ဒီေဆာင္းပါးကို ဆက္မဖတ္ခင္မွာ ဒါဟာက်န္းမာေရးအတြက္ သိပၸံနည္းက်ေလ႔လာမႈေတြက ရရွိလာတဲ႔ေတြ႕ရွိခ်က္တစ္ခုျဖစ္ေၾကာင္း အရင္ေျပာခ်င္ပါတယ္။ ေယာက်္ားေလးေတြအတြက္ေတာ႔ သတိျပဳစရာ သတင္းတစ္ခုပါပဲ။ အဲဒါကေတာ႔ ေယာက်္ားေလးေတြ သုက္လႊတ္မ်ားျခင္းက ဆီးက်ိတ္ကင္ဆာ (prostate cancer) ကို ကာကြယ္္ႏိုင္တယ္ဆိုတာပါပဲ။

ေလ႔လာမႈေတြအရေတာ႔ လိင္ဆက္ဆံျခင္း၊ မိမိဖာသာစိတ္ေျဖေဖ်ာက္ျခင္း၊ အိပ္ေပ်ာ္ေနစဥ္ သုက္လႊတ္မိျခင္း အစရွိတဲ႔ ေခါင္းစဥ္ေတြေအာက္မွာ ပံုမွန္သုက္လႊတ္ျခင္းဟာ အမ်ိဳးသားေတြမွာ ဆီးက်ိတ္ကင္ဆာ ျဖစ္ပြားႏိုင္ေျခကို ေလွ်ာ႔ခ်ေပးပါတယ္တဲ႔။

ဆီးက်ိတ္ကင္ဆာဆိုတာဘာလဲ

ဆီးက်ိတ္ကင္ဆာဆိုတာ ဆီးအိမ္ထဲမွာရွိတဲ႔ ဆီးက်ိတ္ဂလင္းေလးေတြမွာ ကင္ဆာဆဲလ္အျမစ္တြယ္တဲ႔ေရာဂါတစ္မ်ိဳးုျဖစ္ၿပီး အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ႔ေရာဂါျဖစ္ပါတယ္။ ဆီးက်ိတ္ကင္ဆာဟာ အမ်ိဳးသမီး ေတြမွာ အျဖစ္မ်ားတဲ႔သားအိမ္ကင္ဆာလိုပဲ ေၾကာက္မက္ဖြယ္ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။

သုေတသနရလဒ္ေတြ

၂၀၁၆ ခုႏွစ္တံုးက ျပဳလုပ္ခဲ႔တဲ႔ သုေတသနတစ္ခုမွာေတာ႔ ပံုမွန္ဆိုတဲ႔စကားလံုးကို သုေတသီေတြက ပိုမိုတိက်ေအာင္ အဓိပၸာယ္ဖြင္႔ဆိုေပးခဲ႔ပါတယ္။ ၁၉၉၂ ခုႏွစ္ကေန ၂၀၁၀ ခုုႏွစ္အထိ အမ်ိဳးသားဦးေရ (၃၂၀၀၀) ကို ဆာေဗးဆင္းၿပီးေနာက္မွာ သုေတသီေတြေတြ႕ရွိခဲ႔တာကေတာ႔ အသက္ (၂၀) ဝန္းက်င္လူငယ္ေတြ တစ္လကို အနည္းဆံုး (၂၁) ႀကိမ္ ပံုမွန္သုက္လႊတ္ေပးမယ္ ဆိုရင္ တစ္လကို (၇) ႀကိမ္ေအာက္ပဲ သုက္လႊတ္သူေတြထက္ ဆီးက်ိတ္ကင္ဆာျဖစ္ပြားႏိုင္ေျခ (၁၉) ရာခိုင္ႏႈန္းေလ်ာ႔နည္းပါတယ္တဲ႔။ အသက္ (၄၀) ဝန္းက်င္အမ်ိဳးသားေတြအတြက္ေတာ႔ ပိုေကာင္းတဲ႔ သတင္းတစ္ခုရွိပါတယ္။ အသက္ (၄၀) ဝန္းက်င္အမ်ိဳးသားေတြ ပံုမွန္သုက္လႊတ္ေပးမယ္ဆိုရင္ ဆီးက်ိတ္ကင္ဆာျဖစ္ပြားႏိုင္ေျခ (၂၂) ရာခိုင္ႏႈန္းေအာက္ထိ ေလ်ာ႔နည္းႏိုင္ပါတယ္တဲ႔။

"ကြ်န္မတို႔ရဲ႕ေလ႔လာေတြ႕ရွိမႈေတြရဲ႕ရလဒ္က ေဖာ္ျပေနတာကေတာ႔ သုက္လႊတ္ျခင္းနဲ႔ အရြယ္ေရာက္ၿပီးခ်ိန္မွာ စိတ္ခ်ရတဲ႔ လိင္ပိုင္းဆိုင္ရာအျပဳအမူေတြဟာ ဆီးက်ိတ္ကင္ဆာအႏၱရာယ္ကို ေလွ်ာ႔ခ်ေပးႏိုင္္တဲ႔ အက်ိဳးျပဳနည္းဗ်ဴဟာေတြ ျဖစ္ေနႏိုင္တယ္ ဆိုတာပါပဲ" လို႔ သုေတသနေခါင္းေဆာင္ Jennifer Rider က သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားသြားပါတယ္။
ဒီေလ႔လာမႈက တကယ္တမ္းေတာ႔ ပထမဆံုးေတာ႔လည္း မဟုတ္ပါဘူး။ ၾသစေၾတးလ်ႏိုင္ငံကျပဳလုပ္တဲ႔ သုေတသနတစ္ခုမွာလည္း အမ်ိဳးသား (၂၃၃၈) ေယာက္ကို ေလ႔လာခဲ႔ၿပီး တစ္ပတ္ကို (၄) ႀကိမ္ကေန (၇) ႀကိမ္ၾကား သုက္လႊတ္တဲ႔သူေတြဟာ တစ္ပတ္ကို (၂) ႀကိမ္ (၃) ႀကိမ္ေလာက္ပဲ သုက္လႊတ္သူေတြနဲ႔ႏႈိင္းစာရင္ အသက္ (၇၀) မတိုင္ခင္ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ (၃၆) ရာခုိင္ႏႈန္း ပိုုမိုေလ်ာ႔နည္းတယ္လို႔ ဆိုထားျပန္ပါတယ္။

ATTN အြန္လိုင္းက်န္းမာေရးဝက္ဘ္ဆိုဒ္ကလည္း "ဆီးက်ိတ္ကင္ဆာအႏၱရာယ္ကို ေလွ်ာ႔ခ်ႏိုင္ဖို႔ အမ်ိဳးသားတစ္ဦးဟာ အႀကိမ္ေရ ဘယ္ေလာက္ သုက္လႊတ္သင္႔လဲဆိုၿပီး တိတိက်က်သတ္မွတ္ထားတာေတာ႔ မရွိပါဘူး။ ေလ႔လာမႈရလဒ္ေတြက ေဖာ္ျပေနတာက တျခားအခ်က္အလက္ေတြနဲ႔လည္း ဆက္ႏြယ္ေနႏိုင္ပါေသးတယ္။ ေယဘုယ်အားျဖင္႔ေတာ႔ သုက္လႊတ္တဲ႔အႀကိမ္ေရမ်ားေလေလ၊ ဆီးက်ိတ္ကင္ဆာ ျဖစ္ပြားႏိုင္ေျခ ေလ်ာ႔နည္းေလေလ ဆိုၿပီးေတာ႔ မွတ္ယူႏိုင္ပါတယ္" လို႔ဆိုထားပါတယ္။

သုေတသီေတြအေနနဲ႔ သုက္လႊတ္ျခင္းနဲ႔ ဆီးက်ိတ္ကင္ဆာေရာဂါအႏၱရာယ္ ဘာေၾကာင္႔ဆက္ႏြယ္ေနတယ္ဆိုတာကိုေတာ႔ မသိေသးပါဘူး။ သုေတသီေခါင္းေဆာင္ Jennifer Rider မွာ သီအိုရီတစ္ခုေတာ႔ ရွိပါတယ္။ Rider က "သုက္လႊတ္တဲ႔ႀကိမ္ေရဆိုတာ အမ်ိဳးသားေတြရဲ႕က်န္းမာေရးအေျခအေနကို အတိုင္းအတာတစ္ခုထိ တိုင္းတာလိုက္တာပါပဲ။ တစ္လကို အႀကိမ္ေရ သုညကေန (၃) ႀကိမ္ေလာက္ပဲ သုက္လႊတ္သူေတြဟာ တျခားက်န္းမာေရးျပႆနာေတြလည္း ရွိေနႏိုင္ၿပီး ဆီးက်ိတ္ကင္ဆာေၾကာင္႔မဟုတ္ရင္ေတာ႔ တျခားေရာဂါေတြေၾကာင္႔လည္း ေသဆံုးႏိုင္ပါတယ္" လို႔ Reuters အြန္လိုင္းဝက္ဘ္ဆိုဒ္ကို ေျပာၾကားခဲ႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီဆောင်းပါးကို ဆက်မဖတ်ခင်မှာ ဒါဟာကျန်းမာရေးအတွက် သိပ္ပံနည်းကျလေ့လာမှုတွေက ရရှိလာတဲ့တွေ့ရှိချက်တစ်ခုဖြစ်ကြောင်း အရင်ပြောချင်ပါတယ်။ ယောကျ်ားလေးတွေအတွက်တော့ သတိပြုစရာ သတင်းတစ်ခုပါပဲ။ အဲဒါကတော့ ယောကျ်ားလေးတွေ သုက်လွှတ်များခြင်းက ဆီးကျိတ်ကင်ဆာ (prostate cancer) ကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။

လေ့လာမှုတွေအရတော့ လိင်ဆက်ဆံခြင်း၊ မိမိဖာသာစိတ်ဖြေဖျောက်ခြင်း၊ အိပ်ပျော်နေစဉ် သုက်လွှတ်မိခြင်း အစရှိတဲ့ ခေါင်းစဉ်တွေအောက်မှာ ပုံမှန်သုက်လွှတ်ခြင်းဟာ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်တဲ့။

ဆီးကျိတ်ကင်ဆာဆိုတာဘာလဲ

ဆီးကျိတ်ကင်ဆာဆိုတာ ဆီးအိမ်ထဲမှာရှိတဲ့ ဆီးကျိတ်ဂလင်းလေးတွေမှာ ကင်ဆာဆဲလ်အမြစ်တွယ်တဲ့ရောဂါတစ်မျိုးုဖြစ်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသမီး တွေမှာ အဖြစ်များတဲ့သားအိမ်ကင်ဆာလိုပဲ ကြောက်မက်ဖွယ်ရောဂါတစ်မျိုးဖြစ်ပါတယ်။

သုတေသနရလဒ်တွေ

၂၀၁၆ ခုနှစ်တုံးက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ပုံမှန်ဆိုတဲ့စကားလုံးကို သုတေသီတွေက ပိုမိုတိကျအောင် အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အမျိုးသားဦးရေ (၃၂၀၀၀) ကို ဆာဗေးဆင်းပြီးနောက်မှာ သုတေသီတွေတွေ့ရှိခဲ့တာကတော့ အသက် (၂၀) ဝန်းကျင်လူငယ်တွေ တစ်လကို အနည်းဆုံး (၂၁) ကြိမ် ပုံမှန်သုက်လွှတ်ပေးမယ် ဆိုရင် တစ်လကို (၇) ကြိမ်အောက်ပဲ သုက်လွှတ်သူတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၁၉) ရာခိုင်နှုန်းလျော့နည်းပါတယ်တဲ့။ အသက် (၄၀) ဝန်းကျင်အမျိုးသားတွေအတွက်တော့ ပိုကောင်းတဲ့ သတင်းတစ်ခုရှိပါတယ်။ အသက် (၄၀) ဝန်းကျင်အမျိုးသားတွေ ပုံမှန်သုက်လွှတ်ပေးမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၂၂) ရာခိုင်နှုန်းအောက်ထိ လျော့နည်းနိုင်ပါတယ်တဲ့။

"ကျွန်မတို့ရဲ့လေ့လာတွေ့ရှိမှုတွေရဲ့ရလဒ်က ဖော်ပြနေတာကတော့ သုက်လွှတ်ခြင်းနဲ့ အရွယ်ရောက်ပြီးချိန်မှာ စိတ်ချရတဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူတွေဟာ ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ အကျိုးပြုနည်းဗျူဟာတွေ ဖြစ်နေနိုင်တယ် ဆိုတာပါပဲ" လို့ သုတေသနခေါင်းဆောင် Jennifer Rider က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။
ဒီလေ့လာမှုက တကယ်တမ်းတော့ ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုမှာလည်း အမျိုးသား (၂၃၃၈) ယောက်ကို လေ့လာခဲ့ပြီး တစ်ပတ်ကို (၄) ကြိမ်ကနေ (၇) ကြိမ်ကြား သုက်လွှတ်တဲ့သူတွေဟာ တစ်ပတ်ကို (၂) ကြိမ် (၃) ကြိမ်လောက်ပဲ သုက်လွှတ်သူတွေနဲ့နှိုင်းစာရင် အသက် (၇၀) မတိုင်ခင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ (၃၆) ရာခိုင်နှုန်း ပိုမိုလျော့နည်းတယ်လို့ ဆိုထားပြန်ပါတယ်။

ATTN အွန်လိုင်းကျန်းမာရေးဝက်ဘ်ဆိုဒ်ကလည်း "ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ဖို့ အမျိုးသားတစ်ဦးဟာ အကြိမ်ရေ ဘယ်လောက် သုက်လွှတ်သင့်လဲဆိုပြီး တိတိကျကျသတ်မှတ်ထားတာတော့ မရှိပါဘူး။ လေ့လာမှုရလဒ်တွေက ဖော်ပြနေတာက တခြားအချက်အလက်တွေနဲ့လည်း ဆက်နွယ်နေနိုင်ပါသေးတယ်။ ယေဘုယျအားဖြင့်တော့ သုက်လွှတ်တဲ့အကြိမ်ရေများလေလေ၊ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့နည်းလေလေ ဆိုပြီးတော့ မှတ်ယူနိုင်ပါတယ်" လို့ဆိုထားပါတယ်။

သုတေသီတွေအနေနဲ့ သုက်လွှတ်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာရောဂါအန္တရာယ် ဘာကြောင့်ဆက်နွယ်နေတယ်ဆိုတာကိုတော့ မသိသေးပါဘူး။ သုတေသီခေါင်းဆောင် Jennifer Rider မှာ သီအိုရီတစ်ခုတော့ ရှိပါတယ်။ Rider က "သုက်လွှတ်တဲ့ကြိမ်ရေဆိုတာ အမျိုးသားတွေရဲ့ကျန်းမာရေးအခြေအနေကို အတိုင်းအတာတစ်ခုထိ တိုင်းတာလိုက်တာပါပဲ။ တစ်လကို အကြိမ်ရေ သုညကနေ (၃) ကြိမ်လောက်ပဲ သုက်လွှတ်သူတွေဟာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပြီး ဆီးကျိတ်ကင်ဆာကြောင့်မဟုတ်ရင်တော့ တခြားရောဂါတွေကြောင့်လည်း သေဆုံးနိုင်ပါတယ်" လို့ Reuters အွန်လိုင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top