လူ႕အသက္ ေသေစႏိ္ုင္ေလာက္ေသာ ေဆးဝါးမွားယြင္းမႈ႕မ်ားအား အမ်ားသတိထားမိေစရန္ ရည္ရြယ္ပါသည္…

ဒီညေန… ရြာဘက္က လူနာတစ္ေယာက္က ေဆးကဒ္ေတြလာျပၿပီး.… မေန႕က ရန္ကုန္က နာမည္ႀကီး အထူးကု ေဆးခန္းမွာ အထူးကု ဆရာဝန္ႀကီး တစ္ေယာက္နဲ႕ျပသပါတယ္…

ဒူးနာေနလို႕ပါတဲ့အခုဆရာဝန္ေပးတဲ့ေဆး ၂ ခြက္ေသာက္ၿပီး ရင္ေတြတအား တုန္လာလို႕ လာျပတာပါတဲ့…

ၾကည္႕လိုက္ေတာ့ Meftal-Spas /Ranatid/Musol ၃ မ်ိဴ း…လြဲေနၿပီလို႕စိတ္ထဲက သိလိုက္လို႕ေဆးစာအုပ္ယူ

ၾကည္႕လိုက္ေတာ့ prof : ေရးေပးလိုက္တဲ့ေဆးေတြက… Meftal-Spas /Ranatid/Muscol ပါ…

professor ေရးေပးလိုက္တာက အကိုက္အခဲေပ်ာက္ေဆး Muscol(paracetamol + orphenadrine)…

ေဆးေရာင္းတဲ့ေကာင္တာကေပးလိုက္တာက ခြ်ဲေပ်ာ္ေဆး Musol(Acetylcysteine)…

Muscol နဲ႕ Musol ေဆး ၂ မ်ိဴ းက စာလံုးေပါင္းျခင္း အဂၤလိပ္အကၡရာ ( C) တလံုးပဲကြာပါတယ္…ဒါေပမဲ့ေသာက္

ရမယ့္ ေရာဂါျခင္းက အေဝးႀကီးကြာသြားပါၿပီ…ခြ်ဲေပ်ာ္ေဆးနဲ႕ အကိုက္အခဲေပ်ာက္ေဆး (ဘာမွ မဆိုင္ပါ)…

အကိုက္အခဲေပ်ာက္ေဆးေသာက္ရမဲ့လူနာကို ခြ်ဲေပ်ာ္ေဆးေပး လိုက္ေတာ့ ေသာက္ရတဲ့လူနာခမ်ာ ရင္ေတြတုန္…ေျခဖ်ားလက္္

ဖ်ားေတြေအးစက္လာပါေတာ့တယ္…နဂိုကိုယ္ခံအားလဲနည္း တာလဲပါတာေပါ့…(ေသေလာက္တဲ့)မွားယြင္းမႈ႕သာဆိုရင္ ဘယ့္ႏွယ္လုပ္မလဲဗ်ာ…

ဒီေတာ့…fri မ်ားအားလံုးလဲ အထူးကုေဆးခန္းႀကီးေတြက အ ထူးကုဆရာဝန္ႀကီးေတြနဲ႕ျပတာပဲဆိုၿပီး ေပါ့ေပါ့ဆဆမေနၾက ပါနဲ႕…

ဆရာဝန္ႀကီးက ေရာဂါစမ္းသပ္ၿပီးေဆးစာေရးေပးတာ… ေဆးေပးတာက ေဆးေကာင္တာကေပးတာ…(တခါတေလမွာ

ေဆးေကာင္တာအေရာင္းစာေရးခ်င္း ရည္းစားအေၾကာင္း… မင္းသား/မင္းသမီးအေၾကာင္းေျပာရင္း ေဆးစာေသခ်ာမဖတ္္ဘဲ မွားေပးတာမ်ိဴ းလဲရွိပါ့…မွားေပးလို႕ကေတာ့ နာေရးကူညီမႈ႔ အဖြဲ႕ေတြအလုပ္ရႈပ္ၿပီပဲ)… (ဒီလိုမျဖစ္ရေလေအာင္)…

ဆရာဝန္ႀကီး ေရးေပးတဲ့နဲ႕ေဆးေကာင္တာက ေပးတဲ့ေဆးမွန္ လာ/မမွန္လား ဆရာဝန္ႀကီးထံျပန္ျပပါ… ဆရာဝန္ႀကီးထံျပန္ျပဖို႕အခက္အခဲရွိရင္…ရင္းႏွီးတဲ့ဆရာဝန္/ကြ်မ္းက်င္မႈ႕ရွိတဲ့ ေဆးဆိုင္တို႕မွာ ေဆးစာနဲ႕ေဆး မွန္လား…လြဲေနလားတိုက္

ဆိုင္စစ္ေဆးပါ…(ေဆးခန္းျပသူ 90% မစစ္ေဆးပါဘူး)… ဘာမွအပမ္းႀကီးတာမဟုတ္ပါဘူး…ေဆးစာနဲ႕ေဆးလြဲေနရင္္

အပ္နဲ႕ထြင္းရမယ့္ကိစၥ ပုဆိန္နဲ႕ေပါက္ရပါလိမ့္မယ္…အထူးကု ေဆးခန္းပဲ… ကြ်မ္းက်င္ ဝန္ထမ္းေတြပဲ ဆိုၿပီး အထင္တႀကီးနဲ႕

သြားျပၿပီး မ်က္ႏွာလြဲခဲပစ္ မလုပ္ၾကပါနဲ႕ဗ်ာ… လူတိုင္းမွာ ေမြးကတည္းက အသက္တစ္ေခ်ာင္းစီပဲ ပါလာပါတယ္… ဘယ္သူမွ အပိုမပါလာပါဘူး… အခုကိစၥ မွားယြင္းမႈ႕က

လူ႕အသက္ မေသေစႏိုင္တာ မွန္ေပမဲ့ အခ်ိဴ ႕ေသာေဆးေတြက အမွားမခံပါဘူး…(ေသတတ္ပါတယ္) ေဆးေပးတာမွားိလို႕

ေသသြားမွ အထူးကုေဆးခန္းပိုင္ရွင္/ညႊန္ၾကားတဲ့ဆရာဝန္္ ႀကီး/ေဆးေပးတဲ့ဝန္ထမ္း ၃ ဦးလံုးဆီက အသက္ျပန္ေတာင္း လို႕မရပါဘူး…

so sorry ဆိုတဲ့စကားေလးနဲ႕ပဲႏွစ္သိမ့္ခံရမွာေပါ့…ဒီလိုအ လားတူျဖစ္ရပ္ေတြ လူသိတာေကာ/မသိလိုက္တာေတြပါအ မ်ားႀကီးျဖစ္ခဲ့ဖူးမွပါ…ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဴ းေတြပီပီ ကံတ ရားကိုပဲ ပံုခ်လိုက္ၾကတာမ်ားပါတယ္…(က်ေနာ္တို႕ေတာၿမိဳ ႕

ေတြမွာပိုဆိုးေပါ့ဗ်ာ… ဘာျဖစ္ျဖစ္ သူ႕ဘာသာေနတဲ့ ကံကိုပဲ အျပစ္ပံုခ်ေတာ့တာပါ)…

ႏိုင္ငံတကာမွာ ဒီလိုျဖစ္ရပ္ေတြျဖစ္လာရင္ သက္ဆိုင္ရာဝန္္ ႀကီးဌာနက အျပစ္ရွိသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသလို က်ေနာ္တို႕ဆီမွာလဲ အေရးယူဖို႕လိုအပ္ေနပါၿပီ…

(ဒါေၾကာင့္)…ဥစၥာကံေစာင့္/ အသက္ ဥာဏ္ေစာင့္ ဆိုသလို မိမိရဲ႕တန္ဖိုးရွိလွတဲ့ အသက္တစ္ေခ်ာင္း အလဟႆ မဆံုးရံႈး

ရေလေအာင္ ေဆးရံု/ေဆးခန္းသြားျပၿပီး ေဆးစာညႊန္ၾကား လိုက္လို႕ ေဆးဆိုင္ကေဆးဝယ္ၿပီးတဲ့အခါတိုင္း ဆရာဝန္ထံ

ေဆး မွန္/မမွန္ျပန္လည္ျပသဖို႕ အေရးႀကီးပါတယ္ဆိုတာ… public အက်ိဴ းေမွ်ာ္ကိုးကာ ေရးသားလိုက္ပါတယ္…

ဒီ ပို႕စ္ကို share ေပးျခင္းျဖင့္လဲ ေဆးဝါးမွားယြင္းမႈ႕မ်ားအႏၲရာယ္မွ ကင္းေဝးေစျခင္းျဖင့္ ကုသိုလ္ယူၾကႏိုင္ပါတယ္ခင္ဗ်ား

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Khin Win

#Unicode Version# ျဖင့္ဖတ္ပါ ။

လူ့အသက် သေစေနိုင်လောက်သော ဆေးဝါးမှားယွင်းမှု့များအား အများသတိထားမိစေရန် ရည်ရွယ်ပါသည်…

ဒီညနေ… ရွာဘက်က လူနာတစ်ယောက်က ဆေးကဒ်တွေလာပြပြီး.… မနေ့က ရန်ကုန်က နာမည်ကြီး အထူးကု ဆေးခန်းမှာ အထူးကု ဆရာဝန်ကြီး တစ်ယောက်နဲ့ပြသပါတယ်…

ဒူးနာနေလို့ပါတဲ့အခုဆရာဝန်ပေးတဲ့ဆေး ၂ ခွက်သောက်ပြီး ရင်တွေတအား တုန်လာလို့ လာပြတာပါတဲ့…

ကြည့်လိုက်တော့ Meftal-Spas /Ranatid/Musol ၃ မျိူ း…လွဲနေပြီလို့စိတ်ထဲက သိလိုက်လို့ဆေးစာအုပ်ယူ

ကြည့်လိုက်တော့ prof : ရေးပေးလိုက်တဲ့ဆေးတွေက… Meftal-Spas /Ranatid/Muscol ပါ…

professor ရေးပေးလိုက်တာက အကိုက်အခဲပျောက်ဆေး Muscol(paracetamol + orphenadrine)…

ဆေးရောင်းတဲ့ကောင်တာကပေးလိုက်တာက ချွဲပျော်ဆေး Musol(Acetylcysteine)…

Muscol နဲ့ Musol ဆေး ၂ မျိူ းက စာလုံးပေါင်းခြင်း အင်္ဂလိပ်အက္ခရာ ( C) တလုံးပဲကွာပါတယ်…ဒါပေမဲ့သောက်

ရမယ့် ရောဂါခြင်းက အဝေးကြီးကွာသွားပါပြီ…ချွဲပျော်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး (ဘာမှ မဆိုင်ပါ)…

အကိုက်အခဲပျောက်ဆေးသောက်ရမဲ့လူနာကို ချွဲပျော်ဆေးပေး လိုက်တော့ သောက်ရတဲ့လူနာခမျာ ရင်တွေတုန်…ခြေဖျားလက်

ဖျားတွေအေးစက်လာပါတော့တယ်…နဂိုကိုယ်ခံအားလဲနည်း တာလဲပါတာပေါ့…(သေလောက်တဲ့)မှားယွင်းမှု့သာဆိုရင် ဘယ့်နှယ်လုပ်မလဲဗျာ…

ဒီတော့…fri များအားလုံးလဲ အထူးကုဆေးခန်းကြီးတွေက အ ထူးကုဆရာဝန်ကြီးတွေနဲ့ပြတာပဲဆိုပြီး ပေါ့ပေါ့ဆဆမနေကြ ပါနဲ့…

ဆရာဝန်ကြီးက ရောဂါစမ်းသပ်ပြီးဆေးစာရေးပေးတာ… ဆေးပေးတာက ဆေးကောင်တာကပေးတာ…(တခါတလေမှာ

ဆေးကောင်တာအရောင်းစာရေးချင်း ရည်းစားအကြောင်း… မင်းသား/မင်းသမီးအကြောင်းပြောရင်း ဆေးစာသေချာမဖတ်ဘဲ မှားပေးတာမျိူ းလဲရှိပါ့…မှားပေးလို့ကတော့ နာရေးကူညီမှု့ အဖွဲ့တွေအလုပ်ရှုပ်ပြီပဲ)… (ဒီလိုမဖြစ်ရလေအောင်)…

ဆရာဝန်ကြီး ရေးပေးတဲ့နဲ့ဆေးကောင်တာက ပေးတဲ့ဆေးမှန် လာ/မမှန်လား ဆရာဝန်ကြီးထံပြန်ပြပါ… ဆရာဝန်ကြီးထံပြန်ပြဖို့အခက်အခဲရှိရင်…ရင်းနှီးတဲ့ဆရာဝန်/ကျွမ်းကျင်မှု့ရှိတဲ့ ဆေးဆိုင်တို့မှာ ဆေးစာနဲ့ဆေး မှန်လား…လွဲနေလားတိုက်

ဆိုင်စစ်ဆေးပါ…(ဆေးခန်းပြသူ 90% မစစ်ဆေးပါဘူး)… ဘာမှအပမ်းကြီးတာမဟုတ်ပါဘူး…ဆေးစာနဲ့ဆေးလွဲနေရင်

အပ်နဲ့ထွင်းရမယ့်ကိစ္စ ပုဆိန်နဲ့ပေါက်ရပါလိမ့်မယ်…အထူးကု ဆေးခန်းပဲ… ကျွမ်းကျင် ဝန်ထမ်းတွေပဲ ဆိုပြီး အထင်တကြီးနဲ့

သွားပြပြီး မျက်နှာလွဲခဲပစ် မလုပ်ကြပါနဲ့ဗျာ… လူတိုင်းမှာ မွေးကတည်းက အသက်တစ်ချောင်းစီပဲ ပါလာပါတယ်… ဘယ်သူမှ အပိုမပါလာပါဘူး… အခုကိစ္စ မှားယွင်းမှု့က

လူ့အသက် မသေစေနိုင်တာ မှန်ပေမဲ့ အချိူ့သောဆေးတွေက အမှားမခံပါဘူး…(သေတတ်ပါတယ်) ဆေးပေးတာမှားိလို့

သေသွားမှ အထူးကုဆေးခန်းပိုင်ရှင်/ညွှန်ကြားတဲ့ဆရာဝန် ကြီး/ဆေးပေးတဲ့ဝန်ထမ်း ၃ ဦးလုံးဆီက အသက်ပြန်တောင်း လို့မရပါဘူး…

so sorry ဆိုတဲ့စကားလေးနဲ့ပဲနှစ်သိမ့်ခံရမှာပေါ့…ဒီလိုအ လားတူဖြစ်ရပ်တွေ လူသိတာကော/မသိလိုက်တာတွေပါအ များကြီးဖြစ်ခဲ့ဖူးမှပါ…ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူ းတွေပီပီ ကံတ ရားကိုပဲ ပုံချလိုက်ကြတာများပါတယ်…(ကျနော်တို့တောမြို့

တွေမှာပိုဆိုးပေါ့ဗျာ… ဘာဖြစ်ဖြစ် သူ့ဘာသာနေတဲ့ ကံကိုပဲ အပြစ်ပုံချတော့တာပါ)…

နိုင်ငံတကာမှာ ဒီလိုဖြစ်ရပ်တွေဖြစ်လာရင် သက်ဆိုင်ရာဝန် ကြီးဌာနက အပြစ်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသလို ကျနော်တို့ဆီမှာလဲ အရေးယူဖို့လိုအပ်နေပါပြီ…

(ဒါကြောင့်)…ဥစ္စာကံစောင့်/ အသက် ဉာဏ်စောင့် ဆိုသလို မိမိရဲ့တန်ဖိုးရှိလှတဲ့ အသက်တစ်ချောင်း အလဟဿ မဆုံးရှုံး

ရလေအောင် ဆေးရုံ/ဆေးခန်းသွားပြပြီး ဆေးစာညွှန်ကြား လိုက်လို့ ဆေးဆိုင်ကဆေးဝယ်ပြီးတဲ့အခါတိုင်း ဆရာဝန်ထံ

ဆေး မှန်/မမှန်ပြန်လည်ပြသဖို့ အရေးကြီးပါတယ်ဆိုတာ… public အကျိူ းမျှော်ကိုးကာ ရေးသားလိုက်ပါတယ်…

ဒီ ပို့စ်ကို share ပေးခြင်းဖြင့်လဲ ဆေးဝါးမှားယွင်းမှု့များအန္တရာယ်မှ ကင်းဝေးစေခြင်းဖြင့် ကုသိုလ်ယူကြနိုင်ပါတယ်ခင်ဗျား

ဖိုးသူတော် (www.phothutaw.com)
Credit:Khin Win
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top