သရုပ္ေဆာင္ ၊ အဆုိေတာ္ ရိုတကေတာ့ မီဒီယာေလာကနဲ႕ ကင္းကြာေနခဲ့သူ ျဖစ္ေပမဲ့ လတ္တေလာမွာ အမိုက္စား MTV ထြက္ရွိျပီး တစ္ဖန္ ဂယက္ျပန္ထ ခဲ့ပါတယ္။ ပြင့္နဒီေမာင္နဲ႔ တြဲဖက္ျပီး အလန္းဇယား သရုပ္ေဆာင္ကြက္ေတြသံုးကာ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ဒါတင္မကေသးဘဲ ရိုတက မတ္မတ္ သင္ဇာကိုပါ challenge တစ္ခုနဲ႔ စိန္ေခၚလိုက္ပါေသးတယ္။ ငပလီမွာ သင္ဇာ ရဲ႕ အေပၚပိုင္း ဗလာက်င္း ေနာက္ေက်ာေပး ဓာတ္ပံုကို ျမင္ျပီး ရိုတက ဒီထက့္ၾကမ္းတဲ့ ဖင္ကၽြတ္ challenge နဲ႔ စိန္ေခၚလိုက္တာ ျဖစ္ပါတယ္။



ရိုတက သင္ဇာဝင့္ေက်ာ္ရဲ႕ ဘက္ေတာ္သား ျဖစ္ေၾကာင္းကိုေတာ့ အင္တာဗ်ဴးမွ တဆင့္ ခုလို ၾကားသိရပါတယ္။

“ေခတ္ အေနအထားအရ ကၽြန္ေတာ္ ရိုးရိုးေနပါတယ္ဆိုရင္ ရိုးေနတဲ့သူကို သိပ္အထင္မၾကီးခ်င္ဘူး။ ျပီးရင္ ကၽြန္ေတာ္တို႔ထက္ အရမ္းၾကိဳးစားေနတဲ့ လူငယ္ေတြ ရွိတယ္။ ဒါေပမဲ့ အရည္အခ်င္းေတြ ရွိေပမဲ့ ေဖာ္ျပခြင့္ မရဘူး။ သူတို႔ကိုလည္း အထင္မၾကီးတဲ့သူေတြ ရွိတယ္။ ေပၚပင္ျဖစ္တဲ့ဟာေလးေတြကို လူေတြက လိုက္ေနၾကတယ္ေပါ့ေနာ္။

တစ္ႏွစ္ေသာ္လည္းေကာင္း တစ္လေသာ္လည္းေကာင္း သူလုပ္ႏုိင္တယ္ ပရိသတ္ေတြကလည္း သူ႔ေနာက္ကို လိုက္ေနတယ္ ေဟာ့ေနတယ္ ဆိုရင္ ဘာပဲေျပာေျပာေလ သူဝါသနာပါရာ လမ္းေၾကာင္းကို လိုက္ႏိုင္တယ္ဆိုျပီး ခ်ီးက်ဴးရမယ္။



သင္ဇာဝင့္ေက်ာ္ဆိုလည္း အရင္ကတည္းက ေအာင္ျမင္ခဲ့တဲ့ ေနာေနာ္ရဲ႕ အတိုင္းထက္အလြန္ သီခ်င္းကတည္းက ကၽြန္ေတာ္ ၾကိဳက္တာ။ မ်က္လံုးေလး ဝင့္ဝင့္ေလးနဲ႔ မ်က္ႏွာဆန္ဆန္ေလးနဲ႔ sexy ပံုစံ ဆိုရင္ သူနဲ႔ သိပ္မလိုက္ဘူးလို႔ ကၽြန္ေတာ္ ျမင္တယ္။ ဒါေပမဲ့ သူလုပ္လိုက္တဲ့ အရာေလးေတြက အမိုက္စားေလးေတြ ထြက္လာေတာ့ သူနဲ႔ မလိုက္ဖက္ေပမယ့္ ေတာ္ေတာ္မိုက္တယ္။

ကၽြန္ေတာ္တို႔ကေတာ့ ေတာ္ေတာ္ေၾကြတယ္။ လံုးဝေၾကြတယ္။ ကၽြန္ေတာ္တို႔လိုပဲ သူ႕ကို ေၾကြတဲ့ ေကာင္ေတြလည္း ရွိမွာပဲ။ သူ႔စိတ္သေဘာအတိုင္း သူလုပ္တာကို နားလည္တယ္။ လူေတြကို ဂရုစိုက္တာလည္း ဂရုစိုက္တာေပါ့။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ ကိုယ့္စိတ္ခ်မ္းသာမႈက ကိုယ့္ကိုယ္တိုင္ပဲ ဖန္တီးယူရတာဆိုေတာ့။

မ်က္ေမွာက္ ရိုးရာ ယဥ္ေက်းမႈနဲ႔ ပတ္သက္ျပီး တစ္ခ်ိဳ႕ေနရာေလးေတြမွာ မိန္းကေလးဆိုေတာ့ အတိုင္းအတာေလး တစ္ခုေတာ့ ရွိတာေပါ့။ ဆိုးတယ္ ေကာင္းတယ္ေတာ့ မေျပာလိုပါဘူး။ သူလုပ္ပိုင္ခြင့္ရွိတယ္ သူၾကိဳက္တာ သူလုပ္တယ္ေပါ့ေနာ္။” လို႔ ဆိုပါတယ္။



Challenge လုပ္ျဖစ္တဲ့ အေၾကာင္းရင္းနဲ႔ သင္ဇာသာ လက္ခံမယ္ဆိုရင္ ဝမ္းသာေၾကာင္း ရိုတက ခုလိုမ်ိဳး ေျပာျပပါတယ္။

“သူတို႔က သီခ်င္းသြားဆိုတယ္။ ငပလီဘက္ကို ေရာက္သြားတယ္။ အဲ့ေရာက္ေတာ့ သင္ဇာဝင့္ေက်ာ္နဲ႔ ရိုက္ထားတာ ေတြ႕တယ္ဆိုေတာ့ challenge လုပ္ၾကည့္လိုက္မယ္ေပါ့။ ခ်စ္စႏိုးေလးနဲ႔ challenge လုပ္လိုက္တာပါ။ ကၽြန္ေတာ္က စိန္ေခၚလိုက္ေပမဲ့ သူက လုပ္ခ်င္မွ လုပ္မွာေပါ့။ ကၽြန္ေတာ့္စိတ္နဲ႔ သူ မဟုတ္ဘူးေလ။

သင္ဇာဝင့္ေက်ာ္စိတ္နဲ႔ သင္ဇာဝင့္ေက်ာ္ဆိုေတာ့ သူက ေပါက္ပန္းေလးဆယ္ ျပန္လုပ္ခ်င္လည္း လုပ္မွာပဲေလ။ သူမ်ားကို သိပ္ဂရုမစိုက္တတ္တဲ့ လူစားမ်ိဳးမွာ သူ မပါဘူး။ သူ႔ကို စိန္ေခၚလို႔ သူ လုပ္လာရင္ေတာ့ ေပ်ာ္မယ္ေပါ့။ သူလုပ္တဲ့အရာတိုင္းကို ကၽြန္ေတာ္ လိုက္လုပ္ႏိုင္တယ္။

ဒါေပမဲ့ ကၽြန္ေတာ္ လုပ္တဲ့ အရာတိုင္းကို သူလုပ္ႏိုင္မယ္ မထင္ဘူး။ သူက မိန္းကေလး ျဖစ္ေနသလို သူ႕သိကၡာ တရား ရွိေနတာ ျဖစ္လို႔ ကိုယ့္ challenge ကို သူလုပ္ႏိုင္မယ္ ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့” ဆုိျပီး ေျပာျပသြားပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


သရုပ်ဆောင် ၊ အဆိုတော် ရိုတကတော့ မီဒီယာလောကနဲ့ ကင်းကွာနေခဲ့သူ ဖြစ်ပေမဲ့ လတ်တလောမှာ အမိုက်စား MTV ထွက်ရှိပြီး တစ်ဖန် ဂယက်ပြန်ထ ခဲ့ပါတယ်။ ပွင့်နဒီမောင်နဲ့ တွဲဖက်ပြီး အလန်းဇယား သရုပ်ဆောင်ကွက်တွေသုံးကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ရိုတက မတ်မတ် သင်ဇာကိုပါ challenge တစ်ခုနဲ့ စိန်ခေါ်လိုက်ပါသေးတယ်။ ငပလီမှာ သင်ဇာ ရဲ့ အပေါ်ပိုင်း ဗလာကျင်း နောက်ကျောပေး ဓာတ်ပုံကို မြင်ပြီး ရိုတက ဒီထက့်ကြမ်းတဲ့ ဖင်ကျွတ် challenge နဲ့ စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ရိုတက သင်ဇာဝင့်ကျော်ရဲ့ ဘက်တော်သား ဖြစ်ကြောင်းကိုတော့ အင်တာဗျူးမှ တဆင့် ခုလို ကြားသိရပါတယ်။

“ခေတ် အနေအထားအရ ကျွန်တော် ရိုးရိုးနေပါတယ်ဆိုရင် ရိုးနေတဲ့သူကို သိပ်အထင်မကြီးချင်ဘူး။ ပြီးရင် ကျွန်တော်တို့ထက် အရမ်းကြိုးစားနေတဲ့ လူငယ်တွေ ရှိတယ်။ ဒါပေမဲ့ အရည်အချင်းတွေ ရှိပေမဲ့ ဖော်ပြခွင့် မရဘူး။ သူတို့ကိုလည်း အထင်မကြီးတဲ့သူတွေ ရှိတယ်။ ပေါ်ပင်ဖြစ်တဲ့ဟာလေးတွေကို လူတွေက လိုက်နေကြတယ်ပေါ့နော်။

တစ်နှစ်သော်လည်းကောင်း တစ်လသော်လည်းကောင်း သူလုပ်နိုင်တယ် ပရိသတ်တွေကလည်း သူ့နောက်ကို လိုက်နေတယ် ဟော့နေတယ် ဆိုရင် ဘာပဲပြောပြောလေ သူဝါသနာပါရာ လမ်းကြောင်းကို လိုက်နိုင်တယ်ဆိုပြီး ချီးကျူးရမယ်။

သင်ဇာဝင့်ကျော်ဆိုလည်း အရင်ကတည်းက အောင်မြင်ခဲ့တဲ့ နောနော်ရဲ့ အတိုင်းထက်အလွန် သီချင်းကတည်းက ကျွန်တော် ကြိုက်တာ။ မျက်လုံးလေး ဝင့်ဝင့်လေးနဲ့ မျက်နှာဆန်ဆန်လေးနဲ့ sexy ပုံစံ ဆိုရင် သူနဲ့ သိပ်မလိုက်ဘူးလို့ ကျွန်တော် မြင်တယ်။ ဒါပေမဲ့ သူလုပ်လိုက်တဲ့ အရာလေးတွေက အမိုက်စားလေးတွေ ထွက်လာတော့ သူနဲ့ မလိုက်ဖက်ပေမယ့် တော်တော်မိုက်တယ်။

ကျွန်တော်တို့ကတော့ တော်တော်ကြွေတယ်။ လုံးဝကြွေတယ်။ ကျွန်တော်တို့လိုပဲ သူ့ကို ကြွေတဲ့ ကောင်တွေလည်း ရှိမှာပဲ။ သူ့စိတ်သဘောအတိုင်း သူလုပ်တာကို နားလည်တယ်။ လူတွေကို ဂရုစိုက်တာလည်း ဂရုစိုက်တာပေါ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကိုယ့်စိတ်ချမ်းသာမှုက ကိုယ့်ကိုယ်တိုင်ပဲ ဖန်တီးယူရတာဆိုတော့။

မျက်မှောက် ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး တစ်ချို့နေရာလေးတွေမှာ မိန်းကလေးဆိုတော့ အတိုင်းအတာလေး တစ်ခုတော့ ရှိတာပေါ့။ ဆိုးတယ် ကောင်းတယ်တော့ မပြောလိုပါဘူး။ သူလုပ်ပိုင်ခွင့်ရှိတယ် သူကြိုက်တာ သူလုပ်တယ်ပေါ့နော်။” လို့ ဆိုပါတယ်။

Challenge လုပ်ဖြစ်တဲ့ အကြောင်းရင်းနဲ့ သင်ဇာသာ လက်ခံမယ်ဆိုရင် ဝမ်းသာကြောင်း ရိုတက ခုလိုမျိုး ပြောပြပါတယ်။

“သူတို့က သီချင်းသွားဆိုတယ်။ ငပလီဘက်ကို ရောက်သွားတယ်။ အဲ့ရောက်တော့ သင်ဇာဝင့်ကျော်နဲ့ ရိုက်ထားတာ တွေ့တယ်ဆိုတော့ challenge လုပ်ကြည့်လိုက်မယ်ပေါ့။ ချစ်စနိုးလေးနဲ့ challenge လုပ်လိုက်တာပါ။ ကျွန်တော်က စိန်ခေါ်လိုက်ပေမဲ့ သူက လုပ်ချင်မှ လုပ်မှာပေါ့။ ကျွန်တော့်စိတ်နဲ့ သူ မဟုတ်ဘူးလေ။

သင်ဇာဝင့်ကျော်စိတ်နဲ့ သင်ဇာဝင့်ကျော်ဆိုတော့ သူက ပေါက်ပန်းလေးဆယ် ပြန်လုပ်ချင်လည်း လုပ်မှာပဲလေ။ သူများကို သိပ်ဂရုမစိုက်တတ်တဲ့ လူစားမျိုးမှာ သူ မပါဘူး။ သူ့ကို စိန်ခေါ်လို့ သူ လုပ်လာရင်တော့ ပျော်မယ်ပေါ့။ သူလုပ်တဲ့အရာတိုင်းကို ကျွန်တော် လိုက်လုပ်နိုင်တယ်။

ဒါပေမဲ့ ကျွန်တော် လုပ်တဲ့ အရာတိုင်းကို သူလုပ်နိုင်မယ် မထင်ဘူး။ သူက မိန်းကလေး ဖြစ်နေသလို သူ့သိက္ခာ တရား ရှိနေတာ ဖြစ်လို့ ကိုယ့် challenge ကို သူလုပ်နိုင်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့” ဆိုပြီး ပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top