မ်က္ႏွာကိုုအုုပ္ကာ သြားလာျခင္းမ်ားကိုု တားျမစ္လိုုက္ေၾကာင္း သီရိလကၤာႏိုုင္ငံ သမၼတ Maithripala Sirisenaက ယမန္ေန႔က ေၾကညာလိုုက္သည္။ အၾကမ္းဖက္မ်ား၏ ဗုုံးေဖါက္ခြဲမႈတိုု႔ျဖစ္ပြားခဲ့ျပီး ရက္သတၱ တစ္ပတ္အၾကာတြင္ ထိုုသိုု႔ေၾကညာလိုုက္ျခင္းျဖစ္သည္။

အေရးေပၚအေျခအေနဆိုုင္ရာ လုုပ္ပိုုင္ခြင့္အာဏာကိုုအသုုံးျပဳ၍ ထိုုသိုု႔ မ်က္ႏွာအုုပ္ကာ လူၾကားအတြင္း သြားလာျခင္းကိုုတားျမစ္ရျခင္းျဖစ္ေၾကာင္း၊ အဆိုုပါ တားျမစ္ခ်က္သည္ ယေန႔(ဧျပီ ၂၉ )တြင္ စတင္အသက္၀င္မည္ျဖစ္ေၾကာင္းကိုုလည္း သမၼတရုုံးမွထုုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

”ယခုုတားျမစ္ျခင္းသည္ အမ်ဳိးသားလုုံျခံဳေရးကိုု ခိုုင္မာေသခ်ာေစရန္ျဖစ္ေၾကာင္း… မည္သူမည္၀ါဟူ၍သိရွိရန္ခက္ခဲသည့္ အဆိုုပါ မ်က္ႏွာအုုပ္ကာသြားလာျခင္းကိုု မည္သူ႔ကိုုမွ် ခြင့္မျပဳေၾကာင္း”ကိုုလည္း ယင္းထုုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

ဗုုံးေဖာက္ခြဲမႈႏွင့္ပတ္သက္သည့္ အၾကမ္းဖက္သမားမ်ားကိုု တာ၀န္ရွိသူမ်ားက လိုုက္လံရွာေဖြျခင္းျပဳေနသည့္အတြက္ႏွင့္ အၾကမ္းဖက္သမားမ်ား၏ အႏၱရာယ္ကိုုစိုုးရိမ္ရသည့္အခ်ိန္ကာလအတြင္းတြင္ မူဆလင္အမ်ဳိးသမီးမ်ားအေနျဖင့္ မ်က္ႏွာအုုပ္ကာ သြားလာၾကျခင္းမျပဳပါရန္ ေဒသခံအစၥလာမ္မစ္ဘာသာေရးေခါင္းေဆာင္မ်ားက တိုုက္တြန္းမႈျပဳခဲ့ျပီး ေနာက္ရက္အနည္းငယ္အၾကာတြင္ ယင္းေၾကညာခ်က္ကိုု ထုုတ္ျပန္လိုုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

သီရိလကၤာႏိုုင္ငံရွိ မူဆလင္အမ်ဳိးသမီးအနည္းငယ္မွ်ကသာလွ်င္ မ်က္ႏွာကိုုဖုုံးအုုပ္ေလ့ရွိၾကေၾကာင္းသိရသည္။ သီရိလကၤာႏိုုင္ငံတြင္ ျပီးခဲ့သည့္ တနဂၤေႏြေန႔က ျဖစ္ပြားခဲ့ေသာ ဗုုံးေဖာက္ခြဲမႈမ်ားေၾကာင့္ လူ ၂၅၃ဦးေသဆုုံးခဲ့ျပီး ၅၀၀ ၀န္းက်င္မွ် ဒဏ္ရာရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Popular News Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

မျက်နှာကိုအုပ်ကာ သွားလာခြင်းများကို တားမြစ်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaက ယမန်နေ့က ကြေညာလိုက်သည်။ အကြမ်းဖက်များ၏ ဗုံးဖေါက်ခွဲမှုတို့ဖြစ်ပွားခဲ့ပြီး ရက်သတ္တ တစ်ပတ်အကြာတွင် ထိုသို့ကြေညာလိုက်ခြင်းဖြစ်သည်။

အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍ ထိုသို့ မျက်နှာအုပ်ကာ လူကြားအတွင်း သွားလာခြင်းကိုတားမြစ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ တားမြစ်ချက်သည် ယနေ့(ဧပြီ ၂၉ )တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းကိုလည်း သမ္မတရုံးမှထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

”ယခုတားမြစ်ခြင်းသည် အမျိုးသားလုံခြုံရေးကို ခိုင်မာသေချာစေရန်ဖြစ်ကြောင်း… မည်သူမည်ဝါဟူ၍သိရှိရန်ခက်ခဲသည့် အဆိုပါ မျက်နှာအုပ်ကာသွားလာခြင်းကို မည်သူ့ကိုမျှ ခွင့်မပြုကြောင်း”ကိုလည်း ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်သည့် အကြမ်းဖက်သမားများကို တာဝန်ရှိသူများက လိုက်လံရှာဖွေခြင်းပြုနေသည့်အတွက်နှင့် အကြမ်းဖက်သမားများ၏ အန္တရာယ်ကိုစိုးရိမ်ရသည့်အချိန်ကာလအတွင်းတွင် မူဆလင်အမျိုးသမီးများအနေဖြင့် မျက်နှာအုပ်ကာ သွားလာကြခြင်းမပြုပါရန် ဒေသခံအစ္စလာမ်မစ်ဘာသာရေးခေါင်းဆောင်များက တိုက်တွန်းမှုပြုခဲ့ပြီး နောက်ရက်အနည်းငယ်အကြာတွင် ယင်းကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

သီရိလင်္ကာနိုင်ငံရှိ မူဆလင်အမျိုးသမီးအနည်းငယ်မျှကသာလျှင် မျက်နှာကိုဖုံးအုပ်လေ့ရှိကြကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများကြောင့် လူ ၂၅၃ဦးသေဆုံးခဲ့ပြီး ၅၀၀ ဝန်းကျင်မျှ ဒဏ်ရာရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top