အခုခ်ိန္မွာ MCU ရုပ္ရွင္ထဲက စတားတစ္ေယာက္ျဖစ္ရတာဟာ ေက်ာ္ၾကားမႈနဲ႔ ေဒၚလာသန္းေပါင္း မ်ားစြာ အျပင္ ခ်စ္ခင္မႈေတြကိုပါ ရရွိေနတဲ့ ကာလျဖစ္ပါတယ္။ ဒါေပမယ့္ ခ်စ္ခင္မႈဟာ အျပင္ပရိသတ္ေတြဆီကပဲ လာတာမဟုတ္ဘဲ အတူတြဲသရုပ္ေဆာင္ခဲ့တဲ့သူေတြဆီကလည္း ျဖစ္ႏုိင္ပါတယ္။

Captain America အျဖစ္ သရုပ္ေဆာင္တဲ့ ခရစၥအီဗန္က သူနဲ႔အမ်ားဆုံးတြဲသရုပ္ေဆာင္ခဲ့သူ တစ္ဦးလဲ ျဖစ္တဲ့ Iron Man / Tony Stark သရုပ္ေဆာင္ ေရာဘတ္ေဒါင္းေနးဂ်ဴနီယာ ထံမွ ေမာ္ေတာ္ကားတစ္စီးကို လက္ေဆာင္ရခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။



ဒီကားဟာ သာမာန္ကားတစ္စီးေတာ့ မဟုတ္ဘဲ ေဒၚလာ ၂၇၅,၀၀၀ တန္တဲ့ Chevrolat Camaro ျဖစ္ၿပီး Captain America စတုိင္လ္ျဖစ္ေအာင္ RDJ ကိုယ္တုိင္ ဒီဇုိင္းထုတ္ထားပါတယ္။
ခရစၥအီဗန္က ဒီအေၾကာင္းကို ေဂ်းလီႏုိရဲ႕ Garage အစီအစဥ္ထဲမွာ ဧည့္အျဖစ္ ပါဝင္စဥ္မွာ ေျပာျပခဲ့တာပါ။

Avengers: Endgame ရုပ္ရွင္ကို အတူရုိက္ေနတုန္းက RDJ ဟာ အီဗန္ကို ဘယ္လိုကားမ်ဳိး ၾကိဳက္သလဲလို႔ မၾကာခဏေမးျမန္းခဲ့တယ္လို႔ ဆုိၿပီး တကယ္တမ္း Chevrolat ကားကို လက္ေဆာင္ေပးလာတဲ့ အခ်ိန္က်မွ သူ႕ရဲ႕ရည္ရြယ္ခ်က္ကို သိေတာ့တယ္လို႔ ဆုိပါတယ္။

RDJ ရဲ႕လက္ေဆာင္ဟာ ဘာထူးျခားသလဲဆုိေတာ့ ၁၉၆၇ ခုႏွစ္က Chevrolat Camaro ကားကို ျပန္လည္မြမ္းမံကာ ေခတ္မီတဲ့စက္အစိတ္အပိုင္းေတြ လဲလွယ္ၿပီး စတီယာရင္ေပၚမွာ Captain America လိုဂုိ ေရးထြင္းထားတာမ်ဳိးလို ျပဳျပင္ထားတာေတြ ထည့္ထားပါတယ္။ ဒါတင္မကပါဘူး၊ ကားေပၚမွာ “Steve Roger’s Special Edition” လို႔ပါ ေရးထြင္းထားတဲ့အတြက္ ကမာၻေပၚမွာ တစ္စင္းပဲရွိမယ့္ Captain America စတုိင္လ္ ကားစစ္စစ္ရယ္ပါ။



Endgame ရုပ္ရွင္ဟာ ရုံေတြေပၚေရာက္လာၿပီျဖစ္သလို လာမယ့္ MCU ထဲမွာ ဘယ္သူေတြ ဆက္ပါလာမယ္ဆုိတာ ဘယ္သူမွမသိႏုိင္ပါဘူး။ အခုလို တန္ဖိုးၾကီးကားလက္ေဆာင္ေပးလုိက္ တာဟာ ႏွစ္ေပါင္းမ်ားစြာ အတူျဖတ္သန္းခဲ့တဲ့ ရဲေဘာ္ရဲဘက္အတြက္ ခြဲခြာျခင္းအမွတ္တရ လက္ေဆာင္လဲ ျဖစ္ႏုိင္တယ္လို႔ Endgame မၾကည့္ရေသးေပမယ့္ အေတြးေပါက္မိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #



အခုချိန်မှာ MCU ရုပ်ရှင်ထဲက စတားတစ်ယောက်ဖြစ်ရတာဟာ ကျော်ကြားမှုနဲ့ ဒေါ်လာသန်းပေါင်း များစွာ အပြင် ချစ်ခင်မှုတွေကိုပါ ရရှိနေတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ချစ်ခင်မှုဟာ အပြင်ပရိသတ်တွေဆီကပဲ လာတာမဟုတ်ဘဲ အတူတွဲသရုပ်ဆောင်ခဲ့တဲ့သူတွေဆီကလည်း ဖြစ်နိုင်ပါတယ်။

Captain America အဖြစ် သရုပ်ဆောင်တဲ့ ခရစ္စအီဗန်က သူနဲ့အများဆုံးတွဲသရုပ်ဆောင်ခဲ့သူ တစ်ဦးလဲ ဖြစ်တဲ့ Iron Man / Tony Stark သရုပ်ဆောင် ရောဘတ်ဒေါင်းနေးဂျူနီယာ ထံမှ မော်တော်ကားတစ်စီးကို လက်ဆောင်ရခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကားဟာ သာမာန်ကားတစ်စီးတော့ မဟုတ်ဘဲ ဒေါ်လာ ၂၇၅,၀၀၀ တန်တဲ့ Chevrolat Camaro ဖြစ်ပြီး Captain America စတိုင်လ်ဖြစ်အောင် RDJ ကိုယ်တိုင် ဒီဇိုင်းထုတ်ထားပါတယ်။
ခရစ္စအီဗန်က ဒီအကြောင်းကို ဂျေးလီနိုရဲ့ Garage အစီအစဉ်ထဲမှာ ဧည့်အဖြစ် ပါဝင်စဉ်မှာ ပြောပြခဲ့တာပါ။

Avengers: Endgame ရုပ်ရှင်ကို အတူရိုက်နေတုန်းက RDJ ဟာ အီဗန်ကို ဘယ်လိုကားမျိုး ကြိုက်သလဲလို့ မကြာခဏမေးမြန်းခဲ့တယ်လို့ ဆိုပြီး တကယ်တမ်း Chevrolat ကားကို လက်ဆောင်ပေးလာတဲ့ အချိန်ကျမှ သူ့ရဲ့ရည်ရွယ်ချက်ကို သိတော့တယ်လို့ ဆိုပါတယ်။

RDJ ရဲ့လက်ဆောင်ဟာ ဘာထူးခြားသလဲဆိုတော့ ၁၉၆၇ ခုနှစ်က Chevrolat Camaro ကားကို ပြန်လည်မွမ်းမံကာ ခေတ်မီတဲ့စက်အစိတ်အပိုင်းတွေ လဲလှယ်ပြီး စတီယာရင်ပေါ်မှာ Captain America လိုဂို ရေးထွင်းထားတာမျိုးလို ပြုပြင်ထားတာတွေ ထည့်ထားပါတယ်။ ဒါတင်မကပါဘူး၊ ကားပေါ်မှာ “Steve Roger’s Special Edition” လို့ပါ ရေးထွင်းထားတဲ့အတွက် ကမ္ဘာပေါ်မှာ တစ်စင်းပဲရှိမယ့် Captain America စတိုင်လ် ကားစစ်စစ်ရယ်ပါ။

Endgame ရုပ်ရှင်ဟာ ရုံတွေပေါ်ရောက်လာပြီဖြစ်သလို လာမယ့် MCU ထဲမှာ ဘယ်သူတွေ ဆက်ပါလာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အခုလို တန်ဖိုးကြီးကားလက်ဆောင်ပေးလိုက် တာဟာ နှစ်ပေါင်းများစွာ အတူဖြတ်သန်းခဲ့တဲ့ ရဲဘော်ရဲဘက်အတွက် ခွဲခွာခြင်းအမှတ်တရ လက်ဆောင်လဲ ဖြစ်နိုင်တယ်လို့ Endgame မကြည့်ရသေးပေမယ့် အတွေးပေါက်မိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top