တနဂၤေႏြ သားသမီးမ်ား

သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ အသိအမွတ္ျပဳေျမႇာက္စားျခင္းခံရေသာ ပညာရွိ၊ အုပ္ခ်ဳပ္သူ သို႔မဟုတ္ အႀကံေပးအရာရွိျဖစ္လိမ့္မည္။ မိမိအား ယုံ ၾကည္စိတ္ခ်စြာျဖင့္ ကူညီပံ့ပိုးႏိုင္ပါေသာ မိတ္ေဆြေကာင္းမ်ားရွိေနပါသည္။ အိမ္ေထာင္ ဘက္အားအေၾကာင္းျပဳ၍ ဥစၥာပစၥည္းစုေဆာင္းႏိုင္မႈျဖစ္ေစတတ္ပါသည္။ သူတစ္ပါး၏ အက်ိဳးစီးပြားအတြက္ ထက္သန္စြာကူညီမႈ ျပဳေပးေနမိပါလိမ့္မည္။ ေလာင္းကစားကိုအ ေျခခံ၍ မိမိ၏သားသမီးမ်ား ပ်က္စီးမႈျဖစ္လြယ္ေစတတ္ပါသည္။ မိဘမ်ားအေပၚတြင္ ႏိုင္ထက္စီးနင္းျပဳမူဆက္ဆံမိျခင္းမ်ိဳးမျဖစ္ပါေစႏွင့္။ အခ်စ္ေရးကိစၥမ်ားတြင္ အတိတ္အ ေၾကာင္းအတိုအထြာသည္ နာၾကည္းစရာမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဆိုပါလၽွင္ ခ်စ္သူအ ေပၚတြင္ စိတ္ေပါင္းကိုယ္ခြာျဖင့္သာ ေနာက္ဆုတ္ႏိုင္ေစရန္ ႀကိဳးစားၾကည့္လိုက္ပါ။

ယၾတာ။ ။ ေမြးေန႔နံနက္တြင္ ၾကက္ဆီထမင္းကပ္လႉ၍ လိုရာဆႏၵျပဳပါ။

တနလၤာ သားသမီးမ်ား

အမ်ားအေပၚတြင္ လႊမ္းမိုးႏိုင္သူ၊ အမ်ား၏ စိတ္ဝင္စားျခင္းခံရေသာ စံနမူ နာအတုယူထိုက္သူအျဖစ္ ထင္ရွားေစတတ္ပါသည္။ မၾကာခဏ ခရီးထြက္ရ တတ္ေသာ္လည္း ေအာင္ျမင္၍ အဓိပၸာယ္ရွိေသာခရီးမ်ား ျဖစ္ေနရပါလိမ့္မည္။ မိမိတြင္ ရွိေသာ အရည္အခ်င္းႏွင့္လုပ္ေဆာင္ႏိုင္စြမ္းထက္ ပိုမို၍လုပ္ကိုင္ရေသာလုပ္ရပ္မ်ား အတြက္ စိတ္ဖိစီးမႈမ်ားခံရတတ္ပါသည္။ အရည္အခ်င္းမျပည့္၀ေသာ အထက္လူႀကီး မ်ား၏ အလိုက္မသိနားမလည္၊ တာဝန္ေပးခံရျခင္းအတြက္ လုပ္ငန္းမ်ားအေပၚတြင္ ဥပကၡာျပဳ ႏုတ္ထြက္လိုစိတ္ျမင့္မားလာရသည္အထိ ႀကဳံရေစတတ္ပါသည္။ က်န္းမာေရး ခ်ဴခ်ာတတ္ပါသည္။ အခ်စ္ေရးႏွင့္ပတ္သက္၍ အေၾကာင္းရင္းအမွားမတိုးျဖစ္ရပ္မ်ားကိုသာ လက္ခံ ခံစားလိုသည္ဆိုပါလၽွင္ အေပါင္းအသင္းအားကိုးျဖင့္ ယုံၾကည္မိေစမည့္ စိတ္ကူးမွန္သမၽွ ဥပကၡာျပဳျဖစ္ေအာင္ ျပဳလိုက္ပါ။

ယၾတာ ။ ။ သီလရွင္တစ္ပါးအား ဝတၳဳေငြလႉဒါန္းေပးပါ။

အဂၤါ သားသမီးမ်ား

ခရီးသြားလာျခင္းျဖင့္ ဝင္ေငြအက်ိဳးရွိေစေသာခံစားမႈမ်ား ရရွိပါလိမ့္မည္။ ပတ္ဝန္းက်င္အသစ္တြင္ ရင္းႏွီးေႏြးေထြးစြာျဖင့္ ႀကိဳဆိုမႈျပဳၾကပါလိမ့္မည္။ ရင္းႏွီးမတည္ထားေသာ စီးပြားေရးကိစၥမ်ားတြင္ အက်ိဳးအျမတ္ရရွိႏိုင္ေသာ္လည္း လက္ ေအာက္ငယ္သားမ်ားႏွင့္ပတ္သက္၍ စိတ္တိုင္းက်ျဖစ္ႏိုင္ရန္ ခက္ခဲေစရပါလိမ့္မည္။ စာခ်ဳပ္စာတမ္းမ်ား ေဆာင္႐ြက္ရန္ရွိခဲ့ပါက မွားယြင္းစြာဆုံးျဖတ္မႈ ျဖစ္ေစတတ္ပါသျဖင့္ သတိထားရန္လိုပါသည္။ လည္ေခ်ာင္းနာျခင္း၊ သြားနာျခင္းေဝဒနာမ်ား ခံစားရတတ္ပါ သည္။ အခ်စ္ေရးတြင္ မိမိအေပၚ၌ သမုဒယသံေယာဇဥ္ျဖင့္ တယုတယ အမွန္သေဘာ ခင္တြယ္တန္ဖိုးထားသူမ်ိဳးႏွင့္ လက္တြဲႏိုင္ရန္ႀကိဳးစားပါ။

ယၾတာ ။ ။ သံဃာေတာ္တစ္ပါးအား စာအုပ္လႉေပးပါ။

ဗုဒၶဟူး/ရာဟု သားသမီးမ်ား

အႀကံတူ၊ လုပ္ငန္းတူလုပ္ကိုင္သူမ်ား၏ ဩဇာလႊမ္းမိုးမႈမ်ား ခံစားရတတ္ပါ သည္။ စိတ္ကူးအသစ္၊ လုပ္ငန္းအသစ္မ်ား လုပ္ကိုင္ေဆာင္႐ြက္ရန္ အဆင္ မေျပႏိုင္ေသးပါ။ တူညီစြာျဖင့္လက္တြဲခဲ့ၾကသည့္ မိတ္ေဆြမ်ားအေနျဖင့္ အကူအညီမလာ ခက္ခဲရေစေသာ အေျခအေနမ်ားျဖစ္ေပၚေနၾကေၾကာင္း သိရပါလိမ့္မည္။ မည္သည့္ကိစၥ တြင္မဆို အလြယ္တကူျဖင့္ ကတိေပးမလြယ္မိပါေစႏွင့္။ အာ႐ုံေၾကာႏွင့္ဆိုင္ေသာ ေဝဒ နာမ်ား ျဖစ္ေပၚခံစားရတတ္ပါသည္။ အိမ္ေထာင္ဖက္၏က်န္းမာေရးအတြက္ ဂ႐ုစိုက္ရန္ လိုပါသည္။ အခ်စ္ေရးတြင္ အသိစိတ္မပါ၊ မသိစိတ္အလႊာမွ ေစ့ေဆာ္ဆုံးျဖတ္မႈေၾကာင့္ အေတြးေခ်ာ္ အမုန္းဇာတ္ခင္းရေသာ၊ ျပႆနာရွင္းရျခင္းမ်ား ႀကဳံရတတ္ပါသျဖင့္ သတိ ျပဳဆင္ျခင္ပါ။

ယၾတာ ။ ။ ေမြးေန႔နံနက္တြင္ အိမ္ကဘုရား၌ ပဲေပါင္မုန္႔ ကပ္လႉေပးပါ။

ၾကာသပေတး သားသမီးမ်ား

ငယ္႐ြယ္၍ ထက္ျမက္ေသာ စီးပြားေရးပညာရွင္မ်ားႏွင့္ ပူးတြဲ၍လုပ္ကိုင္ ရန္ အခ်ိန္ေကာင္းျဖစ္ပါသည္။ အစဥ္သျဖင့္ လုံ႔လဝီရိယလြန္ကဲေနမိတတ္ ပါသည္။ ႏ္ိုငငံျခားကုမၸဏီမ်ား၊ လူမ်ိဳးျခားမိတ္ေဆြမ်ားႏွင့္ အထူးအက်ိဳးေပးပါလိမ့္မည္။ အိမ္ၿခံေျမႏွင့္ပတ္သက္ေသာ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အထူးကံေကာင္းေနပါလိမ့္မည္။ တနလၤာ၊ ေသာၾကာသားသမီးမ်ားႏွင့္ ပူးတြဲလုပ္ကိုင္ျခင္းျဖင့္ အစစအရာရာတြင္ ေအာင္ ျမင္ၿပီးေျမာက္မႈ ျဖစ္ေစရပါလိမ့္မည္။ အိပ္ေရးပ်က္မခံပါႏွင့္။ က်န္းမာေရးဂ႐ုစိုက္ပါ။ အခ်စ္ေရးတြင္ ျငင္းရန္မလြယ္ပါသည့္ သႀကၤန္မယ္ခ်စ္သူတစ္ဦးႏွင့္ ဆုံေတြ႕လက္တြဲခြင့္ ႀကဳံရပါလိမ့္မည္။

ယၾတာ ။ ။ ကေလးတစ္ဦးအား ထီးတစ္ေခ်ာင္း လက္ေဆာင္ေပးလိုက္ပါ။

ေသာၾကာ သားသမီးမ်ား

တာဝန္ယူေဆာင္႐ြက္ရပါေသာ လုပ္ငန္းတာဝန္မ်ား မ်ားျပားေနျခင္းအ တြက္ မိမိ၏႐ုပ္အသြင္အရွိသည္ အဟုတ္ဝန္ပိေနေသာသူပမာ မလန္း ႏိုင္ပါဘဲ ျဖစ္ေနရပါလိမ့္မည္။ ဝန္ထမ္းမ်ားအေနျဖင့္ မိမိတာဝန္ယူေဆာင္႐ြက္ရေသာ အပိုင္းတြင္ နာမည္ဂုဏ္သတင္းေက်ာ္ၾကားေစေသာ ထင္ေပၚမႈရရွိပါလိမ့္မည္။ မိတ္ေဆြ မ်ားထံမွ အႀကံေကာင္း၊ ဉာဏ္ေကာင္းမ်ား၊ ေငြေၾကးမ်ား ျပည့္စုံလုံေလာက္စြာရရွိေစတတ္ ပါသည္။ ဆန္႔က်င္ဘက္လိင္မ်ားမွ ေမၽွာ္လင့္ခ်က္မ်ားျဖင့္ မိမိအား ပံ့ပိုးကူညီမႈမ်ား ျပဳ ေပးၾကပါလိမ့္မည္။ အခ်စ္ေရးတြင္ ခ်စ္မိသူအား လြယ္ရာလွည့္ပတ္ သေဘာအျပစ္မ ကင္းခ်စ္မိခဲ့ပါလၽွင္ တြယ္တာတည့္မတ္ေသာခ်စ္ျခင္းျဖင့္ ေမတၱာရွိလာေစရန္ စည္း႐ုံး ႏိုင္ေစဖို႔ ခက္ခဲရပါလိမ့္မည္။

ယၾတာ ။ ။ အိမ္ကဘုရားတြင္ ပန္းသီးကပ္လႉ၍ လိုရာဆႏၵျပဳေပးပါ။

စေန သားသမီးမ်ား

ရင္းႏွီးေသာမိတ္ေဆြမ်ား၏ အမႈကိစၥဟူသမၽွတြင္ စတိုင္အသြင္မွန္စြာျဖင့္ အတိုင္ပင္ခံပမာ ေျဖရွင္းေဆာင္႐ြက္မႈျပဳေပးရပါလိမ့္မည္။ စီးပြားေရး လုပ္ကြက္တြင္ အသြင္ႏွစ္မ်ိဳးျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ရတတ္ပါသည္။ ေပၚပင္စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ယာယီအက်ိဳးေပးပါလိမ့္မည္။ ေငြေၾကးကိစၥမ်ားတြင္ စိတ္ခ်ရေစေသာ အေျခအေနမ်ားႏွင့္ တည္ၿငိမ္မႈျဖစ္ႏိုင္ရန္ ခက္ခဲေစရတတ္ပါသည္။ အမႈအခင္းျပႆနာ ရွိခဲ့ပါလၽွင္ စိတ္လိုက္မာန္ပါျပဳမူေျဖရွင္းျခင္းမ်ိဳး မျပဳမိပါေစႏွင့္။ အခ်စ္ေရးတြင္ ခ်စ္ၾက သူအခ်င္းခ်င္း စကားမွန္၊ အေျပာေႏွး၊ ၾကန္႔ၾကာမႈျဖစ္ရပ္မ်ားေၾကာင့္ အမွားအမွန္ေရာ ေထြးသည့္ အလွမ္းကြာသေဘာေအး ျဖစ္စဥ္မ်ား ျဖစ္ေပၚခံစားေနျခင္းမ်ား ႀကဳံရပါလိမ့္ မည္။

ယၾတာ ။ ။ ေမြးေန႔နံနက္တြင္ လိေမၼာ္သီးကပ္လႉ၍ လိုရာဆႏၵျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyi Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

တနင်္ဂနွေ သားသမီးများ

သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိအမှတ်ပြုမြှောက်စားခြင်းခံရသော ပညာရှိ၊ အုပ်ချုပ်သူ သို့မဟုတ် အကြံပေးအရာရှိဖြစ်လိမ့်မည်။ မိမိအား ယုံ ကြည်စိတ်ချစွာဖြင့် ကူညီပံ့ပိုးနိုင်ပါသော မိတ်ဆွေကောင်းများရှိနေပါသည်။ အိမ်ထောင် ဘက်အားအကြောင်းပြု၍ ဥစ္စာပစ္စည်းစုဆောင်းနိုင်မှုဖြစ်စေတတ်ပါသည်။ သူတစ်ပါး၏ အကျိုးစီးပွားအတွက် ထက်သန်စွာကူညီမှု ပြုပေးနေမိပါလိမ့်မည်။ လောင်းကစားကိုအ ခြေခံ၍ မိမိ၏သားသမီးများ ပျက်စီးမှုဖြစ်လွယ်စေတတ်ပါသည်။ မိဘများအပေါ်တွင် နိုင်ထက်စီးနင်းပြုမူဆက်ဆံမိခြင်းမျိုးမဖြစ်ပါစေနှင့်။ အချစ်ရေးကိစ္စများတွင် အတိတ်အ ကြောင်းအတိုအထွာသည် နာကြည်းစရာများနှင့် ရင်ဆိုင်နေရသည်ဆိုပါလျှင် ချစ်သူအ ပေါ်တွင် စိတ်ပေါင်းကိုယ်ခွာဖြင့်သာ နောက်ဆုတ်နိုင်စေရန် ကြိုးစားကြည့်လိုက်ပါ။

ယတြာ။ ။ မွေးနေ့နံနက်တွင် ကြက်ဆီထမင်းကပ်လှူ၍ လိုရာဆန္ဒပြုပါ။

တနင်္လာ သားသမီးများ

အများအပေါ်တွင် လွှမ်းမိုးနိုင်သူ၊ အများ၏ စိတ်ဝင်စားခြင်းခံရသော စံနမူ နာအတုယူထိုက်သူအဖြစ် ထင်ရှားစေတတ်ပါသည်။ မကြာခဏ ခရီးထွက်ရ တတ်သော်လည်း အောင်မြင်၍ အဓိပ္ပာယ်ရှိသောခရီးများ ဖြစ်နေရပါလိမ့်မည်။ မိမိတွင် ရှိသော အရည်အချင်းနှင့်လုပ်ဆောင်နိုင်စွမ်းထက် ပိုမို၍လုပ်ကိုင်ရသောလုပ်ရပ်များ အတွက် စိတ်ဖိစီးမှုများခံရတတ်ပါသည်။ အရည်အချင်းမပြည့်ဝသော အထက်လူကြီး များ၏ အလိုက်မသိနားမလည်၊ တာဝန်ပေးခံရခြင်းအတွက် လုပ်ငန်းများအပေါ်တွင် ဥပက္ခာပြု နုတ်ထွက်လိုစိတ်မြင့်မားလာရသည်အထိ ကြုံရစေတတ်ပါသည်။ ကျန်းမာရေး ချူချာတတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်၍ အကြောင်းရင်းအမှားမတိုးဖြစ်ရပ်များကိုသာ လက်ခံ ခံစားလိုသည်ဆိုပါလျှင် အပေါင်းအသင်းအားကိုးဖြင့် ယုံကြည်မိစေမည့် စိတ်ကူးမှန်သမျှ ဥပက္ခာပြုဖြစ်အောင် ပြုလိုက်ပါ။

ယတြာ ။ ။ သီလရှင်တစ်ပါးအား ဝတ္ထုငွေလှူဒါန်းပေးပါ။

အင်္ဂါ သားသမီးများ

ခရီးသွားလာခြင်းဖြင့် ဝင်ငွေအကျိုးရှိစေသောခံစားမှုများ ရရှိပါလိမ့်မည်။ ပတ်ဝန်းကျင်အသစ်တွင် ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုမှုပြုကြပါလိမ့်မည်။ ရင်းနှီးမတည်ထားသော စီးပွားရေးကိစ္စများတွင် အကျိုးအမြတ်ရရှိနိုင်သော်လည်း လက် အောက်ငယ်သားများနှင့်ပတ်သက်၍ စိတ်တိုင်းကျဖြစ်နိုင်ရန် ခက်ခဲစေရပါလိမ့်မည်။ စာချုပ်စာတမ်းများ ဆောင်ရွက်ရန်ရှိခဲ့ပါက မှားယွင်းစွာဆုံးဖြတ်မှု ဖြစ်စေတတ်ပါသဖြင့် သတိထားရန်လိုပါသည်။ လည်ချောင်းနာခြင်း၊ သွားနာခြင်းဝေဒနာများ ခံစားရတတ်ပါ သည်။ အချစ်ရေးတွင် မိမိအပေါ်၌ သမုဒယသံယောဇဉ်ဖြင့် တယုတယ အမှန်သဘော ခင်တွယ်တန်ဖိုးထားသူမျိုးနှင့် လက်တွဲနိုင်ရန်ကြိုးစားပါ။

ယတြာ ။ ။ သံဃာတော်တစ်ပါးအား စာအုပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု သားသမီးများ

အကြံတူ၊ လုပ်ငန်းတူလုပ်ကိုင်သူများ၏ ဩဇာလွှမ်းမိုးမှုများ ခံစားရတတ်ပါ သည်။ စိတ်ကူးအသစ်၊ လုပ်ငန်းအသစ်များ လုပ်ကိုင်ဆောင်ရွက်ရန် အဆင် မပြေနိုင်သေးပါ။ တူညီစွာဖြင့်လက်တွဲခဲ့ကြသည့် မိတ်ဆွေများအနေဖြင့် အကူအညီမလာ ခက်ခဲရစေသော အခြေအနေများဖြစ်ပေါ်နေကြကြောင်း သိရပါလိမ့်မည်။ မည်သည့်ကိစ္စ တွင်မဆို အလွယ်တကူဖြင့် ကတိပေးမလွယ်မိပါစေနှင့်။ အာရုံကြောနှင့်ဆိုင်သော ဝေဒ နာများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အိမ်ထောင်ဖက်၏ကျန်းမာရေးအတွက် ဂရုစိုက်ရန် လိုပါသည်။ အချစ်ရေးတွင် အသိစိတ်မပါ၊ မသိစိတ်အလွှာမှ စေ့ဆော်ဆုံးဖြတ်မှုကြောင့် အတွေးချော် အမုန်းဇာတ်ခင်းရသော၊ ပြဿနာရှင်းရခြင်းများ ကြုံရတတ်ပါသဖြင့် သတိ ပြုဆင်ခြင်ပါ။

ယတြာ ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ ပဲပေါင်မုန့် ကပ်လှူပေးပါ။

ကြာသပတေး သားသမီးများ

ငယ်ရွယ်၍ ထက်မြက်သော စီးပွားရေးပညာရှင်များနှင့် ပူးတွဲ၍လုပ်ကိုင် ရန် အချိန်ကောင်းဖြစ်ပါသည်။ အစဉ်သဖြင့် လုံ့လဝီရိယလွန်ကဲနေမိတတ် ပါသည်။ နိုငငံခြားကုမ္ပဏီများ၊ လူမျိုးခြားမိတ်ဆွေများနှင့် အထူးအကျိုးပေးပါလိမ့်မည်။ အိမ်ခြံမြေနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် အထူးကံကောင်းနေပါလိမ့်မည်။ တနင်္လာ၊ သောကြာသားသမီးများနှင့် ပူးတွဲလုပ်ကိုင်ခြင်းဖြင့် အစစအရာရာတွင် အောင် မြင်ပြီးမြောက်မှု ဖြစ်စေရပါလိမ့်မည်။ အိပ်ရေးပျက်မခံပါနှင့်။ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေးတွင် ငြင်းရန်မလွယ်ပါသည့် သြင်္ကန်မယ်ချစ်သူတစ်ဦးနှင့် ဆုံတွေ့လက်တွဲခွင့် ကြုံရပါလိမ့်မည်။

ယတြာ ။ ။ ကလေးတစ်ဦးအား ထီးတစ်ချောင်း လက်ဆောင်ပေးလိုက်ပါ။

သောကြာ သားသမီးများ

တာဝန်ယူဆောင်ရွက်ရပါသော လုပ်ငန်းတာဝန်များ များပြားနေခြင်းအ တွက် မိမိ၏ရုပ်အသွင်အရှိသည် အဟုတ်ဝန်ပိနေသောသူပမာ မလန်း နိုင်ပါဘဲ ဖြစ်နေရပါလိမ့်မည်။ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ယူဆောင်ရွက်ရသော အပိုင်းတွင် နာမည်ဂုဏ်သတင်းကျော်ကြားစေသော ထင်ပေါ်မှုရရှိပါလိမ့်မည်။ မိတ်ဆွေ များထံမှ အကြံကောင်း၊ ဉာဏ်ကောင်းများ၊ ငွေကြေးများ ပြည့်စုံလုံလောက်စွာရရှိစေတတ် ပါသည်။ ဆန့်ကျင်ဘက်လိင်များမှ မျှော်လင့်ချက်များဖြင့် မိမိအား ပံ့ပိုးကူညီမှုများ ပြု ပေးကြပါလိမ့်မည်။ အချစ်ရေးတွင် ချစ်မိသူအား လွယ်ရာလှည့်ပတ် သဘောအပြစ်မ ကင်းချစ်မိခဲ့ပါလျှင် တွယ်တာတည့်မတ်သောချစ်ခြင်းဖြင့် မေတ္တာရှိလာစေရန် စည်းရုံး နိုင်စေဖို့ ခက်ခဲရပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် ပန်းသီးကပ်လှူ၍ လိုရာဆန္ဒပြုပေးပါ။

စနေ သားသမီးများ

ရင်းနှီးသောမိတ်ဆွေများ၏ အမှုကိစ္စဟူသမျှတွင် စတိုင်အသွင်မှန်စွာဖြင့် အတိုင်ပင်ခံပမာ ဖြေရှင်းဆောင်ရွက်မှုပြုပေးရပါလိမ့်မည်။ စီးပွားရေး လုပ်ကွက်တွင် အသွင်နှစ်မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ရတတ်ပါသည်။ ပေါ်ပင်စီးပွားရေး လုပ်ငန်းများနှင့် ယာယီအကျိုးပေးပါလိမ့်မည်။ ငွေကြေးကိစ္စများတွင် စိတ်ချရစေသော အခြေအနေများနှင့် တည်ငြိမ်မှုဖြစ်နိုင်ရန် ခက်ခဲစေရတတ်ပါသည်။ အမှုအခင်းပြဿနာ ရှိခဲ့ပါလျှင် စိတ်လိုက်မာန်ပါပြုမူဖြေရှင်းခြင်းမျိုး မပြုမိပါစေနှင့်။ အချစ်ရေးတွင် ချစ်ကြ သူအချင်းချင်း စကားမှန်၊ အပြောနှေး၊ ကြန့်ကြာမှုဖြစ်ရပ်များကြောင့် အမှားအမှန်ရော ထွေးသည့် အလှမ်းကွာသဘောအေး ဖြစ်စဉ်များ ဖြစ်ပေါ်ခံစားနေခြင်းများ ကြုံရပါလိမ့် မည်။

ယတြာ ။ ။ မွေးနေ့နံနက်တွင် လိမ္မော်သီးကပ်လှူ၍ လိုရာဆန္ဒပြုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top