(၁) အထီးက်န္မႈကို လႊမ္းမိုးႏိုင္ေသာ ပန္းကေလးမ်ား

လူအမ်ားႏွင့္ စကားအေျပာအဆို နည္းလာေသာ အခါတြင္ အထီးက်န္မႈမ်ားပို၍ တိုးလာေစသည္။ ကြန္ပ်ဴတာ (သို႔) ဖုန္းတို႔သံုး၍ အခ်င္းခ်င္း ဆက္ႏြယ္ေနမႈ လံုး၀မတူပါ။ ပန္းကေလးမ်ားကိုၾကည့္၍ ၾကည္ႏူးစိတ္ပြား ၿပီး ဦးေႏွာက္လန္းဆန္း၍ ဥာဏ္႐ႊင္ရာမွ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၊ အိမ္နီးခ်င္း၊ ထုိမွ်မက မိမိမသိေသးေသာ လူစိမ္းမ်ားႏွင့္ပင္ အၾကင္နာေ႐ွ႕ထား ၍ ဆက္ဆံေျပာဆိုလိုစိတ္ ျဖစ္လာမည္။

မိမိအိမ္၌ ပန္းကေလးမ်ားကို အခန္းတြင္း အလွဆင္၍ ပန္းအုိးက ေလးမ်ား ထား႐ွိျခင္းသည္ မိမိထံသို႔ အလည္အပတ္လာ သူမ်ားအား ခရီးဦးႀကိဳျပဳသည့္ ပတ္၀န္းက်င္ကို ဖန္တီး ေစၿပီး တစ္ဦး၏ခံစားခ်က္ကို တစ္ဦးကမွ်ေ၀ၿပီး ေျပာရန္ ခက္ခဲေသာ စကားပင္လွ်င္ ေျပာျဖစ္ၿပီး ေျပလည္မႈ ရ႐ွိေစသည္။

(၂) ႐ံုးတြင္ ပန္းပင္၊ သစ္ပင္ငယ္မ်ား ထား႐ွိျခင္း

ေလ့လာခ်က္မ်ားအရ အမ်ိဳးသမီး၊ အမ်ိဳးသားတုိ႔ သည္ ႐ံုးအတြင္း ပန္းကေလးမ်ား ထား႐ွိျခင္းျဖင့္ အႀကံ ေကာင္းမ်ားကို ရ႐ွိေစၿပီး ျပႆနာမ်ားကို ေျဖ႐ွင္းႏိုင္စြမ္း ႐ွိသည္ဟု ဆုိသည္။ ႐ံုးတြင္း႐ွည္ၾကာစြာေနၿပီး အလုပ္လုပ္ေနသူမ်ားအေနႏွင့္ သူတုိ႔ပတ္၀န္းက်င္ကို အစိမ္းေရာင္ သစ္ပင္ငယ္မ်ားျဖင့္ အလွဆင္ျခင္းျဖင့္ အပန္းေျဖမႈ၊ လုံျခံဳမႈကိုရ႐ွိေစသည္။

(၃) သဘာ၀ အျမင္ကိုနီးစပ္ေစေသာ ပန္းမ်ား

ေလ့လာမႈမ်ားအရ ပန္းစည္းကေလးမ်ား အေပးခံရ သူတုိ႔အေနႏွင့္ ေရ႐ွည္စိတ္ၾကည္လင္ၿပီး အေကာင္းျမင္မႈ ကို ရ႐ွိေစသည္။ စိတ္ဓာတ္က်ျခင္း၊ စိတ္အားငယ္ျခင္း၊ ပူပင္ေၾကာင့္ၾကႏွင့္ စိတ္ဖိစီးမႈ Level ကို က်ဆင္းေစၿပီး ေပ်ာ္႐ႊင္ျခင္းႏွင့္ ဘ၀မွာေက်နပ္မႈႏွင့္ စိတ္အင္အား တုိးပြားမႈကို ျဖစ္ေစသည္။

 အလုပ္ႏွင့္ လက္မျပတ္ေနရသူ၊ ႐ံုး၀န္ထမ္းမ်ား၊ ၿမိဳ႕ႏွင့္ေ၀းေသာ ၿမိဳ႕ျပင္ေနရာမွာ ေနရသူ တုိ႔မွ မိမိတုိ႔စိတ္တုိင္းက် ပတ္၀န္းက်င္ သဘာ၀မ်ိဳးႏွင့္ ကင္းေ၀ေနရစဥ္ မိမိအနီးစပ္ဆံုး ပတ္၀န္းက်င္တြင္ လတ္ဆတ္ေသာ ပန္းကေလးမ်ားႏွင့္ မိမိအိမ္၊ ျခံ၊ မိိမိ အလုပ္စားပြဲ၌ ထား႐ွိျခင္းျဖင့္ သဘာ၀ႏွင့္ နီးစပ္ေစၿပီး စိတ္ကို ျပဳျပင္ေပးႏုိင္သည္။

သုိ႔ျဖစ္၍ မိမိ၏အိပ္ခန္း၊ ေရခ်ိဳးခန္း၊ မီးဖိုေခ်ာင္ မိမိအမ်ားဆံုး ၀င္ခ်ည္ထြက္ခ်ည္ ေနရေသာ ေနရာမ်ိဳး၌ ပန္းကေလးမ်ား၊ ပန္းအုိး၊ ပန္းပင္ငယ္ကေလးမ်ား ထား႐ွိျခင္းျဖင့္ စိတ္ကိုလန္းဆန္း ေစသည့္ အက်ိဳးကိုရ႐ွိေစမည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Health Updates Journal
# Unicode Version # ျဖင့္ ဖတ္ပါ #


(၁) အထီးကျန်မှုကို လွှမ်းမိုးနိုင်သော ပန်းကလေးများ

လူအများနှင့် စကားအပြောအဆို နည်းလာသော အခါတွင် အထီးကျန်မှုများပို၍ တိုးလာစေသည်။ ကွန်ပျူတာ (သို့) ဖုန်းတို့သုံး၍ အချင်းချင်း ဆက်နွယ်နေမှု လုံးဝမတူပါ။ ပန်းကလေးများကိုကြည့်၍ ကြည်နူးစိတ်ပွား ပြီး ဦးနှောက်လန်းဆန်း၍ ဉာဏ်ရွှင်ရာမှ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ အိမ်နီးချင်း၊ ထိုမျှမက မိမိမသိသေးသော လူစိမ်းများနှင့်ပင် အကြင်နာရှေ့ထား ၍ ဆက်ဆံပြောဆိုလိုစိတ် ဖြစ်လာမည်။

မိမိအိမ်၌ ပန်းကလေးများကို အခန်းတွင်း အလှဆင်၍ ပန်းအိုးက လေးများ ထားရှိခြင်းသည် မိမိထံသို့ အလည်အပတ်လာ သူများအား ခရီးဦးကြိုပြုသည့် ပတ်ဝန်းကျင်ကို ဖန်တီး စေပြီး တစ်ဦး၏ခံစားချက်ကို တစ်ဦးကမျှဝေပြီး ပြောရန် ခက်ခဲသော စကားပင်လျှင် ပြောဖြစ်ပြီး ပြေလည်မှု ရရှိစေသည်။

(၂) ရုံးတွင် ပန်းပင်၊ သစ်ပင်ငယ်များ ထားရှိခြင်း

လေ့လာချက်များအရ အမျိုးသမီး၊ အမျိုးသားတို့ သည် ရုံးအတွင်း ပန်းကလေးများ ထားရှိခြင်းဖြင့် အကြံ ကောင်းများကို ရရှိစေပြီး ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ရုံးတွင်းရှည်ကြာစွာနေပြီး အလုပ်လုပ်နေသူများအနေနှင့် သူတို့ပတ်ဝန်းကျင်ကို အစိမ်းရောင် သစ်ပင်ငယ်များဖြင့် အလှဆင်ခြင်းဖြင့် အပန်းဖြေမှု၊ လုံခြုံမှုကိုရရှိစေသည်။

(၃) သဘာ၀ အမြင်ကိုနီးစပ်စေသော ပန်းများ

လေ့လာမှုများအရ ပန်းစည်းကလေးများ အပေးခံရ သူတို့အနေနှင့် ရေရှည်စိတ်ကြည်လင်ပြီး အကောင်းမြင်မှု ကို ရရှိစေသည်။ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ပူပင်ကြောင့်ကြနှင့် စိတ်ဖိစီးမှု Level ကို ကျဆင်းစေပြီး ပျော်ရွှင်ခြင်းနှင့် ဘဝမှာကျေနပ်မှုနှင့် စိတ်အင်အား တိုးပွားမှုကို ဖြစ်စေသည်။

 အလုပ်နှင့် လက်မပြတ်နေရသူ၊ ရုံးဝန်ထမ်းများ၊ မြို့နှင့်ဝေးသော မြို့ပြင်နေရာမှာ နေရသူ တို့မှ မိမိတို့စိတ်တိုင်းကျ ပတ်ဝန်းကျင် သဘာဝမျိုးနှင့် ကင်းဝေနေရစဉ် မိမိအနီးစပ်ဆုံး ပတ်ဝန်းကျင်တွင် လတ်ဆတ်သော ပန်းကလေးများနှင့် မိမိအိမ်၊ ခြံ၊ မိမိ အလုပ်စားပွဲ၌ ထားရှိခြင်းဖြင့် သဘာဝနှင့် နီးစပ်စေပြီး စိတ်ကို ပြုပြင်ပေးနိုင်သည်။

သို့ဖြစ်၍ မိမိ၏အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင် မိမိအများဆုံး ဝင်ချည်ထွက်ချည် နေရသော နေရာမျိုး၌ ပန်းကလေးများ၊ ပန်းအိုး၊ ပန်းပင်ငယ်ကလေးများ ထားရှိခြင်းဖြင့် စိတ်ကိုလန်းဆန်း စေသည့် အကျိုးကိုရရှိစေမည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Health Updates Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top