၾကာငယ္ေလးေတြဆုိျပတ္ထြက္တာေတြ ျဖစ္ႏုိင္ပါတယ္တဲ့။

အသက္ႀကီးတဲ့သူေတြရဲ႕ေသြးေၾကာေတြဟာေဟာင္းႏြမ္းၿပိီးမာဆတ္ေနၿပီျဖစ္တဲ့အတြက္ ပလတ္စတစ္ပုိက္ေတြေဟာင္းႏြမ္းလာတဲ့အခါမာကြ်တ္လာသလုိ ကြဲလြယ္ေပါက္လြယ္ျဖစ္လာတာေၾကာင့္ အသက္ႀကီးတဲ့လူေတြမွာပုိျဖစ္လြယ္ပါတယ္တဲ့။

အထူးသျဖင့္အသက္ ၅၀ ေက်ာ္လူႀကီးေတြ၊ ေသြးတုိးေရာဂါသမားေတြ အထူူးသတိထားသင့္ပါတယ္တဲ့။

လူႀကီးပဲျဖစ္ျဖစ္ လူငယ္ပဲျဖစ္ျဖစ္ Heat Stroke ျဖစ္ၿပီဆုိ သတိလစ္တာ၊အဖ်ားႀကီးၿပီးတက္တာ၊ ဖ်ားၿပီးဦးေႏွာက္အေျမးေရာင္တာ၊အူတြင္းေသြးေၾကာေတြ၊ဦးေႏွာက္ေသြးေၾကာေတြေပါက္ထြက္တာေတြျဖစ္ၿပီးအသက္ဆုံးရွံဳးႏုိင္ပါတယ္တဲ့။

Heat Stroke မျဖစ္ေအာင္ဒါေတြကုိေရွာင္ရပါမယ္တဲ့-

(၁) ေနျပင္းခ်ိန္အျပင္မထြက္ပါႏွင့္၊မလြဲသာလုိ႕ထြက္ရမယ္ဆုိရင္လည္းအေဆာင္း၊ အကာ၊ ထီး၊ ဦးထုပ္ပါရမည္။

(၂) ေစာင့္ဆုိင္းရေသာအလုပ္ျဖစ္လ်င္ သစ္ပင္အရိပ္၊အမုိးအကာေအာက္မွ ေစာင့္ပါ။

(၃)ေရေသာက္လ်င္ရုိးရုိးေရေသာက္ပါ။ေရခဲေရမေသာက္ပါႏွင့္။

(၄)အဲကြန္းကားစီးၿပီး၊ေနပူရွိန္ျပင္းေသာေနရာတြင္ဆင္းရမည္ဆုိလ်င္မဆင္းမီကႀကိဳတင္ေရေသာက္ထားပါ။အစာအိမ္အတြင္းေရရွိလ်င္ေသြးေၾကာမ်ားက ေရကိုစုပ္ယူထားသျဖင့္သာမန္အပူဒဏ္ကုိခံႏုိင္ရည္ရွိသည္။

(၅)ေနပူထဲမွလာၿပီးခႏၶာကုိယ္မေအးမီခ်က္ျခင္းေရမခ်ိဳးပါႏွင့္၊မ်က္ႏွာမသစ္ပါႏွင့္၊ေျခေထာက္မေဆးပါႏွင့္။

(၆)ပူစပ္တဲ့အစာစားရင္ကုိယ္အပူရွိန္တက္္တတ္ၿပီး၊ပူျပင္းတဲ့ေန႕လည္ႏွင့္ညေနေစာင္းေတြမွာအရက္ေသစာမေသာက္စားသင့္ပါ။

(၇)ေရေႏြးၾကမး္မွာဆားေလွာ္အနည္းငယ္ခပ္ေသာက္တာဟာ ေရွးလူႀကီးမ်ား၏အပူဒဏ္ကာကြယ္နည္းတစ္မ်ိဳးျဖစ္တဲ့အတြက္က်င့္သုံးသင့္ပါတယ္တဲ့.

ယခုႏွစ္မွာ အယ္နီညိဳရာသီဥတုေၾကာင့္ျမန္မာႏုိင္ငံဟာ အျပင္းထန္ဆုံးအပူခ်ိန္ကုိခံစားရမွာျဖစ္တဲ့အေၾကာင္း မုိးေလ၀သပညာရွင္ေတြကခန္႕မွန္းထားၾကသလုိပဲ ပူျပင္းလြန္းတာေၾကာင့္ မီေလာင္မွဳေတြကုိ ဆက္တုိက္ႀကံဳေတြ႕ေနၾကရပါၿပီ။

အပူဒဏ္ဟာ မီးေလာင္မွဳအျပင္ HeatStroke ကုိပါျဖစ္ေစႏုိင္ၿပီး အသက္အႏၵရာယ္ကုိပါထိခုိက္ႏုိင္တာေၾကာင့္လုပ္ရုိးလုပ္စဥ္အလုပ္ေတြကုိ ပုံမွန္ရာသီဥတုမွာလုိ ေပါ့ေပါ့ဆဆ သြားလာေနထုိင္လုပ္ကုိင္ေနရုံနဲ႕ မလုံေလာက္ပါေၾကာင္းႏွင့္ Heat Stroke မျဖစ္ေအာင္ သတိထားၿပီးေနထုိင္ သြားလာသင့္ပါေၾကာင္းႏုိးေဆာ္တင္ျပလုိက္ပါတယ္ခင္ဗ်ား။

မွီျငမ္းကုိးကား; ၅-၃-၂၀၁၆ ေန႕ထုတ္ေၾကးမုံသတင္းစာပါ…ေဆာင္းပါးရွင္ၾကည္လြင္ျမင့္(မုျဒာ)၏Heat Stroke ေရာက္လာၿပီ ေဆာင္းပါး

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေရႊၾကာ
#Unicode Version#
ပူပြင်းတဲ့နွေရာသီ ရောက်ပြီဆိုတော့ အားလုံး သတိထားနိုင်အောင် share ခြင်းဖြင့် ဝေမျှပေးကြပါဦးနော်

Heat Stroke ကိုသတိထားကြပါ

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦးနေပူပြင်းချိန်တွင် အပြင်မှပြန်လာပြီးရေခဲသေတ္တာထဲက ရေသန့်ဗူးကို ယူသောက်မိပါတယ်တဲ့…

ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်တဲ့…

သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊အလောင်းကိုခွဲစိပ် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း ဆရာဝန်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့….

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊အပူအအေးဆန့််ကျင်ဘက်ဖြစ်စဉ်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်းဝင်ရောက်ခြင်း၊ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်းကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့…..

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့် သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊ သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့သွေးကြောတွေဟာဟောင်းနွမ်းပြီးမာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေဟောင်းနွမ်းလာတဲ့အခါမာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့် အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ အထူူးသတိထားသင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊ ဖျားပြီးဦးနှောက်အမြေးရောင်တာ၊အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင်ဒါတွေကိုရှောင်ရပါမယ်တဲ့-

(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်းအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။

(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။

(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။

(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်မဆင်းမီကကြိုတင်ရေသောက်ထားပါ။အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကိုခံနိုင်ရည်ရှိသည်။

(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။

(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာအရက်သေစာမသောက်စားသင့်ပါ။

(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်ကျင့်သုံးသင့်ပါတယ်တဲ့.

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်တိုက်ကြုံတွေ့နေကြရပါပြီ။

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့ မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်းနိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။

မှီငြမ်းကိုးကား; ၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ…ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏Heat Stroke ရောက်လာပြီ ဆောင်းပါး


ဖိုးသူတော်(www.phothutaw.com)
Credit:ရွှေကြာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top