ဆိုက္ဘာလံုျခံဳေရးသုေတသီေတြဟာ public server တစ္ခုေပၚ မေတာ္တဆေရာက္လာခဲ့တဲံ Facebook သံုးစဲြသူမွတ္တမ္းေပါင္း သန္း ၅၄၀ ေက်ာ္ ေတြ ့ရွိခဲ့ပါတယ္။

ဒီအခ်က္အလက္ေတြကို UpGuard ဆိုတဲ့ ဆိုက္ဘာလံုျခံဳေရးကုမၸဏီမွ သုေတသီေတြ ေတြ ့ရိွခဲ့တာ ျဖစ္ျပီး ေပါက္ၾကားခဲ့တဲ့ အခ်က္အလက္ေတြထဲမွာ users ေတြရဲ့ comments မ်ား ၊ Likes နဲ ့နာမည္မ်ားအျပင္ Facebook IDs မ်ားလည္း ပါဝင္ခဲ့ပါတယ္။ ဒီအခ်က္အလက္ေတြကို third-party Facebook apps ႏွစ္ခုကေန သိမ္းထားတာ ျဖစ္ျပီး Amazon S3 server မွာ စကားဝွက္မပါဘဲ သိမ္းထားခဲ့တာပါ။

Tech Crunch ရဲ့ အဆိုအရ မကၠဆီကို အေျခစိုက္ ဒစ္ဂ်စ္တယ္မီဒီယာကုမၸဏီ Cultura Colectiva မွ သိမ္းထားတဲ့ Facebook user ေတြရဲ့ သံုးစဲြမႈ မွတ္တမ္းေပါင္း သန္း ၅၄၀ ေက်ာ္ ေပါက္ၾကားခဲ့တာ ျဖစ္ျပီး စကားဝွက္မပါတာေၾကာင့္ လူတိုင္းကေန ဒီအခ်က္အလက္ေတြ ဝင္ဖတ္လို ့ရသြားတာ ျဖစ္တယ္လို ့ဆိုပါတယ္။ ေနာက္ထပ္ ေပါက္ၾကားေစခဲ့တဲ့ app ကေတာ့ ကယ္လီဖိုးနီးယားအေျခစိုက္ At The Pool ကုမၸဏီကေန ျဖစ္ျပီး ဒီ app ကေတာ့ လံုျခံဳေရးအရ ပိုျပီး အႏၱရာယ္မ်ားတဲ့ အခ်က္အလက္ေတြ ပါဝင္ခ့ဲပါတယ္။

At The Pool ကေန ေပါက္ၾကားေစခဲ့တဲ့ အခ်က္အလက္ေတြထဲမွာ သံုးစဲြသူရဲ့ friends စာရင္း ၊ သူ ့စိတ္ဝင္စားမႈ ၊ ဓါတ္ပံု ၊ သြားလာခဲ့တဲ့ ေနရာေတြ နဲ ့ဘယ္ groups ေတြထဲမွာ မန္ဘာအျဖစ္ ပါဝင္ေနတယ္ဆိုတဲ့ အခ်က္အလက္ေပါင္း ၂၂၀၀၀ ေက်ာ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ UpGuard ရဲ့ အဆိုအရ ဒီအခ်က္အလက္ေတြ ဖယ္ရွားဖို ့ေတာင္းဆိုမႈကို ဒီ app ႏွစ္ခုထဲက ဘယ္ကုမၸဏီကမွ တုန္ ့ျပန္ျခင္း မရွိဘူးလို ့ဆိုပါတယ္။

 Facebook ကေတာ့ Amazon နဲ ့ဆက္သြယ္ျပီး အခ်က္အလက္ေတြ အြန္လိုင္းေပၚက ျဖဳတ္ခ်ဖို ့offline ေပးဖို ့ဆက္သြယ္ခဲ့တယ္လို ့ဆိုပါတယ္။ "ၤ Facebook ရဲ့ မူဝါဒေတြအရ Facebook အခ်က္အလက္ေတြကို အမ်ားသံုး database ေတြမွာ သိမ္းဆည္းတာကို တားျမစ္ထားပါတယ္။" လို ့Facebook ေျပာခြင့္ရပုဂၢိဳလ္မွ Tech Crunch ကို ေျပာပါတယ္။ Facebook အေနနဲ ့ဒီအခ်က္အလက္ေတြကို တစ္ျခားေနရာမွာ တလဲြအသံုးခ်ေနတာ မေတြ ့ရေသးေပမယ့္ စံုစမ္းမႈေတြ လုပ္ေဆာင္ေနတယ္လို ့လည္း ဆိုပါတယ္။

ဒီႏွစ္မတ္လထဲမွာလည္း Facebook ဟာ users အေကာင့္ေတြနဲ ့စကားဝွက္ေတြကို plaintext ထဲမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သိမ္းထားခဲ့တယ္လို ့ဝန္ခံခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာလည္း Facebook ဟာ သံုးစဲြသူသန္း ရာနဲ ့ခ်ီတဲ့ အခ်က္အလက္ေတြကို thrid party apps ေတြကေန ေပါက္ၾကားေစမႈနဲ ့ၾကံဳခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

ဆိုက်ဘာလုံခြုံရေးသုတေသီတွေဟာ public server တစ်ခုပေါ် မတော်တဆရောက်လာခဲ့တဲံ Facebook သုံးစွဲသူမှတ်တမ်းပေါင်း သန်း ၅၄၀ ကျော် တွေ့ရှိခဲ့ပါတယ်။

ဒီအချက်အလက်တွေကို UpGuard ဆိုတဲ့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ သုတေသီတွေ တွေ့ရှိခဲ့တာ ဖြစ်ပြီး ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာ users တွေရဲ့ comments များ ၊ Likes နဲ့နာမည်များအပြင် Facebook IDs များလည်း ပါဝင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကို third-party Facebook apps နှစ်ခုကနေ သိမ်းထားတာ ဖြစ်ပြီး Amazon S3 server မှာ စကားဝှက်မပါဘဲ သိမ်းထားခဲ့တာပါ။

Tech Crunch ရဲ့ အဆိုအရ မက္ကဆီကို အခြေစိုက် ဒစ်ဂျစ်တယ်မီဒီယာကုမ္ပဏီ Cultura Colectiva မှ သိမ်းထားတဲ့ Facebook user တွေရဲ့ သုံးစွဲမှု မှတ်တမ်းပေါင်း သန်း ၅၄၀ ကျော် ပေါက်ကြားခဲ့တာ ဖြစ်ပြီး စကားဝှက်မပါတာကြောင့် လူတိုင်းကနေ ဒီအချက်အလက်တွေ ဝင်ဖတ်လို့ရသွားတာ ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် ပေါက်ကြားစေခဲ့တဲ့ app ကတော့ ကယ်လီဖိုးနီးယားအခြေစိုက် At The Pool ကုမ္ပဏီကနေ ဖြစ်ပြီး ဒီ app ကတော့ လုံခြုံရေးအရ ပိုပြီး အန္တရာယ်များတဲ့ အချက်အလက်တွေ ပါဝင်ခဲ့ပါတယ်။

At The Pool ကနေ ပေါက်ကြားစေခဲ့တဲ့ အချက်အလက်တွေထဲမှာ သုံးစွဲသူရဲ့ friends စာရင်း ၊ သူ့စိတ်ဝင်စားမှု ၊ ဓါတ်ပုံ ၊ သွားလာခဲ့တဲ့ နေရာတွေ နဲ့ဘယ် groups တွေထဲမှာ မန်ဘာအဖြစ် ပါဝင်နေတယ်ဆိုတဲ့ အချက်အလက်ပေါင်း ၂၂၀၀၀ ကျော် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ UpGuard ရဲ့ အဆိုအရ ဒီအချက်အလက်တွေ ဖယ်ရှားဖို့တောင်းဆိုမှုကို ဒီ app နှစ်ခုထဲက ဘယ်ကုမ္ပဏီကမှ တုန့်ပြန်ခြင်း မရှိဘူးလို့ဆိုပါတယ်။

 Facebook ကတော့ Amazon နဲ့ဆက်သွယ်ပြီး အချက်အလက်တွေ အွန်လိုင်းပေါ်က ဖြုတ်ချဖို့offline ပေးဖို့ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။ "ၤ Facebook ရဲ့ မူဝါဒတွေအရ Facebook အချက်အလက်တွေကို အများသုံး database တွေမှာ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။" လို့Facebook ပြောခွင့်ရပုဂ္ဂိုလ်မှ Tech Crunch ကို ပြောပါတယ်။ Facebook အနေနဲ့ဒီအချက်အလက်တွေကို တစ်ခြားနေရာမှာ တလွဲအသုံးချနေတာ မတွေ့ရသေးပေမယ့် စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်မတ်လထဲမှာလည်း Facebook ဟာ users အကောင့်တွေနဲ့စကားဝှက်တွေကို plaintext ထဲမှာ နှစ်ပေါင်းများစွာကြာအောင် သိမ်းထားခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း Facebook ဟာ သုံးစွဲသူသန်း ရာနဲ့ချီတဲ့ အချက်အလက်တွေကို thrid party apps တွေကနေ ပေါက်ကြားစေမှုနဲ့ကြုံခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top