သိုေလွာင္႐ုံဝန္ထမ္းျဖစ္သူမွ CCTV(၄)လုံးအား ျဖဳတ္ခိုးယူ၍ ဖမ္းဆီးအေရးယူထား

၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၄ ရက္ေန႔ ည ၈ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ ၿမိဳ႕နယ္ေန “ေရႊရြက္ေလွ” အထည္ခ်ဳပ္စက္႐ုံမန္ေနဂ်ာျဖစ္သူ ဦးခင္နိုင္(၆၄)ႏွစ္သည္ ေနအိမ္၌ ရွိေနစဥ္ အဆိုပါအထည္ခ်ဳပ္စက္႐ုံတြင္ သူခိုးမိထားေၾကာင္း လုံျခဳံေရးဝန္ထမ္း ဦးျမင့္ဦးက ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ သြားေရာက္ၾကည့္ရႈေမးျမန္းရာ စက္႐ုံတြင္ သူခိုးဝင္ေနသည္ကို သိရွိရ၍ ဦးျမင့္ဦးမွ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္။

ထို႔ေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူ စက္႐ုံအတြင္းသို႔ ဝင္ေရာက္ရွာေဖြရာ စက္႐ုံသိုေလွာင္႐ုံဝန္ထမ္းျဖစ္ေသာ လွိုင္သာယာ ၿမိဳ႕နယ္ေန ကရင္(ခ)ေဇာ္မင္းထြန္း(၄၁)ႏွစ္အား စက္ခ်ဳပ္ေဆာင္အတြင္း၌ ၎ျဖတ္ခိုးယူထားသည့္ CCTV(၄)လုံးႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ ကရင္ (ခ)ေဇာ္မင္းထြန္း အား လွိုင္သာယာၿမိဳ႕မရဲစခန္း(ပ)၂၀၀၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ရဲဇာနည္

#Unicode Version# ျဖင့္ဖတ္ပါ ။

သိုလှောင်ရုံဝန်ထမ်းဖြစ်သူမှ CCTV(၄)လုံးအား ဖြုတ်ခိုးယူ၍ ဖမ်းဆီးအရေးယူထား

၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်နေ “ရွှေရွက်လှေ” အထည်ချုပ်စက်ရုံမန်နေဂျာဖြစ်သူ ဦးခင်နိုင်(၆၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် အဆိုပါအထည်ချုပ်စက်ရုံတွင် သူခိုးမိထားကြောင်း လုံခြုံရေးဝန်ထမ်း ဦးမြင့်ဦးက ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုမေးမြန်းရာ စက်ရုံတွင် သူခိုးဝင်နေသည်ကို သိရှိရ၍ ဦးမြင့်ဦးမှ ရဲတပ်ဖွဲ့ဝင်များအား ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ စက်ရုံအတွင်းသို့ ဝင်ရောက်ရှာဖွေရာ စက်ရုံသိုလှောင်ရုံဝန်ထမ်းဖြစ်သော လှိုင်သာယာ မြို့နယ်နေ ကရင်(ခ)ဇော်မင်းထွန်း(၄၁)နှစ်အား စက်ချုပ်ဆောင်အတွင်း၌ ၎င်းဖြတ်ခိုးယူထားသည့် CCTV(၄)လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ကရင် (ခ)ဇော်မင်းထွန်း အား လှိုင်သာယာမြို့မရဲစခန်း(ပ)၂၀၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ရဲဇာနည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top