အသားအေရအမ်ိဳးအစားအလိုက္ သင္နဲ႔လိုက္ဖက္တဲ့ Foundation ကိုဘယ္လိုေရြးခ်ယ္မလဲ။ ဒါက စိန္ေခၚမႈတစ္ခုလိုပါပဲ။ Foundation တစ္ခု ေရြးတဲ့အခ်ိန္ အေရာင္နံပါတ္ေတြ အေရာင္ေတြ အမ်ိဳးအစားအမ်ားၾကီးရွိပါတယ္။ မိတ္ကပ္ေတြကလည္း Brand ေတြအမ်ားၾကီးဆုိေတာ့ ေရြးရအခက္သား။ ျပစ္မ်ိဳးမဲ့မထင္ ေခ်ာမြတ္ျပီး မိတ္ကပ္သိပ္သိပ္ေလးလိုခ်င္တာကေတာ့ အားလံုးရဲ႕ အိပ္မက္ပဲမဟုတ္လား။

မွားေရြးမိျပန္ရင္လည္း မိတ္ကပ္ဖိုးနဲ႔တင္ လြယ္တာမဟုတ္ဘူးေနာ္။ မၾကိဳက္လို႔ လႊင့္ပစ္ဖို႔ကလည္းအခက္သားေလ။ ဒါေၾကာင့္ ကိုယ္နဲ႔ လိုက္ဖက္တာ ဘယ္လို Foundation အမ်ိဳးအစားလဲသိိထားရင္ေတာ့ အေကာင္းဆံုးပါပဲ။ ပ်ိဳေမတို႔အတြက္ မွန္ကန္တဲ့ Foundation ကို ဘယ္လိုေရြးခ်ယ္မလဲဆိုတာ MyStyle Myanmar ကေန တင္ျပလုိက္ပါတယ္။

၁။ သင့္အသားအေရဘယ္အမ်ိဳးအစားထဲပါဝင္လဲ သိထားပါ

အသားအေရအမ်ိဳးအစားသိထားတာက မွန္ကန္တဲ့ Foundation ေရြးခ်ယ္တဲ့ေနရာမွာ အခရာတစ္ခုပါပဲ။

-အဆီျပန္တဲ့အသားအေရ

သင္က အဆီျပန္တဲ့အသားအေရကိုပိုင္ဆိုင္သူဆုိရင္ေတာ့ အဆီမပါတဲ့ Oil-free မိတ္ကပ္အရည္ကိုဝယ္သင့္ပါတယ္။ ဒီအရည္ထဲမွာ အဆီကို စုပ္ယူတဲ့ ေပါင္ဒါပါဝင္ျပီးေတာ့ ေခ်ာမြတ္တဲ့ Matte ပံုစံမ်ိဳး ရေစပါတယ္။ Mineral Foundation ကလည္း အဆီျပန္တဲ့အသားအေရအတြက္ သင့္ေတာ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေျခာက္ေသြ႕တဲ့အမႈန္ေတြက စြတ္စိုမႈကို စုတ္ယူျပီး ေတာက္ပေစလို႔ပါ။

ေျခာက္ေသြ႕တဲ့အသားအေရ

သင့္အသားအေရက ေျခာက္ေသြ႕တဲ့အထဲပါရင္ေတာ့ေရဓာတ္ျဖည့္ေပးတဲ့ Hydration Powder Foundation၊ Liquid ဒါမွမဟုတ္ Stick Foundation ကိုသံုးေပးပါ။ ဒီ Foundation ေတြက အႏွစ္မ်ားတဲ့ Creamy ပံုစံမို႔ အေရျပားကို အစိုဓာတ္ေပးျပီး Coverage ဖံုးကြယ္ေပးတာ ေကာင္းမြန္ပါတယ္။

ေပါင္းစပ္အသားအေရ

သင္ဟာ အသားအေရတစ္ကြက္ အဆီျပန္လိုက္ တစ္ခ်ိဳ႕ေနရာမွာ ေျခာက္ေသြ႕လိုက္ဆိုရင္ေတာ့ေပါင္းစပ္အသားအေရပိုင္ရွင္ပါ။ ဒီလိုအသားအေရပို္င္ရွင္ေတြက Foundation ေရြးရတာခက္ခဲပါတယ္။ ေပါင္းစပ္ေဖာ္ျမဴလာ Matching Formula ဆိုျပီးပါဝင္တဲ့ Foundation မ်ိဳးကိုေရြးခ်ယ္ျပီး အဆီမ်ားလြန္းတဲ့ Foundation မ်ိဳးကိုေတာ့ ေရွာင္ရပါမယ္။ Maybelline Fit Me Matte and Poreless Foundation က ေပါင္းစပ္အသားအေရပိုင္ရွင္ေတြနဲ႔သင့္ေတာ္ပါတယ္။

အထိအခိုက္လြယ္တဲ့ အသားအေရ

သင့္အသားအေရက ဒီထဲပါေနရင္ေတာ့ အထူးေရွာင္ရမွာက သင့္အေရျပားကို ယားယံေစတဲ့ အယ္လ္ကိုေဟာနဲ႔ အနံ႔ပါဝင္တဲ့ Foundation ေတြပါ။ Mineral Oil၊ Talc ဆိုျပီး မိတ္ကပ္ပါဝင္ပစၥည္းထဲမွာ ပါရင္ေတာ့ လံုးဝေရွာင္ရပါမယ္။ သင့္မိတ္ကပ္ထဲမွာ ဒီနာမည္ေတြပါလား စစ္ၾကည့္ပါဦးေနာ္။

၂။ ကိုယ့္အသားအေရနဲ႔ လိုက္တဲ့အေရာင္ကို ေရြးတတ္ပါေစ

ကိုယ္နဲ႔လိုက္ဖက္တဲ့ မိတ္ကပ္အေရာင္ကို ဘယ္လိုေရြးမလဲ။ သင့္အသားအေရေပၚမွာ Foundation စမ္းဖို႔အေကာင္းဆံုးေနရာကေတာ့ လည္ပင္း ဒါမွမဟုတ္ ေမးရိုးဆက္ပါပဲ။ သင္နဲ႔လုိက္ဖက္တဲ့အေရာင္က သင့္အသားအေရနဲ႔ တစ္ထပ္တည္းျဖစ္သြားမွာပါ။ ကိုယ့္အသားအေရထက္ ပိုျဖဴေနတာမ်ိဳး ဒါမွမဟုတ္ ပိုညိုသြားတာမ်ိဳးျဖစ္ေနရင္ သင့္အေရာင္မဟုတ္ပါဘူး။ ေႏြရာသီ ေဆာင္းရာသီလိုရာသီေတြမွာ မိတ္ကပ္အေရာင္ႏွစ္မ်ိဳးေရာစပ္လိမ္းႏိုင္ပါတယ္။ သင့္ရဲ႕ အသားအေရအေရာင္က တစ္ႏွစ္လံုးမွာ အေျပာင္းအလဲရွိႏိုင္လို႔ပါ။

တကယ္လို႔ ကိုယ္က ေရြးခ်ယ္ရာမွာ ဇေဝဇဝါျဖစ္ေနရင္ အနည္းငယ္ညိဳတာမ်ိဳးကိုေရြးလိုက္ပါ။ ပိုျဖဴတဲ့ အေရာင္က သဘာဝမက်ဘဲ ျဖဴထြက္သြားတတ္လို႔ပါ။

၃။ သင့္အသားအေရအေရာင္ကို သိပါေစ

မ်က္ႏွာေျပာင္ဘာမွမလိမ္းထားတဲ့အခ်ိန္မွာကိုယ့္အသားအေရကို ၾကည့္လိုက္ပါ။ အဝါေရာင္သန္းတယ္ဆိုရင္ေတာ့ သင္က Warm လို႔ေခၚတဲ့ အသားအေရအမ်ိဳးအစားပါ။ ပန္းေရာင္သန္းေနတယ္ဆိုရင္ေတာ့ သင္က Cool အေရာင္အမ်ိဳးအစားပါ။ ဒီႏွစ္ေရာင္ေပါင္းစပ္ထားရင္ေတာ့ သင္ဟာ ၾကားေန Neutral အေရာင္ပါ။ ေနာက္တစ္နည္းက သင့္ေသြးေၾကာအေရာင္ကို ၾကည့္ဖို႔ပါ။ သင့္လက္ဖ်ံေသြးေၾကာအေရာင္ကို ေနေရာင္ေအာက္မွာ ၾကည့္လိုက္ပါ။ ခရမ္းေရာင္ဒါမွမဟုတ္ အျပာေရာင္သန္းေနရင္ သင္က Cool အေရာင္ပါ။ အစိမ္းေရာင္ဆိုရင္ေတာ့ Warm-toned ပါ။ ဒီေတာ့ Foundation ဘယ္လိုေရြးမလဲ။ Foundation ေတြမွာ Warm-toned Cool-toned ဆိုျပီး ေရးထားတတ္ပါတယ္။

၄။ ကိုယ့္ရဲ႕ Finish ကိုသိပါ

ဒါကဘာကိုဆုိလိုတာလဲဆုိေတာ့ ကိုယ့္ရဲ႕ မိတ္ကပ္ကေနာက္ဆံုးမွာ ဘယ္လုိပံုစံမ်ိဳးေပၚခ်င္တာလဲဆိုတာ ေရြးခ်ယ္ရတာပါ။ Matte ပံုစံ မိတ္ကပ္သိပ္သိပ္ေလးသြားခ်င္တာလား။ ဒါမွမဟုတ္ ေတာက္ပျပီးေတာ့ အသားအေရကို လင္းသြားခ်င္တာလား။ Foundation ေတြမွာ ဘာ Finish Foundation ဆိုျပီးေရးထားတတ္ပါတယ္။ အဆီျပန္တဲ့အသားအေရ ေပါင္းစပ္အသားအေရပိုင္ရွင္ေတြက Matte Finish Foundation ဘက္သြားသင့္ပါတယ္။

၅။ မဝယ္ခင္စမ္းလိမ္းၿကည့္ပါ

အလွျပင္ပစၥည္းေရာင္းတဲ့ဆိုင္ကို ဘယ္ တံဆိပ္က ဘယ္သူညႊန္လိုက္လို႔ဆိုျပီး တန္းမဝယ္လိုက္ပါနဲ႔။ သူနဲ႔အဆင္ေျပေပမယ့္ ကိုယ္နဲ႔ေျပခ်င္မွေျပမွာပါ။ ကိုယ္ကိုယ္တိုင္ စမ္းသပ္ၾကည့္မွ ကိုယ္နဲ႔လိုက္မလိုက္သိႏိုင္ပါတယ္။ တခ်ိဳ႕ ဆိုင္ဝန္ထမ္းေတြက စိတ္မရွည္ပါဘူး။ ဒီေတာ့ ကိုယ့္ကို စိတ္ရွည္ျပီး ေသေသခ်ာခ်ာရွင္းျပႏိုင္တဲ့ ဆိုင္ကေန ဝယ္ရင္ ပိုအဆင္ေျပပါတယ္ေနာ္။ ဒီလိုစမ္းတဲ့ေနရာမွာလည္း လက္မွာစမ္းတာက မွားယြင္းတဲ့ စမ္းသပ္ခ်က္တစ္မ်ိဳးပါ။ ေမးရိုးအဆက္မွာ စမ္းလိမ္းပါ။ သင့္လက္နဲ႔ သင့္မ်က္ႏွာက အသားအေရာင္မတူႏိုင္ပါဘူး။

၆။ မိတ္ကပ္ကၽြမး္က်င္ပညာရွင္နဲ႔ တိုင္ပင္ပါ

သင္က အခ်ိန္ေပးႏုိင္ျပီး ေငြအကုန္အက်ခံႏုိင္ရင္ေတာ့ မိတ္ကပ္ကၽြမ္းက်င္နဲ႔ တိုင္ပင္ဝယ္တာအေကာင္းဆံုးပါပဲ။ မိတ္ကပ္ေတြကို အြန္လိုင္းက ဝယ္တာကလည္း သင့္အတြက္ လိုက္ဖက္တဲ့ Foundation ေရြးခ်ယ္တဲ့ စိန္ေခၚပြဲၾကီးမွာ က်ရံႈးမႈတစ္မ်ိဳးပါ။

မိတ္ကပ္မလိမ္းခင္ မ်က္ႏွာအစိုဓာတ္ထိန္းေပးမယ့္ Moisture Cream လိမ္းဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။ မ်က္ႏွာကို လင္းျပီး ေတာက္ပေစခ်င္ရင္ေတာ့ မိတ္ကပ္မလိမ္းခင္ Setting Spray ကို မိတ္ကပ္လိမ္းမယ့္ ေဖာ့ေပၚျဖန္းေပးပါ။

ပ်ိဳေမေတြအားလံုး ကိုယ္နဲ႔လိုက္ဖက္တဲ့ Foundation ကိုေရြးခ်ယ္ျပီး အလွဆံုးမိန္းကေလးေတြျဖစ္ၾကပါေစေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystylemyanmar

#Unicode Version#
အသားအရေအမျိုးအစားအလိုက် သင်နဲ့လိုက်ဖက်တဲ့ Foundation ကိုဘယ်လိုရွေးချယ်မလဲ။ ဒါက စိန်ခေါ်မှုတစ်ခုလိုပါပဲ။ Foundation တစ်ခု ရွေးတဲ့အချိန် အရောင်နံပါတ်တွေ အရောင်တွေ အမျိုးအစားအများကြီးရှိပါတယ်။ မိတ်ကပ်တွေကလည်း Brand တွေအများကြီးဆိုတော့ ရွေးရအခက်သား။ ပြစ်မျိုးမဲ့မထင် ချောမွတ်ပြီး မိတ်ကပ်သိပ်သိပ်လေးလိုချင်တာကတော့ အားလုံးရဲ့ အိပ်မက်ပဲမဟုတ်လား။

မှားရွေးမိပြန်ရင်လည်း မိတ်ကပ်ဖိုးနဲ့တင် လွယ်တာမဟုတ်ဘူးနော်။ မကြိုက်လို့ လွှင့်ပစ်ဖို့ကလည်းအခက်သားလေ။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တာ ဘယ်လို Foundation အမျိုးအစားလဲသိထားရင်တော့ အကောင်းဆုံးပါပဲ။ ပျိုမေတို့အတွက် မှန်ကန်တဲ့ Foundation ကို ဘယ်လိုရွေးချယ်မလဲဆိုတာ MyStyle Myanmar ကနေ တင်ပြလိုက်ပါတယ်။

၁။ သင့်အသားအရေဘယ်အမျိုးအစားထဲပါဝင်လဲ သိထားပါ

အသားအရေအမျိုးအစားသိထားတာက မှန်ကန်တဲ့ Foundation ရွေးချယ်တဲ့နေရာမှာ အခရာတစ်ခုပါပဲ။

-အဆီပြန်တဲ့အသားအရေ

သင်က အဆီပြန်တဲ့အသားအရေကိုပိုင်ဆိုင်သူဆိုရင်တော့ အဆီမပါတဲ့ Oil-free မိတ်ကပ်အရည်ကိုဝယ်သင့်ပါတယ်။ ဒီအရည်ထဲမှာ အဆီကို စုပ်ယူတဲ့ ပေါင်ဒါပါဝင်ပြီးတော့ ချောမွတ်တဲ့ Matte ပုံစံမျိုး ရစေပါတယ်။ Mineral Foundation ကလည်း အဆီပြန်တဲ့အသားအရေအတွက် သင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ ခြောက်သွေ့တဲ့အမှုန်တွေက စွတ်စိုမှုကို စုတ်ယူပြီး တောက်ပစေလို့ပါ။

ခြောက်သွေ့တဲ့အသားအရေ

သင့်အသားအရေက ခြောက်သွေ့တဲ့အထဲပါရင်တော့ရေဓာတ်ဖြည့်ပေးတဲ့ Hydration Powder Foundation၊ Liquid ဒါမှမဟုတ် Stick Foundation ကိုသုံးပေးပါ။ ဒီ Foundation တွေက အနှစ်များတဲ့ Creamy ပုံစံမို့ အရေပြားကို အစိုဓာတ်ပေးပြီး Coverage ဖုံးကွယ်ပေးတာ ကောင်းမွန်ပါတယ်။

ပေါင်းစပ်အသားအရေ

သင်ဟာ အသားအရေတစ်ကွက် အဆီပြန်လိုက် တစ်ချို့နေရာမှာ ခြောက်သွေ့လိုက်ဆိုရင်တော့ပေါင်းစပ်အသားအရေပိုင်ရှင်ပါ။ ဒီလိုအသားအရေပိုင်ရှင်တွေက Foundation ရွေးရတာခက်ခဲပါတယ်။ ပေါင်းစပ်ဖော်မြူလာ Matching Formula ဆိုပြီးပါဝင်တဲ့ Foundation မျိုးကိုရွေးချယ်ပြီး အဆီများလွန်းတဲ့ Foundation မျိုးကိုတော့ ရှောင်ရပါမယ်။ Maybelline Fit Me Matte and Poreless Foundation က ပေါင်းစပ်အသားအရေပိုင်ရှင်တွေနဲ့သင့်တော်ပါတယ်။

အထိအခိုက်လွယ်တဲ့ အသားအရေ

သင့်အသားအရေက ဒီထဲပါနေရင်တော့ အထူးရှောင်ရမှာက သင့်အရေပြားကို ယားယံစေတဲ့ အယ်လ်ကိုဟောနဲ့ အနံ့ပါဝင်တဲ့ Foundation တွေပါ။ Mineral Oil၊ Talc ဆိုပြီး မိတ်ကပ်ပါဝင်ပစ္စည်းထဲမှာ ပါရင်တော့ လုံးဝရှောင်ရပါမယ်။ သင့်မိတ်ကပ်ထဲမှာ ဒီနာမည်တွေပါလား စစ်ကြည့်ပါဦးနော်။

၂။ ကိုယ့်အသားအရေနဲ့ လိုက်တဲ့အရောင်ကို ရွေးတတ်ပါစေ

ကိုယ်နဲ့လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ကို ဘယ်လိုရွေးမလဲ။ သင့်အသားအရေပေါ်မှာ Foundation စမ်းဖို့အကောင်းဆုံးနေရာကတော့ လည်ပင်း ဒါမှမဟုတ် မေးရိုးဆက်ပါပဲ။ သင်နဲ့လိုက်ဖက်တဲ့အရောင်က သင့်အသားအရေနဲ့ တစ်ထပ်တည်းဖြစ်သွားမှာပါ။ ကိုယ့်အသားအရေထက် ပိုဖြူနေတာမျိုး ဒါမှမဟုတ် ပိုညိုသွားတာမျိုးဖြစ်နေရင် သင့်အရောင်မဟုတ်ပါဘူး။ နွေရာသီ ဆောင်းရာသီလိုရာသီတွေမှာ မိတ်ကပ်အရောင်နှစ်မျိုးရောစပ်လိမ်းနိုင်ပါတယ်။ သင့်ရဲ့ အသားအရေအရောင်က တစ်နှစ်လုံးမှာ အပြောင်းအလဲရှိနိုင်လို့ပါ။

တကယ်လို့ ကိုယ်က ရွေးချယ်ရာမှာ ဇဝေဇဝါဖြစ်နေရင် အနည်းငယ်ညိုတာမျိုးကိုရွေးလိုက်ပါ။ ပိုဖြူတဲ့ အရောင်က သဘာဝမကျဘဲ ဖြူထွက်သွားတတ်လို့ပါ။

၃။ သင့်အသားအရေအရောင်ကို သိပါစေ

မျက်နှာပြောင်ဘာမှမလိမ်းထားတဲ့အချိန်မှာကိုယ့်အသားအရေကို ကြည့်လိုက်ပါ။ အဝါရောင်သန်းတယ်ဆိုရင်တော့ သင်က Warm လို့ခေါ်တဲ့ အသားအရေအမျိုးအစားပါ။ ပန်းရောင်သန်းနေတယ်ဆိုရင်တော့ သင်က Cool အရောင်အမျိုးအစားပါ။ ဒီနှစ်ရောင်ပေါင်းစပ်ထားရင်တော့ သင်ဟာ ကြားနေ Neutral အရောင်ပါ။ နောက်တစ်နည်းက သင့်သွေးကြောအရောင်ကို ကြည့်ဖို့ပါ။ သင့်လက်ဖျံသွေးကြောအရောင်ကို နေရောင်အောက်မှာ ကြည့်လိုက်ပါ။ ခရမ်းရောင်ဒါမှမဟုတ် အပြာရောင်သန်းနေရင် သင်က Cool အရောင်ပါ။ အစိမ်းရောင်ဆိုရင်တော့ Warm-toned ပါ။ ဒီတော့ Foundation ဘယ်လိုရွေးမလဲ။ Foundation တွေမှာ Warm-toned Cool-toned ဆိုပြီး ရေးထားတတ်ပါတယ်။

၄။ ကိုယ့်ရဲ့ Finish ကိုသိပါ

ဒါကဘာကိုဆိုလိုတာလဲဆိုတော့ ကိုယ့်ရဲ့ မိတ်ကပ်ကနောက်ဆုံးမှာ ဘယ်လိုပုံစံမျိုးပေါ်ချင်တာလဲဆိုတာ ရွေးချယ်ရတာပါ။ Matte ပုံစံ မိတ်ကပ်သိပ်သိပ်လေးသွားချင်တာလား။ ဒါမှမဟုတ် တောက်ပပြီးတော့ အသားအရေကို လင်းသွားချင်တာလား။ Foundation တွေမှာ ဘာ Finish Foundation ဆိုပြီးရေးထားတတ်ပါတယ်။ အဆီပြန်တဲ့အသားအရေ ပေါင်းစပ်အသားအရေပိုင်ရှင်တွေက Matte Finish Foundation ဘက်သွားသင့်ပါတယ်။

၅။ မဝယ်ခင်စမ်းလိမ်းကြည့်ပါ

အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ဘယ် တံဆိပ်က ဘယ်သူညွှန်လိုက်လို့ဆိုပြီး တန်းမဝယ်လိုက်ပါနဲ့။ သူနဲ့အဆင်ပြေပေမယ့် ကိုယ်နဲ့ပြေချင်မှပြေမှာပါ။ ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်မှ ကိုယ်နဲ့လိုက်မလိုက်သိနိုင်ပါတယ်။ တချို့ ဆိုင်ဝန်ထမ်းတွေက စိတ်မရှည်ပါဘူး။ ဒီတော့ ကိုယ့်ကို စိတ်ရှည်ပြီး သေသေချာချာရှင်းပြနိုင်တဲ့ ဆိုင်ကနေ ဝယ်ရင် ပိုအဆင်ပြေပါတယ်နော်။ ဒီလိုစမ်းတဲ့နေရာမှာလည်း လက်မှာစမ်းတာက မှားယွင်းတဲ့ စမ်းသပ်ချက်တစ်မျိုးပါ။ မေးရိုးအဆက်မှာ စမ်းလိမ်းပါ။ သင့်လက်နဲ့ သင့်မျက်နှာက အသားအရောင်မတူနိုင်ပါဘူး။

၆။ မိတ်ကပ်ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ

သင်က အချိန်ပေးနိုင်ပြီး ငွေအကုန်အကျခံနိုင်ရင်တော့ မိတ်ကပ်ကျွမ်းကျင်နဲ့ တိုင်ပင်ဝယ်တာအကောင်းဆုံးပါပဲ။ မိတ်ကပ်တွေကို အွန်လိုင်းက ဝယ်တာကလည်း သင့်အတွက် လိုက်ဖက်တဲ့ Foundation ရွေးချယ်တဲ့ စိန်ခေါ်ပွဲကြီးမှာ ကျရှုံးမှုတစ်မျိုးပါ။

မိတ်ကပ်မလိမ်းခင် မျက်နှာအစိုဓာတ်ထိန်းပေးမယ့် Moisture Cream လိမ်းဖို့တော့ မမေ့ပါနဲ့နော်။ မျက်နှာကို လင်းပြီး တောက်ပစေချင်ရင်တော့ မိတ်ကပ်မလိမ်းခင် Setting Spray ကို မိတ်ကပ်လိမ်းမယ့် ဖော့ပေါ်ဖြန်းပေးပါ။

ပျိုမေတွေအားလုံး ကိုယ်နဲ့လိုက်ဖက်တဲ့ Foundation ကိုရွေးချယ်ပြီး အလှဆုံးမိန်းကလေးတွေဖြစ်ကြပါစေနော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top