ဒီတိုင္းဆိုရင္ေတာ့ဘာမွမျဖစ္ေလာက္ဘူးလို႔ထင္ၾကမယ္ဆိုေပမဲ့ တကယ္တမ္းကား Dashboard ေပၚေျခေထာက္တင္တာဟာ သိပ္ကိုအႏၲရာယ္မ်ားပါတယ္။ သင္ဟာကားနဲ႔ခရီးအရွည္ေတြသြားမယ္။ အဲ့အခါမွာသင့္ကိုယ္သင္တတ္ႏိုင္သေလာက္သက္ေတာင့္သက္သာျဖစ္ေအာင္ေနမွာပဲ။

မုန္႔၊ အခ်ိဳရည္၊ သီခ်င္း အကုန္ရယ္ဒီပဲ။ အျခားလူကကားေမာင္းေနစဥ္မွာ သင္ ေအးေဆးေလးထိုင္လိုက္လာမယ္။ အဲ့အျပင္ ကား Dashboard ေပၚေျခေထာက္ေလးတင္လိုက္ရင္ ပိုေတာင္ဇိမ္ရွိအုံးမယ္ ဟုတ္တယ္မလား? ဒါမဲ့လဲ အဲ့လိုလုပ္တာက အရမ္းအႏၲရာယ္မ်ားတယ္ဆိုတာကိုေဖာ္ျပေနတဲ့အခ်က္ေတြရွိပါတယ္။

၁။ယာဥ္မေတာ္တဆမႈ

၃၅ ႏွစ္အရြယ္ ဂရန္နီကယ္လီ ဟာသူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတဆင့္ ကား dashboard ေပၚေျခေထာက္မတင္ဖို႔သတိေပးထားပါတယ္။ သူမအသက္ ၂၂ ႏွစ္အရြယ္မွာ သူမေျခေထာက္ကို dashboard ေပၚတင္ထားမိတဲ့အတြက္ေၾကာင့္ဆိုးဝါးလွတဲ့ယာဥ္မေတာ္တ ဆမႈႀကီးနဲ႔ၾကံဳေတြ႕ခဲ့ရပါတယ္။

သူမဟာ ကားေပၚမွာသူမခ်စ္သူနဲ႔အတူရွိေနခဲ့တာျဖစ္ပီး သူမေျခေထာက္ဆန္႔ဖို႔ႀကိဳးစားလိုက္တဲ့အခ်ိန္မွာ သူမေျခေထာက္ဟာ ေလအိတ္ရွိတဲ့ေနရာေပၚတည့္တည့္ေရာက္သြားလိမ့္မယ္လို႔သူမမသိခဲ့ပါဘူး။

ေလအိတ္

ကားဟာလမ္းေပၚက ေရခဲအခ်ိဳ႕အေပၚမေခ်ာ္ခင္အထိကေတာ့ အရာအားလုံးအဆင္ေျပေနဆဲပါ။ ဂရန္နီနဲ႔သူ႔ခ်စ္သူတို႔ဟာ နံရံတစ္ခုကိုဝင္တိုက္မိခဲ့ၾကပါတယ္။ အဲ့လိုတိုက္မိခဲ့တဲ့အတြက္ေၾကာင့္ သူမေျခေထာက္ထားထားတဲ့ေနရာတည့္တည့္ကေန ေလအိတ္ထပြင့္ပါေတာ့တယ္။

အဲ့အတြက္ေၾကာင့္ သူမမ်က္ႏွာတည့္တည့္ကို အားျပင္းစြာ ဒူးနဲ႔ဝင္တိုက္မိပါေတာ့တယ္။ ေလအိတ္ကအရွိန္နဲ႔ပြင့္တာရယ္၊ နံရံကိုဝင္ေဆာင့္တာရယ္ေပါင္းလိုက္ေတာ့ သူမဒူးေခါင္းနဲ႔မ်က္ႏွာကို အရွိန္ႏႈန္း ၁ နာရီကို ၃၂၂ ကီလိုမီတာနဲ႔ဝင္ေဆာင့္မိပါေတာ့တယ္။



နဂိုက်န္းမာေရးအေျခအေနေရာက္ေအာင္ျပန္လည္ကုသျခင္း

သူမရဲ႕ဒူးေခါင္းအားေၾကာင့္ သူမမ်က္ႏွာတစ္ခုလုံးမွာရွိတဲ့ အ႐ိုးအားလုံးနီးပါးက်ိဳးသြားခဲ့ပါတယ္။ အဲ့တာတင္မဟုတ္ပါဘူး။ သူမဦးေခါင္းခြံကေန အရည္ေတြစိမ့္ထြက္လာပီး သြား၂ ေခ်ာင္းလဲက်ိဳးသြားခဲ့ပါတယ္။ သူမရဲ႕မ်က္ႏွာတစ္ခုလုံးကိုနဂိုအေနအထားအတိုင္းျပန္ေရာက္ေအာင္ ဆရာဝန္ေတြလဲအစြမ္းကုန္ႀကိဳးစားခဲ့ၾကပါတယ္။ သူမရဲ႕နဖူးတစ္ခုလုံးကိုဖယ္ရွားလိုက္ရပီး နဖူးမရွိပဲ ၂ ႏွစ္တိတိေနခဲ့ရပါတယ္။ ေနာက္ေတာ့မွ နဖူးတုတစ္ခုကိုျပန္ရရွိခဲ့တာျဖစ္ပါတယ္။ ျပန္လည္ေကာင္းမြန္လာဖို႔အတြက္အခ်ိန္အၾကာႀကီးလဲယူခဲ့ရပီး အခုထိ မွတ္ဉာဏ္ေတြ၊ အာ႐ုံစူးစိုက္မႈေတြနဲ႔ ပတ္သတ္ပီးျပႆနာေတြရွိေနဆဲျဖစ္ပါတယ္။ သူမဟာ အခုထိပုံမွန္ေခါင္းကိုက္မႈေတြနဲ႔ၾကံဳေတြ႕ေနရပီး အရမ္းရႈပ္တဲ့အေျခအေနေတြဆိုရင္ ေခါင္းကလက္မခံႏိုင္ေသးပါဘူး။ မေတာ္တဆမႈျဖစ္ခဲ့တုန္းကအေၾကာင္းအရာေတြကိုလဲ အခုထိသတိမရေသးပါဘူး။

သတိေပးျခင္း

ဒါေၾကာင့္လဲ ဂရန္နီဟာေဖ့စ္ဘြတ္မွာ လူတိုင္းကိုသတိေပးေနတာျဖစ္ပါတယ္။ သူမဟာ အင္စတာဂရမ္တို႔ Snapchat တို႔မွာ ဆယ္လီေတြက ကား dashboard ေပၚ ေျခေထာက္ေတြတင္ထားတဲ့ဓာတ္ပုံေတြကိုျမင္ရင္ စိတ္ရႈပ္ပီးစိတ္တိုလာပါတယ္တဲ့။ ဂရန္နီ႔စိတ္ထဲမွာေတာ့ ဆယ္လီဆိုတာ ပရိတ္သတ္ေတြလဲမ်ားပီး စံျပလူသားေတြလဲျဖစ္ေတာ့ လူတိုင္းအတြက္ စံနမူနာေကာင္းပဲျဖစ္သင့္တယ္လို႔မွတ္ယူထားပါတယ္။

အခုသတိေပးခံရပီးပီဆိုေတာ့လဲ ေနာက္ဆို dashboard ေပၚေျခေထာက္ေတြမတင္မိေအာင္သတိထားၾကပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီတိုင်းဆိုရင်တော့ဘာမှမဖြစ်လောက်ဘူးလို့ထင်ကြမယ်ဆိုပေမဲ့ တကယ်တမ်းကား Dashboard ပေါ်ခြေထောက်တင်တာဟာ သိပ်ကိုအန္တရာယ်များပါတယ်။ သင်ဟာကားနဲ့ခရီးအရှည်တွေသွားမယ်။ အဲ့အခါမှာသင့်ကိုယ်သင်တတ်နိုင်သလောက်သက်တောင့်သက်သာဖြစ်အောင်နေမှာပဲ။

မုန့်၊ အချိုရည်၊ သီချင်း အကုန်ရယ်ဒီပဲ။ အခြားလူကကားမောင်းနေစဉ်မှာ သင် အေးဆေးလေးထိုင်လိုက်လာမယ်။ အဲ့အပြင် ကား Dashboard ပေါ်ခြေထောက်လေးတင်လိုက်ရင် ပိုတောင်ဇိမ်ရှိအုံးမယ် ဟုတ်တယ်မလား? ဒါမဲ့လဲ အဲ့လိုလုပ်တာက အရမ်းအန္တရာယ်များတယ်ဆိုတာကိုဖော်ပြနေတဲ့အချက်တွေရှိပါတယ်။

၁။ယာဉ်မတော်တဆမှု

၃၅ နှစ်အရွယ် ဂရန်နီကယ်လီ ဟာသူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ကား dashboard ပေါ်ခြေထောက်မတင်ဖို့သတိပေးထားပါတယ်။ သူမအသက် ၂၂ နှစ်အရွယ်မှာ သူမခြေထောက်ကို dashboard ပေါ်တင်ထားမိတဲ့အတွက်ကြောင့်ဆိုးဝါးလှတဲ့ယာဉ်မတော်တ ဆမှုကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။

သူမဟာ ကားပေါ်မှာသူမချစ်သူနဲ့အတူရှိနေခဲ့တာဖြစ်ပီး သူမခြေထောက်ဆန့်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာ သူမခြေထောက်ဟာ လေအိတ်ရှိတဲ့နေရာပေါ်တည့်တည့်ရောက်သွားလိမ့်မယ်လို့သူမမသိခဲ့ပါဘူး။

လေအိတ်

ကားဟာလမ်းပေါ်က ရေခဲအချို့အပေါ်မချော်ခင်အထိကတော့ အရာအားလုံးအဆင်ပြေနေဆဲပါ။ ဂရန်နီနဲ့သူ့ချစ်သူတို့ဟာ နံရံတစ်ခုကိုဝင်တိုက်မိခဲ့ကြပါတယ်။ အဲ့လိုတိုက်မိခဲ့တဲ့အတွက်ကြောင့် သူမခြေထောက်ထားထားတဲ့နေရာတည့်တည့်ကနေ လေအိတ်ထပွင့်ပါတော့တယ်။

အဲ့အတွက်ကြောင့် သူမမျက်နှာတည့်တည့်ကို အားပြင်းစွာ ဒူးနဲ့ဝင်တိုက်မိပါတော့တယ်။ လေအိတ်ကအရှိန်နဲ့ပွင့်တာရယ်၊ နံရံကိုဝင်ဆောင့်တာရယ်ပေါင်းလိုက်တော့ သူမဒူးခေါင်းနဲ့မျက်နှာကို အရှိန်နှုန်း ၁ နာရီကို ၃၂၂ ကီလိုမီတာနဲ့ဝင်ဆောင့်မိပါတော့တယ်။

နဂိုကျန်းမာရေးအခြေအနေရောက်အောင်ပြန်လည်ကုသခြင်း

သူမရဲ့ဒူးခေါင်းအားကြောင့် သူမမျက်နှာတစ်ခုလုံးမှာရှိတဲ့ အရိုးအားလုံးနီးပါးကျိုးသွားခဲ့ပါတယ်။ အဲ့တာတင်မဟုတ်ပါဘူး။ သူမဦးခေါင်းခွံကနေ အရည်တွေစိမ့်ထွက်လာပီး သွား၂ ချောင်းလဲကျိုးသွားခဲ့ပါတယ်။ သူမရဲ့မျက်နှာတစ်ခုလုံးကိုနဂိုအနေအထားအတိုင်းပြန်ရောက်အောင် ဆရာဝန်တွေလဲအစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ သူမရဲ့နဖူးတစ်ခုလုံးကိုဖယ်ရှားလိုက်ရပီး နဖူးမရှိပဲ ၂ နှစ်တိတိနေခဲ့ရပါတယ်။ နောက်တော့မှ နဖူးတုတစ်ခုကိုပြန်ရရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်လာဖို့အတွက်အချိန်အကြာကြီးလဲယူခဲ့ရပီး အခုထိ မှတ်ဉာဏ်တွေ၊ အာရုံစူးစိုက်မှုတွေနဲ့ ပတ်သတ်ပီးပြဿနာတွေရှိနေဆဲဖြစ်ပါတယ်။ သူမဟာ အခုထိပုံမှန်ခေါင်းကိုက်မှုတွေနဲ့ကြုံတွေ့နေရပီး အရမ်းရှုပ်တဲ့အခြေအနေတွေဆိုရင် ခေါင်းကလက်မခံနိုင်သေးပါဘူး။ မတော်တဆမှုဖြစ်ခဲ့တုန်းကအကြောင်းအရာတွေကိုလဲ အခုထိသတိမရသေးပါဘူး။

သတိပေးခြင်း

ဒါကြောင့်လဲ ဂရန်နီဟာဖေ့စ်ဘွတ်မှာ လူတိုင်းကိုသတိပေးနေတာဖြစ်ပါတယ်။ သူမဟာ အင်စတာဂရမ်တို့ Snapchat တို့မှာ ဆယ်လီတွေက ကား dashboard ပေါ် ခြေထောက်တွေတင်ထားတဲ့ဓာတ်ပုံတွေကိုမြင်ရင် စိတ်ရှုပ်ပီးစိတ်တိုလာပါတယ်တဲ့။ ဂရန်နီ့စိတ်ထဲမှာတော့ ဆယ်လီဆိုတာ ပရိတ်သတ်တွေလဲများပီး စံပြလူသားတွေလဲဖြစ်တော့ လူတိုင်းအတွက် စံနမူနာကောင်းပဲဖြစ်သင့်တယ်လို့မှတ်ယူထားပါတယ်။

အခုသတိပေးခံရပီးပီဆိုတော့လဲ နောက်ဆို dashboard ပေါ်ခြေထောက်တွေမတင်မိအောင်သတိထားကြပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top