20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
စည်သူပလပ်ကျွတ်ဆိုတာကတော့ အနုပညာလောကထဲ ခြေချတာ ကြာပြီဖြစ်သေ်ာလည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းကမှ စူပါဟီးရိုးဝတ်စုံတွေနဲ့ သူ့ရဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေကြားမှာ လူကြိုက်များ ရေပန်းစားလာတာ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ စည်သူပလပ်ကျွတ်ဆိုတဲ့ နာမည်ဟာ မြန်မာတပြည်လုံးမသိတဲ့သူက ခပ်ရှားရှားဖြစ်သွားပါပြီ။
Spider Man, Batman, Deadpool, itachi, Black Panther, Sasuke အစရှိတဲ့ နာမည်ကြီးဇာတ်ကောင်တွေရဲ့ ပုံတူ Cosplay ဝတ်စုံတွေ ဝတ်ပြီးတဲ့ နောက်မှာတော့ နောက်ထပ် ဝတ်စုံတခုကို ချပြလိုက်ပြီဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ Marvel(Avengers) ထဲမှာ ပရိသတ်အချစ်တော် Captain America ဇာတ်ကောင်ပုံတူ ဝတ်စုံကို ချပြလိုက်ပြီ ဖြစ်ပါတယ်။
ဒီဝတ်စုံနဲ့ပုံကို သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ “USA မှာနေတဲ့ သရုပ်ဆောင်မင်းသား နေမျိုးဆက်ပေးသော Captain America ကျေးဇူးပါဗျ ကြောက်နေကြပြီမလား” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ စည်သူပလပ်ကျွတ်ကတော့ တဖြည်းဖြည်းနဲ့ စူပါဟီးရိုးဝတ်စုံတွေ ဝတ်ဆင်တာများပြားလာပြီး သူ့အနေနဲ့ ဝတ်စုံ ၁၀ စုံပြည့်သွားရင်တော့ ရှိုးပွဲတခုလုပ်ဦးမယ်လို့ သိရပါတယ်။
ဒီတခေါက်မှာတော့ စည်သူပလပ်ကျွတ်ဝတ်ဆင်ထားတဲ့ Captain America ဝတ်စုံကတော့ ဝေဖန်စရာတွေ အနည်းငယ်နည်းသွားမယ်လို့ ထင်ပါတယ်။ စည်သူပလပ်ကျွတ်ရဲ့ Captain America ဝတ်စုံတွေနဲ့ ဂေါ်နေတဲ့ပုံရိပ်တွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။ ဒီဝတ်စုံအပေါ်ရော ဘယ်လိုတွေ ဝေဖန်မှုလေးတွေ လုပ်သွားချင်ကြလဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top