ဆုိက္ပရပ္စ္မွာ အမ်ဳိးသားတစ္ဦးက အမ်ဳိးသမီးနဲ႕ မိန္းကေလးငယ္ ခုနစ္ဦးကုိသတ္ခဲ့ေၾကာင္း ဝန္ခံထြက္ဆုိလုိက္ၿပီး ႏုိင္ငံရဲ႕ ပထမဆုံး ဆက္တုိက္လူသတ္မႈမ်ား ျဖစ္လာခဲ့တယ္လုိ႕ ေဒသခံ မီဒီယာေတြက ေျပာပါတယ္။

ယခုလ အေစာပုိင္းက မုိင္းတြင္းဥမင္တစ္ခုအတြင္း အေလာင္းႏွစ္ေလာင္းကုိ ေတြ႕႐ွိခဲ့ရၿပီး တတိယေျမာက္ အေလာင္းကုိ ယမန္ေန႕ (ဧၿပီ ၂၅ ရက္) မွာ ထပ္မံေတြ႕႐ွိခဲ့ပါတယ္။ တတိယေျမာက္အေလာင္းကုိ လူသတ္မႈက်ဴးလြန္ခဲ့ေၾကာင္း သံသယ႐ွိသူက လုိက္လံျပသမႈအရ ဆုိက္ပရပ္စ္ၿမဳိ႕ေတာ္ Nicosia ၿမဳိ႕အနီး စြန္႕ပစ္ထားတာကုိ ေတြ႕ခဲ့ရပါတယ္။



လူသတ္တရားခံအျဖစ္ အဓိက သံသယ႐ွိသူဟာ ဆုိက္ပရပ္စ္႐ွိ ဂရိလူမ်ဳိးစု လက္နက္ကုိင္တပ္ဖြဲ႕မွ အသက္ ၃၅ ႏွစ္အ႐ြယ္ နီေကာ့စ္ မက္တာဆက္ (Nicos Metaxas) ဆုိသူ အရာ႐ွိတစ္ဦးျဖစ္ၿပီး ၎က ေနာက္ထပ္ လူသတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္းကုိလည္း ေျဖာင့္ခ်က္ေပးခဲ့တယ္လုိ႕ ဆုိပါတယ္။ လက္႐ွိမွာေတာ့ ရဲတပ္ဖြဲ႕က ၎ရဲ႕ ထြက္ဆုိခ်က္မ်ားကုိ အေျခခံၿပီး ေရကန္အပါအဝင္ ေနရာေတြမွာ အေလာင္း႐ွာေဖြမႈေတြ ဆက္လက္ လုပ္ေဆာင္ေနပါတယ္။

အသတ္ခံရသူေတြအနက္ အိႏၵိယ သုိ႕မဟုတ္ နီေပါ အမ်ဳိးသမီးတစ္ဦး၊ ဖိလစ္ပုိင္အမ်ဳိးသမီးမ်ား၊ ႐ုိေမးနီးယား အမ်ဳိးသမီးနဲ႕ သူမရဲ႕ အသက္ ၈ ႏွစ္အ႐ြယ္ သမီးျဖစ္သူတုိ႕ ပါဝင္ေၾကာင္းသိရပါတယ္။ ႐ုိေမးနီးယား အမ်ဳိးသမီးဟာ အသက္ ၃၆ ႏွစ္အ႐ြယ္ ဖေလာ္ရင္တီနာ ဘူနီယာျဖစ္ၿပီး သမီးျဖစ္သူကေတာ့ အယ္လ္လီနာ နာတာလီယာ ဘူနီယာျဖစ္ပါတယ္။

၎တုိ႕ႏွစ္ဦးဟာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလအတြင္း ေပ်ာက္ဆုံးသြားခဲ့ၾကတယ္လုိ႕ Xinhua သတင္းက ေျပာပါတယ္။ အသတ္ခံခဲ့ရတဲ့ အမ်ဳိးသမီးတစ္ဦးရဲ႕ အသက္ ၆ ႏွစ္အ႐ြယ္ သမီးျဖစ္သူလည္း ေပ်ာက္ဆုံးေနပါတယ္။



ေနာက္ထပ္ အသတ္ခံရသူတစ္ဦးမွာ အသက္ ၂၉ ႏွစ္အ႐ြယ္ ဖိလစ္ပုိင္အမ်ဳိးသမီး မာရီကာ ေဗာလ္ဒက္စ္ အာကီြယုိလာျဖစ္ၿပီး သူမကုိ လိင္ဆက္ဆံေနစဥ္ လည္ပင္းညွစ္သတ္ခဲ့တယ္လုိ႕ သိရပါတယ္။

ဆက္တုိက္လူသတ္သမားအျဖစ္ သံသယ႐ွိသူဟာ အမ်ဳိးသမီးေတြကုိ ဖူးစာဖက္႐ွာေဖြေရးဝက္ဘ္ဆုိက္ (dating website) တစ္ခုမွာ ေတြ႕ဆုံမိတ္ဖြဲ႕ခဲ့တယ္လုိ႕ဆုိပါတယ္။ ထို႕ေနာက္ အျပင္မွာခ်ိန္းဆုိကာ သတ္ပစ္ခဲ့ေၾကာင္း ေကာက္ခ်က္ခ်ထားပါတယ္။

အသတ္ခံရတဲ့ အမ်ဳိးသမီးနဲ႕ မိန္းကေလးေတြဟာ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္ပုိင္းနဲ႕ ၂၀၁၈ ခုႏွစ္အတြင္း ေပ်ာက္ဆုံးသြားခဲ့ၾကတာ ျဖစ္ပါတယ္။ ယခုလက္႐ွိ ေတြ႕႐ွိထားတဲ့ အေလာင္းသုံးေလာင္းဟာ ဖိလစ္ပုိင္ေတြျဖစ္တယ္လို႕လည္း သိရပါတယ္။

ဆုိက္ပရပ္စ္ရဲတပ္ဖြဲ႕က ဆက္တုိက္ လူသတ္သမားအျဖစ္ သံသယ႐ွိသူကုိ တရား႐ုံးခ်ဳပ္မိန္႕ရယူၿပီး ထိန္းသိမ္းထားကာ အမႈကိစၥနဲ႕ပတ္သက္ၿပီး ၿဗိတိန္ စုံစမ္းစစ္ေဆးေရး ကၽြမ္းက်င္သူမ်ားထံမွ အကူအညီ ေတာင္းခံထားတယ္လုိ႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆိုက်ပရပ်စ်မှာ အမျိုးသားတစ်ဦးက အမျိုးသမီးနဲ့ မိန်းကလေးငယ် ခုနစ်ဦးကိုသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုလိုက်ပြီး နိုင်ငံရဲ့ ပထမဆုံး ဆက်တိုက်လူသတ်မှုများ ဖြစ်လာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

ယခုလ အစောပိုင်းက မိုင်းတွင်းဥမင်တစ်ခုအတွင်း အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရပြီး တတိယမြောက် အလောင်းကို ယမန်နေ့ (ဧပြီ ၂၅ ရက်) မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ တတိယမြောက်အလောင်းကို လူသတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူက လိုက်လံပြသမှုအရ ဆိုက်ပရပ်စ်မြို့တော် Nicosia မြို့အနီး စွန့်ပစ်ထားတာကို တွေ့ခဲ့ရပါတယ်။

လူသတ်တရားခံအဖြစ် အဓိက သံသယရှိသူဟာ ဆိုက်ပရပ်စ်ရှိ ဂရိလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့မှ အသက် ၃၅ နှစ်အရွယ် နီကော့စ် မက်တာဆက် (Nicos Metaxas) ဆိုသူ အရာရှိတစ်ဦးဖြစ်ပြီး ၎င်းက နောက်ထပ် လူသတ်မှုတွေ ကျူးလွန်ခဲ့ကြောင်းကိုလည်း ဖြောင့်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ၎င်းရဲ့ ထွက်ဆိုချက်များကို အခြေခံပြီး ရေကန်အပါအဝင် နေရာတွေမှာ အလောင်းရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

အသတ်ခံရသူတွေအနက် အိန္ဒိယ သို့မဟုတ် နီပေါ အမျိုးသမီးတစ်ဦး၊ ဖိလစ်ပိုင်အမျိုးသမီးများ၊ ရိုမေးနီးယား အမျိုးသမီးနဲ့ သူမရဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူတို့ ပါဝင်ကြောင်းသိရပါတယ်။ ရိုမေးနီးယား အမျိုးသမီးဟာ အသက် ၃၆ နှစ်အရွယ် ဖလော်ရင်တီနာ ဘူနီယာဖြစ်ပြီး သမီးဖြစ်သူကတော့ အယ်လ်လီနာ နာတာလီယာ ဘူနီယာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပျောက်ဆုံးသွားခဲ့ကြတယ်လို့ Xinhua သတင်းက ပြောပါတယ်။ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူလည်း ပျောက်ဆုံးနေပါတယ်။

နောက်ထပ် အသတ်ခံရသူတစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး မာရီကာ ဗောလ်ဒက်စ် အာကွီယိုလာဖြစ်ပြီး သူမကို လိင်ဆက်ဆံနေစဉ် လည်ပင်းညှစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်တိုက်လူသတ်သမားအဖြစ် သံသယရှိသူဟာ အမျိုးသမီးတွေကို ဖူးစာဖက်ရှာဖွေရေးဝက်ဘ်ဆိုက် (dating website) တစ်ခုမှာ တွေ့ဆုံမိတ်ဖွဲ့ခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် အပြင်မှာချိန်းဆိုကာ သတ်ပစ်ခဲ့ကြောင်း ကောက်ချက်ချထားပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ယခုလက်ရှိ တွေ့ရှိထားတဲ့ အလောင်းသုံးလောင်းဟာ ဖိလစ်ပိုင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဆိုက်ပရပ်စ်ရဲတပ်ဖွဲ့က ဆက်တိုက် လူသတ်သမားအဖြစ် သံသယရှိသူကို တရားရုံးချုပ်မိန့်ရယူပြီး ထိန်းသိမ်းထားကာ အမှုကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန် စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူများထံမှ အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top