ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕လယ္က Pathuwan မွာရွိတဲ့ နံမည္ႀကီး Central World ကုန္တုိက္ႀကီးတြဲလ်က္ ဟုိတယ္ရဲ႕ ၈ ထပ္မွာ ဒီကေန႔ ညေနပုိင္းက မီးေလာင္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး လူ ၃ ဦး ေသဆုံးသြားတယ္လုိ႔ ထုိင္းအေျခစုိက္ သတင္းမီဒီယာေတြမွာ ေရးသား ေဖာ္ျပထားပါတယ္။

ဗုဒၶဟူးေန႔ ညပုိင္းက မီးေလာင္မႈ ျဖစ္တဲ့အခ်ိန္မွာ ေၾကာက္လန္႔ၿပီး ကုန္တုိက္ေပၚကေန ခုန္ၾကတဲ့အတြက္ ၃ ဦး ေသဆုံးတာအျပင္ တျခား ၇ ဦးလည္း ထိခုိက္ ဒဏ္ရာရသြားတယ္လုိ႔ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ဟုိတယ္ ၈ ထပ္က ေလ၀င္၊ ေလထြက္ပုိက္ထဲမွာရွိတဲ့ ဖုန္မႈန္႔ေတြကတဆင့္ မီးစေလာင္တာျဖစ္ေၾကာင္း Central World အုပ္ခ်ဳပ္ေရးအဖြဲ႔က Facebook လူမႈကြန္ယက္ကတဆင့္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

မီးေလာင္တဲ့အထပ္ကေန လူ ၂ ေယာက္ ခုန္ခ်တာကုိ ေတြ႔လုိက္ရေၾကာင္း မ်က္ျမင္ သက္ေသေတြက ေျပာပါတယ္။ အခင္းျဖစ္ပြားတဲ့ ေနရာကေန မီးညြန္႔ေတြနဲ႔ မီးခုိးလုံးႀကီးေတြ ထြက္ေနတာကုိလည္း လူမႈကြန္ယက္ေတြမွာ တုိက္ရုိက္ ထုတ္လြင့္ ျပသခဲ့ၾကပါတယ္။ မီးေလာင္တဲ့ ေနရာကေန ေပါက္ကြဲတဲ့အသံေတြလည္း ၾကားရတယ္လုိ႔ ဆုိပါတယ္။

တာ၀န္ရွိသူေတြက ဟုိတယ္နဲ႔တြဲလ်က္ ကုန္တုိက္အတြင္းမွာရွိတဲ့သူေတြ အားလုံးကုိ ေဘးကင္းရာကုိ ထြက္ခြာခုိင္းခဲ့တယ္လုိ႔ ဆုိပါတယ္။ မီးကုိေတာ့ စတင္ ေလာင္ကၽြမ္းၿပီး နာရီ၀က္ေလာက္အၾကာ ညေန ၆ နာရီ ၁၀ မိနစ္ေလာက္မွာ ၿငိမ္းသတ္လုိက္ႏုိင္ေၾကာင္း ကုန္တုိက္ အုပ္ခ်ဳပ္ေရးအဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီကုန္တုိက္ႀကီးအတြင္း ျမန္မာႏုိင္ငံက အလုပ္သမားေတြလည္း အမ်ားအျပား အလုပ္လုပ္ေနၾကတာပါ။

ေလာေလာဆယ္မွာ ကုန္တုိက္ကုိ ပိတ္ထားဖုိ႔ အမိန္႔ထုတ္ျပန္ထားေၾကာင္း ဘန္ေကာက္ၿမိဳ႕ေတာ္၀န္ Aswin Kwangmuang က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:VOA

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Pathuwan မှာရှိတဲ့ နံမည်ကြီး Central World ကုန်တိုက်ကြီးတွဲလျက် ဟိုတယ်ရဲ့ ၈ ထပ်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက မီးလောင်မှု ဖြစ်တဲ့အချိန်မှာ ကြောက်လန့်ပြီး ကုန်တိုက်ပေါ်ကနေ ခုန်ကြတဲ့အတွက် ၃ ဦး သေဆုံးတာအပြင် တခြား ၇ ဦးလည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဟိုတယ် ၈ ထပ်က လေဝင်၊ လေထွက်ပိုက်ထဲမှာရှိတဲ့ ဖုန်မှုန့်တွေကတဆင့် မီးစလောင်တာဖြစ်ကြောင်း Central World အုပ်ချုပ်ရေးအဖွဲ့က Facebook လူမှုကွန်ယက်ကတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်တဲ့အထပ်ကနေ လူ ၂ ယောက် ခုန်ချတာကို တွေ့လိုက်ရကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကနေ မီးညွန့်တွေနဲ့ မီးခိုးလုံးကြီးတွေ ထွက်နေတာကိုလည်း လူမှုကွန်ယက်တွေမှာ တိုက်ရိုက် ထုတ်လွင့် ပြသခဲ့ကြပါတယ်။ မီးလောင်တဲ့ နေရာကနေ ပေါက်ကွဲတဲ့အသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဟိုတယ်နဲ့တွဲလျက် ကုန်တိုက်အတွင်းမှာရှိတဲ့သူတွေ အားလုံးကို ဘေးကင်းရာကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ မီးကိုတော့ စတင် လောင်ကျွမ်းပြီး နာရီဝက်လောက်အကြာ ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ ငြိမ်းသတ်လိုက်နိုင်ကြောင်း ကုန်တိုက် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကုန်တိုက်ကြီးအတွင်း မြန်မာနိုင်ငံက အလုပ်သမားတွေလည်း အများအပြား အလုပ်လုပ်နေကြတာပါ။

လောလောဆယ်မှာ ကုန်တိုက်ကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားကြောင်း ဘန်ကောက်မြို့တော်ဝန် Aswin Kwangmuang က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:VOA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top