




Credit:Thutasone
#Unicode Version#
အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းစာသားအလန်းစားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တဲ့ G Fatt က အမာခံပရိသတ်တွေ အမြောက်အများ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
တစ်ကိုယ်တော် အခွေတွေ ထွက်ရှိထားသလို One Man Show ပွဲကြီးကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
G Fatt နဲ့ နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ Idol Couple လေးအဖြစ် ချစ်ခင်အားပေးမှုကို ရရှိထားကြတာ ဖြစ်ပါတယ်။ အရမ်းကို လိုက်ဖက်ညီတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ “အကယ်၍လက်ထပ်ဖြစ်ခဲ့ရင်” ဆိုတဲ့ သီချင်းလေးကလည်း တော်တော်လေးကို နာမည်ကြီးအောင်မြင်ခဲ့ပါတယ်။
အခုလတ်တလောမှာတော့ သူတို့ချစ်သူနှစ်ဦးက တရားဝင် လမ်းခွဲပြတ်စဲလိုက်ပြီဆိုတဲ့ သတင်းတစ်ချို့လည်း ထွက်ပေါ်လာခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ Apirl 1 ရက်နေ့မှာတော့ နန်းဆုက “ဒီတခါကတကယ်ပြတ်တာပါနော် single is the best ပါ စုံစမ်းမေးမြန်းခြင်းသည်းခံပါ” ဆိုပြီး တင်ခဲ့ပြီး ပရိသတ်တွေကတော့ Apirl Fool Day ဖြစ်တာကြောင့် စနောက်တယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ G Fatt က ” ဒီအတိုင်းဆိုရင်တော့ လမ်းခွဲဖို့ပဲရှိတယ်” ဆိုပြီး သူရဲ့ My Story မှာ ရေးသားခဲ့ပါတယ်။
နန်းဆုကတော့ လက်ရှိမှာ သူငယ်ချင်းနဲ့အတူ ဗောဓိညောင်ပင် အဓိဌာန်ဝင်နေတာ (၂) ရက်ရှိပြီ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦး အမြန်ဆုံး ပြန်လည်အဆင်ပြေဖို့ ပရိသတ်တွေလည်း ဆုတောင်းပေးကြပါဦးနော်။
ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
Source:G Fatt & Nansu Yati Soe