မဂၤလာပါ ပ်ိဳေမေလးတို႔ေရ။ အခုတေလာ ပ်ိဳေမေလးေတြၾကား ေရပန္းစားေနတဲ့ စကားလံုးေလးကေတာ့ မ်က္ႏွာ Glow တယ္ ဆိုတဲ့စကားစုပဲျဖစ္ပါတယ္။ Glow တဲ့ ပံုစံေလးရဖို႔ မိတ္ကပ္ျပင္ဆင္ရတာလည္း အေမာပဲေပါ့ေနာ္။ Glow ေအာင္ မိတ္ကပ္လိမ္းထားတာကို “နင့္ မ်က္ႏွာက အဆီျပန္ေနတာလား” လို႔ အေမးခံရရင္ ေဒါသက ဘယ္နားက ထြက္လို႔ ထြက္ရမွန္းမသိတဲ့ ခံစားခ်က္မ်ိဳး ခံစားဖူးၾကမွာပါေနာ္။

ဒီတစ္ခါ ေျပာျပေပးမယ့္ ေပါင္းတင္နည္းေလးကေတာ့ မိတ္ကပ္လိမ္းစရာမလိုဘဲ သဘာဝအတိုင္း အသားအေရ Glow ေစမယ့္ နည္းလမ္းေလးပဲျဖစ္ပါတယ္။ အဆီျပန္သလိုမ်ိဳး မ်က္ႏွာမွာ အဆီတဝင္းဝင္းျဖစ္မွာမဟုတ္ဘဲ အသားအေရက ေျပာင္ေျပာင္ တင္းတင္းေလးနဲ႔ ဝင္းဝင္းပပ Glow ေနမွာပဲျဖစ္ပါတယ္။

စေတာ္ဘယ္ရီသီးနဲ႔ ေပါင္းတင္မယ္

လတ္ဆတ္တဲ့ စေတာ္ဘယ္ရီ ၆ လုံးမွ ၁၀ လံုးႏွင့္ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ လိုအပ္ပါမယ္။ စေတာ္ဘယ္ရီသီးကို လက္နဲ႔ ဖိေခ်လိုက္ပါ၊ ဒါမွမဟုတ္ သစ္သီးေဖ်ာ္စက္သံုးၿပီး ႀကိတ္ေခ်လိုက္ပါ။ ရလာတဲ့ စေတာ္ဘယ္ရီအႏွစ္ေတြကို ပ်ားရည္နဲ႔ သမေအာင္ ထပ္ေရာေပးရပါမယ္။ ထို႔ေနာက္ မ်က္ႏွာေပၚ သုတ္လိမ္းၿပီး မိနစ္ ၂၀ ၾကာေအာင္ ေစာင့္ေပးလိုက္ပါ။ အခ်ိန္ျပည့္တဲ့အခါ ၾကက္သီးေႏြး ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ၿပီးေနာက္ ေရေအးေလးနဲ႔ ထပ္မံ မ်က္ႏွာသစ္ေပးရပါမယ္။

႐ွားေစာင္းလက္ပတ္ဂ်ယ္လ္နဲ႔ ေပါင္းတင္မယ္

႐ွားေစာင္းလက္ပတ္ဂ်ယ္လ္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ႏြားႏို႔ ခရင္မ္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ နႏြင္းမႈန္႔ လက္ညွိဳးနဲ႔ လက္မၾကား တစ္ဖ်စ္စာတို႔ လိုအပ္ပါမယ္။ ပါဝင္ပစၥည္းမ်ား အားလံုးကို သမေအာင္ ေရာေႏွာလိုက္ပါ။ ထို႔ေနာက္ မ်က္ႏွာနဲ႔ လည္ပင္းတစ္ဝိုက္ကို ညီညီညာညာသုတ္လိုက္လိုက္ပါ။ မိနစ္ ၂၀၊ ၃၀ ၾကာမွ ၾကက္သီးေႏြးေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ၿပီး ေဆးခ်လိုက္ပါ။

ငွက္ေပ်ာသီးနဲ႔ ေပါင္းတင္မယ္

ငွက္ေပ်ာသီးမွည့္ တစ္လံုးနဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါမယ္။ ငွက္ေပ်ာသီးကို အႏွစ္မ်ား ရေအာင္ ႀကိတ္ေခ်ၿပီးေနာက္ ပ်ားရည္နဲ႔ သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထို႔ေနာက္ မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ၾကာမွ ၾကက္သီးေႏြး ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။ ၿပီးရင္ ေရေအးေလးနဲ႔ ထပ္သစ္ေပးရပါမယ္။

ဒီေပါင္းတင္နည္းေတြကို တစ္ပတ္မွ တစ္ႀကိမ္၊ ဒါမွမဟုတ္ ထူးျခားတဲ့အက်ိဳးရလဒ္ကို ျမန္ျမန္ႀကံဳေတြ႔ခ်င္တယ္ဆိုရင္ေတာ့ တစ္ပတ္ ႏွစ္ႀကိမ္၊ သံုးႀကိမ္ခန္႔ ျပဳလုပ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystylemyanmar

#Unicode Version#
မင်္ဂလာပါ ပျိုမေလေးတို့ရေ။ အခုတလော ပျိုမေလေးတွေကြား ရေပန်းစားနေတဲ့ စကားလုံးလေးကတော့ မျက်နှာ Glow တယ် ဆိုတဲ့စကားစုပဲဖြစ်ပါတယ်။ Glow တဲ့ ပုံစံလေးရဖို့ မိတ်ကပ်ပြင်ဆင်ရတာလည်း အမောပဲပေါ့နော်။ Glow အောင် မိတ်ကပ်လိမ်းထားတာကို “နင့် မျက်နှာက အဆီပြန်နေတာလား” လို့ အမေးခံရရင် ဒေါသက ဘယ်နားက ထွက်လို့ ထွက်ရမှန်းမသိတဲ့ ခံစားချက်မျိုး ခံစားဖူးကြမှာပါနော်။

ဒီတစ်ခါ ပြောပြပေးမယ့် ပေါင်းတင်နည်းလေးကတော့ မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်း အသားအရေ Glow စေမယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ အဆီပြန်သလိုမျိုး မျက်နှာမှာ အဆီတဝင်းဝင်းဖြစ်မှာမဟုတ်ဘဲ အသားအရေက ပြောင်ပြောင် တင်းတင်းလေးနဲ့ ဝင်းဝင်းပပ Glow နေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီသီးနဲ့ ပေါင်းတင်မယ်

လတ်ဆတ်တဲ့ စတော်ဘယ်ရီ ၆ လုံးမှ ၁၀ လုံးနှင့် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါမယ်။ စတော်ဘယ်ရီသီးကို လက်နဲ့ ဖိချေလိုက်ပါ၊ ဒါမှမဟုတ် သစ်သီးဖျော်စက်သုံးပြီး ကြိတ်ချေလိုက်ပါ။ ရလာတဲ့ စတော်ဘယ်ရီအနှစ်တွေကို ပျားရည်နဲ့ သမအောင် ထပ်ရောပေးရပါမယ်။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ ကြာအောင် စောင့်ပေးလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပြီးနောက် ရေအေးလေးနဲ့ ထပ်မံ မျက်နှာသစ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ပေါင်းတင်မယ်

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ ခရင်မ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ညှိုးနဲ့ လက်မကြား တစ်ဖျစ်စာတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို ညီညီညာညာသုတ်လိုက်လိုက်ပါ။ မိနစ် ၂၀၊ ၃၀ ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ဆေးချလိုက်ပါ။

ငှက်ပျောသီးနဲ့ ပေါင်းတင်မယ်

ငှက်ပျောသီးမှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ ငှက်ပျောသီးကို အနှစ်များ ရအောင် ကြိတ်ချေပြီးနောက် ပျားရည်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ပြီးရင် ရေအေးလေးနဲ့ ထပ်သစ်ပေးရပါမယ်။

ဒီပေါင်းတင်နည်းတွေကို တစ်ပတ်မှ တစ်ကြိမ်၊ ဒါမှမဟုတ် ထူးခြားတဲ့အကျိုးရလဒ်ကို မြန်မြန်ကြုံတွေ့ချင်တယ်ဆိုရင်တော့ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top