၎) အိမ်အလုပ်တာဝန်ကို ကူလုပ်ပေးပါ။
Credit:Hla Nu Tun
#Unicode Version#
၁) သူမကိုပဲ အလှဆုံးလို့မြင်ပေး ပြောပေးပါ။
တွေ့ဖူးနေတဲ့ မော်ဒယ်တွေ စာအုပ်တွေ ဖေ့ဘုတ်တွေထဲက ဖိုတိုလျော့လုပ်ထားသော ပုံတွေနဲ့ယှဉ်ပြီးမပြောပါနဲ့။ပုံထဲကလူတွေကို ကိုယ်လည်း ရနိုင်တာမဟုတ်ဘဲနဲ့ဘေးမှာရှိနေတဲ့ သူကို ဘာလို့အားငယ်အောင်ပြောနေမလဲ..
၂) သူမ အိမ်မက်တွေကို အားပေးပံ့ပိုးပေးပါ။
ဘဝတခုလုံးပျက်သွားစရာမလိုဘဲ ဆုံးရှုံးခံနိုင်လောက်တဲ့ ဘတ်ဂျက်တခုကိုဖယ်ထားပြီး အဲ့ဒီထဲကနေ သူမ ဖြစ်ချင်တာလုပ်ချင်တာတွေကို ပေးလုပ်ပါ။ အောင်မြင်လို့ ကိုယ့်ကို ထားခဲ့လည်း ကိုယ်ခွေးမဖြစ်ဖူး။ မအောင်မြင်လို့ကုတ်ကုတ်လေး ပြန်လာနေလည်း ဘ၀ မပျက်သွားဖူး။ သူမ ရင့်ကျက်သွားမယ်။ အနည်းဆုံးတော့ ခံခဲ့ရတာကို စာအုပ်ရေးလို့ရသေးတယ်လေ။
၃) ကိုယ်တာဝန်ယူထားတဲ့ မိသားစုအတွက် အလုပ်ကို ကြိုးစားလုပ်ပါ။
မိဘချမ်းသာတိုင်း တောင်းတိုင်းရလို့ပျော်မနေပါနဲ့။ ပုံမှန်ဝင်ငွေရဖို့ မိန်းမကို လုပ်ကျွေးနိုင်ဖို့၊ သားသမီးစရိတ် စားဝတ်နေရေး အတွက် ရှာဖွေတတ်ရပါမယ်။ဘယ်လောက်ချမ်းသာချမ်းသာ ကိုယ့်ဝင်ငွေကိုယ်ရအောင် အလုပ်မလုပ်နေရင် ဦးနှောက်ကသုံးမရဘဲ လူအလိမ်ခံရပါမယ်။ သူမ လေးစားအောင် အလုပ်လုပ်ပါ။ သူဌေးချွေးမဆိုတာထက် သူဌေးကတော်ဖြစ်ချင်ရှာပါလိမ့်မယ်။
၄) အိမ်အလုပ်တာဝန်ကို ကူလုပ်ပေးပါ။
ချမ်းသာလို့သူမအတွက် အိမ်အကူအလုပ်သမား ပေးနိုင်ပေမယ့်လည်း အချိန်ရရင် ဝင်ကူပေးပါ။ နွေးထွေးတဲ့ မိသားစုဘဝကို ရလာပါလိမ့်မယ်။ ဥပမာ သူမနဲ့အတူ အဝတ်ခေါက်တာမျိုး အိပ်ယာခင်းတာမျိုး ပန်းပင်စိုက်တာမျိုးပေါ့။
၅) အိမ်အကူရှေ့မှာ သူမအမှား မထောက်ပြပါနဲ့
အိမ်အကူကို တိုက်ရိုက်မခိုင်းပါနဲ့။ သူမကနေ တဆင့် ခိုင်းပါ။ သူမက အိမ်အကူကို ဆူပူနေလည်း ဝင်မပါပါနဲ့။ သီးသန့်အခန်းထဲခေါ်ပြီး သူမကို ကိုယ်ဖြစ်စေချင်တာကို တိုးတိုးပြောပေးပါ။ လိုချင်တာကို ညှိယူပါ။ နို့မို့ဆို အိမ်အကူကို မျက်နှာသာပေးတယ်ထင်ပြီး တဖက်ကလည်း တမျိုးထင်သွားနိုင်ပါတယ်။ သူမ မရှိပဘဲနဲ့အိမ်အကူနဲ့နှစ်ယောက်ထဲ ရှိမနေပါနဲ့။ သူမနဲ့အတူ ခေါ်သွားခိုင်းလိုက်ပါ။ သူမနဲ့နှစ်ယောက်ထဲရှိနေသင့်တဲ့အချိန်တွေမှာ အိမ်အကူ ဘေးမှာ မရှိပါစေနဲ့။ ဥပမာ တီဗီကြည့်တဲ့ အချိန်မျိုး
၆) သူမကို စကားပြောခွင့်ပေးပါ။
တနေ့တာအကြောင်း တွေ ပြသနာတွေ မိသားစုအရေးတွေ ပြောပြီဟေ့ဆိုရင် ဖုန်းပိတ် တီဗီပိတ် သေချာ မျက်လုံးလေးကြည့် လက်လေးကို ကြင်ကြင်နာနာလေး ကိုင်ပြီး နားထောင်ပေးပါ။ မေးခွန်းလေးတွေ စိတ်ဝင်တစားမေးပေးပါ။ နည်းနည်း မှကို ဆရာ မလုပ်လိုက်ပါနဲ့။
၇) သူမအတွက် အချိန်ဖယ်ထားပါ၊ သူမကိုးကွယ်သော ဘာသာကို လေးစားပါ
သူမကို ဦးစားပေးပြီး အချိန်ဖယ်ထားပါ။ အားမှ တွေ့တာမျိုးမလုပ်ပါနဲ့။ ဘာသာမတူဘဲ လက်ထပ်ထားမိလည်း သူမ ဘာသာ ကိုယ့်ဘာသာ အပြန်အလှန်နားလည်ပေးပါ။ မတူညီတဲ့ ဘာသာရေးစည်းကမ်းကို လေ့လာပါ။ အချိန်ပေးပြီး ဘုရားကျောင်း၊ဘုန်းကြီးကျောင်းလိုက်ပေးပါ။ ဘာသာရေး ပွဲတော်အတွက် ပြက္ခဒိန်မှာ သေချာမှတ်ပြီး အချိန်ပေးပေးပါ။ ကိုယ့်ယောင်္ကျားက ဘာသာမတူပေမဲ့ အဖော်လိုက်ပေးတယ်ဆိုတာ မိန်းမတွေက သိပ် ဂုဏ်ယူကြပါတယ်။
၈) အစွန်းနှစ်ဖက်ညှိယူပါ။
သူမအတွေ းကိုယ့်အတွေး အမြင် မတူရင် မင်းတို့မိသားစုက ဒီလိုချည်းပဲကွာ စိတ်ရှုပ်လာပြီ လို့ညည်းညူလိုက်ရင် သူမ ခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားပါလိမ့်မယ်။ ကိုယ့်မိသားစုကြီးပြင်းပုံ ကို ပြောပြပေးပါ။ တခါတလေ ဆဲဆိုပြီးချစ်ချစ်ခင်ခင်စကားပြောတတ်တဲ့ အသိုင်းအဝိုင်းနဲ့ နူးနူးညံ့ညံံ့နေပြီးလူတွေအကြောင်းမသိတဲ့ အသိုင်းအဝိုင်းက လူတွေ လက်ထပ်မိရင် အတွေးမတူဘဲ အကြောင်းအရာ လွဲပြီး ရန်ဖြစ်တတ်ကြပါတယ်။
လှနုသိတာတော့ ဒါလေးပါပဲ။ ကွန်မန့်မှာ ထပ်ရေးပေးပါနော်။ ကွန်မန့်တွေဖတ်ရင် အသိပညာတိုးလို့ပါ✌
ဖိုးသူတော်(www.phothutaw.com)
Credit:Hla Nu Tun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top