ခုလို ပူအိုက္တဲ ရာသီမ်ိဳးဆို ႏွာေခါင္းေသြးလွ့်တဲ့ ျပႆာနာေတြ မၾကာခဏ ၾကံဳေတြ႕ရတတ္ပါတယ္။ တစ္ခ်ိဳ႕ ႏွာေခါင္းေသြးလွ်ံတာေတြက ျပႆနာ ၾကီးၾကီးမားမားမရွိဘဲ ျပန္ေပ်ာက္သြားတာ မ်ားပါတယ္။ 

တစ္ခ်ိဳ႕က်ေတာ့ နားႏွာေခါင္း လည္ေခ်ာင္းမွာ ျပႆနာတစ္ခုခုရွိတာေၾကာင့္ ႏွာေခါင္းေသြးလွ်ံရတာျဖစ္ပါတယ္။ ဒါဆုိ ႏွာေခါင္းေသြး လွ်ံျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ က ဘာမ်ားလဲ ။  ။

ႏွာေခါင္းေသြးဘယ္လိုလွ်ံရတာလဲ ။ ။

ႏွာေခါင္းဆိုတာ ေသြးေၾကာမ်ားစြာနဲ႔ ဖြဲ႕စည္းထားတဲ့အရာတစ္ခုပါ။  ဖြဲ႕စညး္ထားတဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ အင္မတန္ပါးျပီး ေပါက္ကြဲလြယ္ပါတယ္။  ဒါ့ေၾကာင့္ လက္ကေလးနဲ႔ ႏွာေခ်းကေလာ္လိုက္ရံုနဲ႔ အခန္႔မသင့္ရင္ ေသြးေတြ ထြက္လာတတ္တာျဖစ္ပါတယ္။
ႏွာေခါင္းေသြးလွ်ံတာကို ေနရာ ၂ ပိုင္းခြဲလို႕ရပါတယ္။

anterior nosebleed – ႏွာေခါင္း အေရွ့ပိုင္းက ေသြးေၾကာေလးေတြ ကြဲတာ၊ ပ်က္စီးသြားတာေၾကာင့္ ႏွာေခါင္းေသြးလွ်ံျခင္းနဲ႔
   
posterior nosebleed – ႏွာေခါင္း အေနာက္ပိုင္းက ေသြးေၾကာေတြေပါက္ျပီးေ သြးထြက္တတ္တဲ့ ကိစၥပါ။ ႏွာေခါင္းအေနာက္ပိုင္းထြက္တဲ့ေသြးေတြက်ေတာ့ အျပင္ကို ထြက္မလာဘဲ လည္ေခ်ာင္း ထဲျပန္စီးဝင္သြားတတ္ပါတယ္။ ဒီႏွာေခါင္း အေနာက္ပိုင္း ေသြးထြက္တဲျပႆနာျဖစ္ရင္ေတာ့ စိုးရိမ္ရတတ္ပါတယ္။

ႏွာေခါင္းေသြးလွ်ံျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား ။ ။

ႏွာေခါင္းေသြးလွ်ံျခငး္ကို ျဖစ္ေစတဲ အေၾကာင္းအရင္းမ်ားစြာရွိပါတယ္။ ရံဖန္ရံခါ ရုတ္တရက္ႏွာေခါင္းေသြးလွ်ံတာမ်ိဳးက စိုးရိမ္စရာမရွိေပမယ့္ ခဏခဏ ႏွာေခါင္းေသြးလွ်ံေနတာမ်ိုးဆို စိုးရိမ္စရာ ရွိလာပါျပီ။

 ေျခာက္ေသြ႕ေနတဲ့ ေလဟာ ႏွာေခါင္းေသြးလွ်ံျခင္းကို အမ်ားဆံုးျဖစ္ေစတဲ့ အေၾကာင္းအရာတစ္ခုပါ။ ဒါ့ေၾကာင့္ ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတုနဲ႔ အိမ္တြင္ းအပူေပးစက္ေတြဟာ ႏွာေခါင္း အတြင္းသား ေျခာက္ေသြ႕ျခင္းကို ျဖစ္ေစပါတယ္။ ဒီလိုေျခာက္ေသြ႔လာတဲ့ ႏွာေခါင္းအတြင္းသားေလးေတြ ကြဲအက္လာျပီး ယားသလိုလိုျဖစ္လာတဲ့အခါ ကုတ္မိလုိက္တာနဲ႕တင္ ႏွာေခါင္းေသြးထြက္ျခင္းကို ျဖစ္ေစပါတယ္။
  
 ႏွာေစးႏွာပိတ္ရင္ေသာက္တဲ့ေဆးေတြျဖစ္တဲ့ antihistaminesနဲ႔ decongestants တို႕ဟာ လည္း ႏွာေခါင္းအတြင္းသားေတြကုိ ေျခာက္ေသြ႕ေစတတ္ျပီး ႏွာေခါင္းေသြးထြက္ျခင္းကို ျဖစ္ေစတတ္ပါတယ္။ ႏွပ္ခဏခဏ ညွစ္ျခင္းဟာလည္း ႏွာေခါင္းေသြးလွ်ံျခင္းကို ျဖစ္ေစတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။

ႏွာေခါင္းေသြးလွ်ံျခင္းကိုျဖစ္ေစတဲ့ အျခား အျဖစ္မ်ားတဲ့ အေၾကာင္းအရင္းေတြကေတာ့

    ျပင္ပက ပစၥည္းတစ္ခုခုဝင္သြားတာ
    ဓာတုပစၥည္းေတြနဲ႔ထိမိတာ
    ဓာတ္မတည့္ဘဲ ႏွာေစးတာ
    ႏွာေခါင္းမွာ တစ္ခုခုထိခို္က္မိတာ
    ခဏခဏ ႏွာေခ်တာ
    ႏွာေခ်းကေလာ္တာနဲ႔
    ေျခာက္ေသြ႕ျပီး စိုထုိင္းဆနညး္တဲ့ေလေတြေၾကာင့္  ႏွာေခါင္းအတြင္းသားေတြ ေျခာက္ေသြ႔ျပီးကြဲအက္တာ
    အသက္ရွဴလမ္းေၾကာင္းပိုးဝင္တာ
    aspirin ေဆး ပမာဏ အမ်ားၾကီးေသာက္မိလို႕ ေသြးဆဲလ္္ေတြ ထိခိုက္မိျပီး ေသြးယိုစိမ့္တာေတြေၾကာင့္ အျပင္

အျခား က်န္းမာေရး ျပႆနာေတြျဖစ္တဲ့

    ေသြးတိုးေရာဂါ
    ေသြးကင္ဆာ
    ေသြးမတိတ္တဲ့ေရာဂါ
    ကင္ဆာေရာဂါ ေတြဟာလည္း ႏွာေခါင္းေသြးလွ်ံျခင္းကုိ ျဖစ္ေစတဲ့ အေၾကာင္းအရာေတြျဖစ္ပါတယ္။

ႏွာေခါင္းေသြးလွ်ံတာ ေတာ္ေတာ္မ်ားမ်ားက ေဆးကုသမႈ မလုပ္ရဘဲ သူ႕ဘာသာျပန္ေပ်ာက္သြားေလ့ရွိပါတယ္။
ဘယ္အခ်ိန္ဆိုေဆးခန္းသြားျပီး ေဆးကုသမႈ ခံယူဖို႕လိုအပ္မလဲ။  ။

    ႏွာေခါင္းေသြးလွ်ံတာ မိနစ္ ၂၀ ေက်ာ္ေနျပီ ခုထိ မရပ္ေသးဘူး
    ႏွာေခါင္းကို ထိခိုက္မိျပီး ႏွာေခါင္းေသြးထြက္တာမ်ိဳး (ေခ်ာ္လဲတာ၊ ကားတုိက္တာ၊ မ်က္ႏွာကို အ ထိုးခံရတာ) တဲ့အခါမ်ိဳးဆို ႏွာေခါင္းရိုးက်ိဳးတာ၊ ဦးေခါင္းခြဲကြဲတာနဲ႕ အတြင္းပိုင္းေသြးထြက္ျခင္းေတြေၾကာင့္ ႏွာေခါင္းေသြးလွ်ံတတ္ပါတယ္။ ဒီလို အခ်ိန္မ်ိဳးဆို ႏွာေခါင္း အေနာက္ပိုင္းအျခမ္းက ေသြးထြက္တာျဖစ္ႏုိ္္င္တဲ့အတြက္ ေဆးကုသမႈခံယူဖုိ႕လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ခုလို ပူအိုက်တဲ ရာသီမျိုးဆို နှာခေါင်းသွေးလျှ့တဲ့ ပြဿာနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာ များပါတယ်။ 

တစ်ချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတစ်ခုခုရှိတာကြောင့် နှာခေါင်းသွေးလျှံရတာဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေး လျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ က ဘာများလဲ ။  ။

နှာခေါင်းသွေးဘယ်လိုလျှံရတာလဲ ။ ။

နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့အရာတစ်ခုပါ။  ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။  ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေးကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်းခွဲလို့ရပါတယ်။

anterior nosebleed – နှာခေါင်း အရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့
   
posterior nosebleed – နှာခေါင်း အနောက်ပိုင်းက သွေးကြောတွေပေါက်ပြီးေ သွးထွက်တတ်တဲ့ ကိစ္စပါ။ နှာခေါင်းအနောက်ပိုင်းထွက်တဲ့သွေးတွေကျတော့ အပြင်ကို ထွက်မလာဘဲ လည်ချောင်း ထဲပြန်စီးဝင်သွားတတ်ပါတယ်။ ဒီနှာခေါင်း အနောက်ပိုင်း သွေးထွက်တဲပြဿနာဖြစ်ရင်တော့ စိုးရိမ်ရတတ်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ အကြောင်းအရင်းများစွာရှိပါတယ်။ ရံဖန်ရံခါ ရုတ်တရက်နှာခေါင်းသွေးလျှံတာမျိုးက စိုးရိမ်စရာမရှိပေမယ့် ခဏခဏ နှာခေါင်းသွေးလျှံနေတာမျိုးဆို စိုးရိမ်စရာ ရှိလာပါပြီ။

 ခြောက်သွေ့နေတဲ့ လေဟာ နှာခေါင်းသွေးလျှံခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတစ်ခုပါ။ ဒါ့ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အိမ်တွင် းအပူပေးစက်တွေဟာ နှာခေါင်း အတွင်းသား ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုခြောက်သွေ့လာတဲ့ နှာခေါင်းအတွင်းသားလေးတွေ ကွဲအက်လာပြီး ယားသလိုလိုဖြစ်လာတဲ့အခါ ကုတ်မိလိုက်တာနဲ့တင် နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။
  
 နှာစေးနှာပိတ်ရင်သောက်တဲ့ဆေးတွေဖြစ်တဲ့ antihistaminesနဲ့ decongestants တို့ဟာ လည်း နှာခေါင်းအတွင်းသားတွေကို ခြောက်သွေ့စေတတ်ပြီး နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ နှပ်ခဏခဏ ညှစ်ခြင်းဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။

နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေတဲ့ အခြား အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့

    ပြင်ပက ပစ္စည်းတစ်ခုခုဝင်သွားတာ
    ဓာတုပစ္စည်းတွေနဲ့ထိမိတာ
    ဓာတ်မတည့်ဘဲ နှာစေးတာ
    နှာခေါင်းမှာ တစ်ခုခုထိခိုက်မိတာ
    ခဏခဏ နှာချေတာ
    နှာချေးကလော်တာနဲ့
    ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့လေတွေကြောင့်  နှာခေါင်းအတွင်းသားတွေ ခြောက်သွေ့ပြီးကွဲအက်တာ
    အသက်ရှူလမ်းကြောင်းပိုးဝင်တာ
    aspirin ဆေး ပမာဏ အများကြီးသောက်မိလို့ သွေးဆဲလ်တွေ ထိခိုက်မိပြီး သွေးယိုစိမ့်တာတွေကြောင့် အပြင်

အခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့

    သွေးတိုးရောဂါ
    သွေးကင်ဆာ
    သွေးမတိတ်တဲ့ရောဂါ
    ကင်ဆာရောဂါ တွေဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

နှာခေါင်းသွေးလျှံတာ တော်တော်များများက ဆေးကုသမှု မလုပ်ရဘဲ သူ့ဘာသာပြန်ပျောက်သွားလေ့ရှိပါတယ်။
ဘယ်အချိန်ဆိုဆေးခန်းသွားပြီး ဆေးကုသမှု ခံယူဖို့လိုအပ်မလဲ။  ။

    နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ ကျော်နေပြီ ခုထိ မရပ်သေးဘူး
    နှာခေါင်းကို ထိခိုက်မိပြီး နှာခေါင်းသွေးထွက်တာမျိုး (ချော်လဲတာ၊ ကားတိုက်တာ၊ မျက်နှာကို အ ထိုးခံရတာ) တဲ့အခါမျိုးဆို နှာခေါင်းရိုးကျိုးတာ၊ ဦးခေါင်းခွဲကွဲတာနဲ့ အတွင်းပိုင်းသွေးထွက်ခြင်းတွေကြောင့် နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဒီလို အချိန်မျိုးဆို နှာခေါင်း အနောက်ပိုင်းအခြမ်းက သွေးထွက်တာဖြစ်နို်င်တဲ့အတွက် ဆေးကုသမှုခံယူဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top