ပရိသတ္မ်ားအၾကား ေရပန္းစားခဲ့သည့္ ‘ေႏွးသြား တယ္’ သီခ်င္းအမ္တီဗီတြင္ ပါဝင္ သည့္ကကြက္တစ္ခုကို Challenge အေနျဖင့္ ျပဳလုပ္ရန္ အစီ အစဥ္ရွိေၾကာင္း ထက္ယံကေျပာ သည္။

‘‘Tik Tok မွာကေနၾကတဲ့ လူေတြအတြက္ ရည္ရြယ္ၿပီး ဒီသီ ခ်င္းထဲမွာ ကကြက္တစ္ခုထည့္ ထားတယ္။ အဲဒါကို Challenge လုပ္မွာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ လည္းပါမယ္။ တျခားအႏုပညာ ရွင္ေတြေရာ၊ ပရိသတ္ေတြေရာ ပါေစခ်င္ပါတယ္’’ ဟု ၎ကေျပာ သည္။

ေႏွးသြားတယ္သီခ်င္းသည္ သားသားႏွင့္ထက္ယံတို႔ႏွစ္ဦး၏ ‘ေရွ႕မီေနာက္မီ’အေခြတြင္ ပါဝင္ သည့္သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး အေခြ ထြက္ရွိခ်ိန္က စာလံုးေပါင္းမွား သြားေသာေၾကာင့္ ေႏြးသြားတယ္ ဟု လူအမ်ားစုကသိရွိေၾကာင္း ၎ကဆိုသည္။

‘‘သီခ်င္းနာမည္အမွန္က စာ သားထဲမွာပါတဲ့အတိုင္း ေႏွးသြား တယ္။ ဒါေပမဲ့ အေခြထြက္ခါနီး ဒီဇိုင္းလုပ္ေတာ့ သားသားက နာ မည္လြဲေရးလိုက္တာ။ အဲဒါကို မၾကည့္လိုက္မိဘဲ ကာဗာ႐ိုက္မိ လိုက္ေတာ့ ျပန္ျပင္လုိ႔မရေတာ့ ဘူး။ ေႏြးသြားတယ္ျဖစ္သြားတာ’’ ဟု သီခ်င္းနာမည္လြဲရသည့္ အ ေၾကာင္း ထက္ယံကေျပာသည္။

ယင္းသီခ်င္းအမ္တီဗီကို အ ေခြထြက္ၿပီးခ်ိန္ကတည္းက ႐ိုက္ ကူးရန္ စီစဥ္ခဲ့ေသာ္လည္း အဆင္ မေျပ၍ မ႐ိုက္ျဖစ္ဘဲ ပရိ သတ္မ်ားအၾကား ပ်ံ႕ႏွံ႔ၿပီးခ်ိန္မွ သာ႐ိုက္ကူးႏုိင္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။ ယင္းသီခ်င္း အမ္တီဗီကို V7 Entertainment က ဧၿပီ ၇ ရက္တြင္ တင္ေပးခဲ့ၿပီး တစ္ရက္အတြင္း ၾကည့္႐ႈသူႏွစ္ သိန္းေက်ာ္ရွိသည္။

ေႏွးသြားတယ္သီခ်င္းကိုပရိ သတ္အားေပးမႈရရွိသည့္အေပၚ ေပ်ာ္ရႊင္ရသလို ပရိသတ္မ်ားက ေပးသည့္ဆုတစ္ခုကို ပိုင္ဆုိင္ ရသည္ဟု ခံစားရေၾကာင္း၎က ဆိုသည္။

‘‘သႀကၤန္မွာလည္း လူေတြ အကုန္လံုး Gravity အျပင္ဘက္ ခုန္ထြက္ႏို္င္ပါေစလို႔ ဆုေတာင္း တယ္။ အကုန္လံုးကလည္း ဒီသီ ခ်င္းေလးၾကားရင္ ေပ်ာ္ေနၾက တယ္ဆိုေတာ့ သီခ်င္းေလးနဲ႔အ တူတူ ျမန္မာႏွစ္သစ္ကူးကိုျဖတ္ သန္းႏိုင္မယ္လို႔ထင္ပါတယ္’’ဟု ထက္ယံက ေျပာသည္။

သႀကၤန္ကို ရန္ကုန္၌ ျဖတ္ သန္းရန္အစီအစဥ္ရွိၿပီး သႀကၤန္ ၿပီးခ်ိန္တြင္ သီခ်င္းသစ္မ်ားထပ္ မံထြက္ရွိရန္ အစီအစဥ္ရွိသလို ေရွ႕မီေနာက္မီအေခြတြင္ပါဝင္ သည့္ သားသား၊ ႏြဲ႕ယဥ္ဝင္းတို႔ႏွင့္ တြဲဖက္သီဆိုထားသည့္ ေမာင့္ အခ်စ္ဦးသီခ်င္းကို အမ္တီဗီ႐ိုက္ ကူးရန္ အစီအစဥ္ရွိသည္ဟု ၎ ကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ပရိသတ်များအကြား ရေပန်းစားခဲ့သည့် ‘နှေးသွား တယ်’ သီချင်းအမ်တီဗီတွင် ပါဝင် သည့်ကကွက်တစ်ခုကို Challenge အနေဖြင့် ပြုလုပ်ရန် အစီ အစဉ်ရှိကြောင်း ထက်ယံကပြော သည်။

‘‘Tik Tok မှာကနေကြတဲ့ လူတွေအတွက် ရည်ရွယ်ပြီး ဒီသီ ချင်းထဲမှာ ကကွက်တစ်ခုထည့် ထားတယ်။ အဲဒါကို Challenge လုပ်မှာပါ။ ကျွန်တော်ကိုယ်တိုင် လည်းပါမယ်။ တခြားအနုပညာ ရှင်တွေရော၊ ပရိသတ်တွေရော ပါစေချင်ပါတယ်’’ ဟု ၎င်းကပြော သည်။

နှေးသွားတယ်သီချင်းသည် သားသားနှင့်ထက်ယံတို့နှစ်ဦး၏ ‘ရှေ့မီနောက်မီ’အခွေတွင် ပါဝင် သည့်သီချင်းတစ်ပုဒ်ဖြစ်ပြီး အခွေ ထွက်ရှိချိန်က စာလုံးပေါင်းမှား သွားသောကြောင့် နွေးသွားတယ် ဟု လူအများစုကသိရှိကြောင်း ၎င်းကဆိုသည်။

‘‘သီချင်းနာမည်အမှန်က စာ သားထဲမှာပါတဲ့အတိုင်း နှေးသွား တယ်။ ဒါပေမဲ့ အခွေထွက်ခါနီး ဒီဇိုင်းလုပ်တော့ သားသားက နာ မည်လွဲရေးလိုက်တာ။ အဲဒါကို မကြည့်လိုက်မိဘဲ ကာဗာရိုက်မိ လိုက်တော့ ပြန်ပြင်လို့မရတော့ ဘူး။ နွေးသွားတယ်ဖြစ်သွားတာ’’ ဟု သီချင်းနာမည်လွဲရသည့် အ ကြောင်း ထက်ယံကပြောသည်။

ယင်းသီချင်းအမ်တီဗီကို အ ခွေထွက်ပြီးချိန်ကတည်းက ရိုက် ကူးရန် စီစဉ်ခဲ့သော်လည်း အဆင် မပြေ၍ မရိုက်ဖြစ်ဘဲ ပရိ သတ်များအကြား ပျံ့နှံ့ပြီးချိန်မှ သာရိုက်ကူးနိုင်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ယင်းသီချင်း အမ်တီဗီကို V7 Entertainment က ဧပြီ ၇ ရက်တွင် တင်ပေးခဲ့ပြီး တစ်ရက်အတွင်း ကြည့်ရှုသူနှစ် သိန်းကျော်ရှိသည်။

နှေးသွားတယ်သီချင်းကိုပရိ သတ်အားပေးမှုရရှိသည့်အပေါ် ပျော်ရွှင်ရသလို ပရိသတ်များက ပေးသည့်ဆုတစ်ခုကို ပိုင်ဆိုင် ရသည်ဟု ခံစားရကြောင်း၎င်းက ဆိုသည်။

‘‘သြင်္ကန်မှာလည်း လူတွေ အကုန်လုံး Gravity အပြင်ဘက် ခုန်ထွက်နိုင်ပါစေလို့ ဆုတောင်း တယ်။ အကုန်လုံးကလည်း ဒီသီ ချင်းလေးကြားရင် ပျော်နေကြ တယ်ဆိုတော့ သီချင်းလေးနဲ့အ တူတူ မြန်မာနှစ်သစ်ကူးကိုဖြတ် သန်းနိုင်မယ်လို့ထင်ပါတယ်’’ဟု ထက်ယံက ပြောသည်။

သြင်္ကန်ကို ရန်ကုန်၌ ဖြတ် သန်းရန်အစီအစဉ်ရှိပြီး သြင်္ကန် ပြီးချိန်တွင် သီချင်းသစ်များထပ် မံထွက်ရှိရန် အစီအစဉ်ရှိသလို ရှေ့မီနောက်မီအခွေတွင်ပါဝင် သည့် သားသား၊ နွဲ့ယဉ်ဝင်းတို့နှင့် တွဲဖက်သီဆိုထားသည့် မောင့် အချစ်ဦးသီချင်းကို အမ်တီဗီရိုက် ကူးရန် အစီအစဉ်ရှိသည်ဟု ၎င်း ကဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top