20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

Justin Bieber ဟာ သီခ်င္းေတြလုပ္ေနတာခဏရပ္မယ္လို႔ ပရိသတ္ေတြကုိ အသိေပးထားခဲ့တာမၾကာေသးပါဘူး။ သူ႔ရဲ႕ စိတ္ေရာလူေရာ က်န္းမာေရးအတြက္လို႔ဆိုပါတယ္။ သူ႔အနားမွာ သူ႔ကုိအခ်စ္နုိင္ဆံုးအမ်ိဳးသမီးေလး Hailey ကလည္း အျမဲတမ္းအလိုက္တသိနဲ႔ဂရုတစုိက္ျဖည့္ဆည္းေပးေနခဲ့တာပါ။ Hailey ရဲ႕ သည္းခံနုိင္စြမ္းကေတာ့ ဘယ္သူနဲ႔မွမတူတယ္ဆိုသလုိပဲ နွစ္ေတြအၾကာၾကီး JB ကုိ တစ္ဖက္သတ္ခ်စ္လာတဲ့ Hailey ဟာ JB က Selena ကုိမေမ့ေသးဘူးတိုိ႔ Selena ေၾကာင့္ငုိတယ္တို႔ဆိုတာေတြကုိလည္း စကားတစ္ခြန္းမွမဆိုပဲသည္းခံခဲ့တာခ်ည္းပါပဲ။ အဲဒီလိုသည္းခံလြန္းတဲ့ Hailey ကုိမွ JB ကလည္း ခ်စ္မွန္းသိေတာ့ အနုိင္က်င့္ေနခဲ့တာပါ။ ဒါေပမယ့္ JB ရဲ႕ အနုိင္က်င့္မႈေတြက အနည္းငယ္လြန္သြားျပီဆိုရမွာပါပဲ။

အခုတေလာ လူမႈကြန္ယက္ေတြေပၚမွာ ပ်ံ႕နွံ႔ေနတဲ့သတင္းေတြအရ JB က သူ႔ကုိသိပ္ခ်စ္တဲ့ Hailey ကုိ ကုိယ္ထိလက္ေရာက္လုပ္လိုက္တယ္လို႔ဆိုပါတယ္။ သူသိပ္ခ်စ္ပါတယ္ဆိုတဲ့ Hailey ကုိ JB က လူျမင္ကြင္းမွာ လက္သီးနဲ႔ပိတ္ထုိးခဲ့တဲ့ ကိစၥၾကီးဟာ တစ္ကမၻာလံုးမွာ ဟုိးေလးတေက်ာ္ျဖစ္သြားခဲ့ပါတယ္။ နွစ္ေယာက္သား အဆင္ေျပေျပနဲ႔ သြားလာစားေသာက္ေနရင္း ဘယ္လုိစိတ္ကူးေပါက္တယ္မသိဘူး။ အေရွ႕ကေနသြားေနတဲ့ Hailey ကုိ JB က ေနာက္ကေန သူ႔အားၾကီးနဲ႔ လက္သီးနဲ႔ပိတ္ထုိးပစ္ခဲ့တာပါပဲတဲ့။

တကယ္ေတာ့ JB က ခ်စ္ဇနီးကုိ စခဲ့တာပါ။ Hailey ရဲ႕ တင္ပါးကို လက္သီးနဲ႔ပိတ္ထုိးျပီး ရုတ္တရက္အငုိက္မိသြားေအာင္ ခ်စ္စနိုးစခဲ့တာလို႔သိရပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ JB ရဲ႕ စိတ္ဂနာမျငိမ္မႈဟာ ပုိဆိုးလာျပီလားလို႔စုိးရိမ္ေနၾကပါတယ္။ ေအးေအးလူလူူသြားလာရင္းနဲ႔ ရုတ္တရက္ ခ်စ္ဇနီးကုိလက္သီးနဲ႔ထိုးျပီးစေနာက္တာ၊ လူျမင္ကြင္းမွာ ရုပ္ပ်က္ေအာင္စပ္စလူးထျပီးေပ်ာ္ရႊင္ေနၾကတာေတြက JB ရဲ႕ စိတ္ဂနာမျငိမ္မႈကုိမီးေမာင္းထိုးျပေနတယ္လို႔ ပရိသတ္အခ်ိဳ႕ကသံုးသပ္ေနၾကပါတယ္။

ဒါ့အျပင္ အဲဒီအျပဳအမူေတြအရ JB ဟာ တကယ္ေပ်ာ္ေနတာမဟုတ္ဘူးလို႔ေျပာဆိုေနၾကတာေတြလည္းရွိေနပါတယ္။ ဟုိးအရင္ Selena နဲ႔ တြဲေနတုန္းက လူျမင္ကြင္းေတြမွာဆို လူၾကီးလူေကာင္းဆန္ဆန္ေအးခ်မ္းသိမ္ေမြ႕စြာေနထိုင္တတ္ျပီး Selena ရဲ႕ လက္ကေလးကုိတယုတယတြဲလို႔ ပါးေလးကုိနမ္းတာေလာက္ပဲအလြန္ဆံုးလုပ္တတ္တဲ့ သိမ္ေမြ႕တဲ့ JB ဟာ Hailey နဲ႔မွျဖစ္ခ်င္တိုင္းျဖစ္ေနတယ္ဆိုတာ Hailey ကုိ တန္ဖိုးမထားလို႔ဆိုျပီး ေဝဖန္ေနၾကသူေတြလည္းရွိေနပါတယ္။

ပရိသတၾကီးေရာ Justin တစ္ေယာက္ တကယ္ေပ်ာ္ရႊင္ေနတယ္ထင္လား။ လူတစ္ေယာက္ရဲ႕ေပ်ာ္ရႊင္မႈကုိျပတဲ့အျပဳအမူေတြက အသက္အရြယ္အလိုက္ေျပာင္းလဲသြားတတ္ၾကလား။ ဒါမွမဟုတ္ ေဝဖန္ေနၾကတဲ့စကားေတြလိုပဲ ကုိယ္နုိင္စားလို႔ရတဲ့လူကုိယူထားျပီး နွလံုးသားက အျခားေနရာမွာေရာက္ေနလို႔ JB ဟာ ေပ်ာ္ခ်င္ဟန္ေဆာင္ေနတာမ်ားျဖစ္မလား.. ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Can’t Wait To Say
#Unicode Version#
Justin Bieber ဟာ သီချင်းတွေလုပ်နေတာခဏရပ်မယ်လို့ ပရိသတ်တွေကို အသိပေးထားခဲ့တာမကြာသေးပါဘူး။ သူ့ရဲ့ စိတ်ရောလူရော ကျန်းမာရေးအတွက်လို့ဆိုပါတယ်။ သူ့အနားမှာ သူ့ကိုအချစ်နိုင်ဆုံးအမျိုးသမီးလေး Hailey ကလည်း အမြဲတမ်းအလိုက်တသိနဲ့ဂရုတစိုက်ဖြည့်ဆည်းပေးနေခဲ့တာပါ။ Hailey ရဲ့ သည်းခံနိုင်စွမ်းကတော့ ဘယ်သူနဲ့မှမတူတယ်ဆိုသလိုပဲ နှစ်တွေအကြာကြီး JB ကို တစ်ဖက်သတ်ချစ်လာတဲ့ Hailey ဟာ JB က Selena ကိုမမေ့သေးဘူးတို့ Selena ကြောင့်ငိုတယ်တို့ဆိုတာတွေကိုလည်း စကားတစ်ခွန်းမှမဆိုပဲသည်းခံခဲ့တာချည်းပါပဲ။ အဲဒီလိုသည်းခံလွန်းတဲ့ Hailey ကိုမှ JB ကလည်း ချစ်မှန်းသိတော့ အနိုင်ကျင့်နေခဲ့တာပါ။ ဒါပေမယ့် JB ရဲ့ အနိုင်ကျင့်မှုတွေက အနည်းငယ်လွန်သွားပြီဆိုရမှာပါပဲ။

အခုတလော လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းတွေအရ JB က သူ့ကိုသိပ်ချစ်တဲ့ Hailey ကို ကိုယ်ထိလက်ရောက်လုပ်လိုက်တယ်လို့ဆိုပါတယ်။ သူသိပ်ချစ်ပါတယ်ဆိုတဲ့ Hailey ကို JB က လူမြင်ကွင်းမှာ လက်သီးနဲ့ပိတ်ထိုးခဲ့တဲ့ ကိစ္စကြီးဟာ တစ်ကမ္ဘာလုံးမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ နှစ်ယောက်သား အဆင်ပြေပြေနဲ့ သွားလာစားသောက်နေရင်း ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး။ အရှေ့ကနေသွားနေတဲ့ Hailey ကို JB က နောက်ကနေ သူ့အားကြီးနဲ့ လက်သီးနဲ့ပိတ်ထိုးပစ်ခဲ့တာပါပဲတဲ့။

တကယ်တော့ JB က ချစ်ဇနီးကို စခဲ့တာပါ။ Hailey ရဲ့ တင်ပါးကို လက်သီးနဲ့ပိတ်ထိုးပြီး ရုတ်တရက်အငိုက်မိသွားအောင် ချစ်စနိုးစခဲ့တာလို့သိရပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ JB ရဲ့ စိတ်ဂနာမငြိမ်မှုဟာ ပိုဆိုးလာပြီလားလို့စိုးရိမ်နေကြပါတယ်။ အေးအေးလူလူူသွားလာရင်းနဲ့ ရုတ်တရက် ချစ်ဇနီးကိုလက်သီးနဲ့ထိုးပြီးစနောက်တာ၊ လူမြင်ကွင်းမှာ ရုပ်ပျက်အောင်စပ်စလူးထပြီးပျော်ရွှင်နေကြတာတွေက JB ရဲ့ စိတ်ဂနာမငြိမ်မှုကိုမီးမောင်းထိုးပြနေတယ်လို့ ပရိသတ်အချို့ကသုံးသပ်နေကြပါတယ်။

ဒါ့အပြင် အဲဒီအပြုအမူတွေအရ JB ဟာ တကယ်ပျော်နေတာမဟုတ်ဘူးလို့ပြောဆိုနေကြတာတွေလည်းရှိနေပါတယ်။ ဟိုးအရင် Selena နဲ့ တွဲနေတုန်းက လူမြင်ကွင်းတွေမှာဆို လူကြီးလူကောင်းဆန်ဆန်အေးချမ်းသိမ်မွေ့စွာနေထိုင်တတ်ပြီး Selena ရဲ့ လက်ကလေးကိုတယုတယတွဲလို့ ပါးလေးကိုနမ်းတာလောက်ပဲအလွန်ဆုံးလုပ်တတ်တဲ့ သိမ်မွေ့တဲ့ JB ဟာ Hailey နဲ့မှဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုတာ Hailey ကို တန်ဖိုးမထားလို့ဆိုပြီး ဝေဖန်နေကြသူတွေလည်းရှိနေပါတယ်။


ပရိသတကြီးရော Justin တစ်ယောက် တကယ်ပျော်ရွှင်နေတယ်ထင်လား။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုကိုပြတဲ့အပြုအမူတွေက အသက်အရွယ်အလိုက်ပြောင်းလဲသွားတတ်ကြလား။ ဒါမှမဟုတ် ဝေဖန်နေကြတဲ့စကားတွေလိုပဲ ကိုယ်နိုင်စားလို့ရတဲ့လူကိုယူထားပြီး နှလုံးသားက အခြားနေရာမှာရောက်နေလို့ JB ဟာ ပျော်ချင်ဟန်ဆောင်နေတာများဖြစ်မလား.. ပြောခဲ့ကြပါဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top