


Credit:Luckymaynmar

#Unicode Version#
စမိုင်းလ်ဆိုတာက တစ်ခါကအနုပညာလောကမှာ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ဦးပါ။ ကြော်ငြာလောကမှာတော့ စမိုင်းလ်မပါတဲ့ကြော်ငြာဆိုတာမရှိသလောက်ပါပဲ။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံခြားမှာသွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တာဖြစ်ပါတယ်။ သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အခုဆိုရင် သူမရဲ့ချစ်ခင်ပွန်းနဲ့ သမီးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ပေးရင်း ချစ်ရတဲ့ မိသားစုတွေကို အချိန်ပေးရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်ဟာ ယောက္ခမ ဖြစ်သူကို နှစ်ကူးလက်ဆောင်အဖြစ်ကားသစ်တစ်စီးလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်က “မောင့်အဖေနဲ့အမေအတွက်နှစ်သစ်ကူးလက်ဆောင်ကားလေးနဲ့ကန်တော့.. မိဘမရှိတော့တဲ့ကျမအတွက်ယောက်ခမတွေကလည်းမိဘပါပဲ သူတို့ပျော်တာကြည့်ပြီးကိုယ်ကငိုချင်😊” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စမိုင်းလ်တို့မိသားစုရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Luckymaynmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top