20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ဗုဒၶျမတ္စြာက အဂၤုတၱရ နိကာယ္မွာ ။ပဘႆရ မိဒံ ဘိကၡေဝ စိတၱံ။ စိတ္ကေလးဟာ ျဖဴစင္ ဝင္းလက္ေနတယ္လို႔ ေဟာေတာ္မူတယ္။ တင္စားျပီးသံုးတဲ့ အသံုးေနာ္။ လူေတြလည္း ေျပာၾကတယ္မဟုတ္လား။ အသံဆိုတာ ျမင္ရတာလား၊ ၾကားရတာလား? ၾကားရတာေနာ္။ ဒါေပမယ့္ မေျပာၾကဘူးလား၊ အသံနက္ၾကီးနဲ႔တဲ့၊ အသံျပာၾကီးနဲ႔တဲ့၊ အသံဝါၾကီးနဲ႔တဲ့၊ ဘယ္လိုလုပ္ျပီး အျပာေတြ အဝါေတြ ျမင္ၾကလဲ၊ ေျပာတယ္မဟုတ္လား။

 ေအး ဒီမွာလည္း ျမတ္စြာဘုရားက ။ပဘႆရ မိဒံ ဘိကၡေဝ စိတၱံ။ သဘာဝစိတ္ကေလးက ျဖဴစင္ျပီး ဝင္းလက္ေနတာ၊ ပဘႆရ ဆိုတာ ပဘာ-အေရာင္အဝါေတြ၊ သရ- ထြက္ေနတယ္လို႔ ဒီလိုေျပာတယ္။ ျဖဴစင္တယ္၊ စင္ၾကယ္တယ္ဆိုတဲ့ အဓိပၸါယ္ကို ေဖာ္ျပတာပါေနာ္။
။။

ပဘႆရ မိဒံ ဘိကၡေဝ စိတၱံ၊ ကဥၥ ေခါ အာဂႏၱဳ ေကဟိ ဥပကၠိေလေသဟိ ဥပကၠိလိ႒ံ။။
အခုလို ပါဠိေတြ နည္းနည္းပါးပါးရြတ္ရတာ တျခား မဟုတ္ဘူး။ ျမတ္စြာဘုရား ေဟာခဲ့တယ္ဆိုတာ သက္ေသျပဖို႔အတြက္ေနာ္။ ဘုရားက ဒီလိုေဟာခဲ့တာ။

ဣဒံ စိတၱံ - ဤစိတ္သည္၊ ပဘႆရ- ျပိဳးျပိဳးျပက္ျပက္ အေရာင္တလက္လက္နဲ႔ စင္ၾကယ္၍ ေနပါေတာ့၏။ တဥၥ- ထိုစင္ၾကယ္ေနတဲ့ စိတ္ကေလးဟာ၊ အာဂႏၱဳေကဟိ- အခိုက္အတန္႔ေပၚလာတတ္တဲ့၊ ။။အာဂႏၱဳဆိုတာ ဧည့္သည့္၊ ေရာက္ေရာက္လာတတ္တယ္ေပါ့။။ အာဂႏၱဳေကဟိ- ဧည့္သည့္ ျဖစ္ကုန္ေသာ၊ ဥပကၠိေလေသဟိ- အညစ္အေၾကးတို႔သည္၊ ဥပကၠိလိ႒ံ- ညစ္ႏြမ္းေစအပ္ေလေတာ့၏။

ပင္ကိုစိတ္ေလးက ျဖဴစင္ဝင္းလက္ေနတာတဲ့၊ ေခတၱခဏ ေရာက္ေရာက္လာတတ္တဲ့ ဧည့္သည္ေတြေၾကာင့္၊ ညစ္ႏြမ္းသြားရတယ္လို႔ ဒီလိုေျပာတယ္။ အဲဒီေတာ့ စိတ္ကေလးက ထာဝရ ညစ္ႏြမ္းေနတာ မဟုတ္ဘူး။ အခိုက္အတန္႔ စိတ္ရဲ႕ အညစ္အေၾကးေတြ ဝင္လာတဲ့အခါက်ေတာ့ စိတ္က ညစ္ႏြမ္းရတယ္။ ဒါက စိတ္နဲ႔ အညစ္အေၾကးကို ခြဲထုတ္လို႔ရေအာင္၊ ခြဲထုတ္လို႔ ရႏိုင္တယ္ဆိုတာကို ျမတ္စြာဘုရားက လမ္းညြန္ျပတာေနာ္။

ျဖဴစင္ေနတဲ့ အဝတ္ကေလးတစ္ထည္ ညစ္ႏြမ္းလာတယ္ဆိုေတာ့ အဝတ္ကတျခား၊ ညစ္ႏြမ္းေနတဲ့ အညစ္အေၾကးကတျခား၊ ဒီလို မဟုတ္လား။ အဲဒီအညစ္အေၾကးေတြကို ေလၽွာ္ဖြတ္လိုက္တဲ့အခါ အဝတ္ပါ ေပ်ာက္သြားသလား သို႔မဟုတ္ အညစ္အေၾကးေလးေတြသာ ေပ်ာက္သြားတာလား? အညစ္အေၾကးေတြသာ ေပ်ာက္သြားတာ၊ အဲဒီလိုမ်ိဳးလိုပဲ စိတ္က ေပ်ာက္မသြားဘူး။ စိတ္ထဲမွာ ေပၚလာတဲ့ အညစ္အေၾကးေတြသာေပ်ာက္တာ။

ဒါျဖင့္ စိတ္ရဲ႕ အညစ္အေၾကးေတြဆိုတာ ဘာေတြလဲ၊ အဘိဓမၼာက်မ္းမွာ ျမတ္စြာဘုရားက စိိတ္ရဲ႕ အညစ္အေၾကးအေနနဲ႔ အကုသိုလ္ေစတသိတ္ ၁၄ မ်ိဳး ေဟာထားတယ္။ ကိေလသာနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ၁၀ မ်ိဳးပဲ ရွိတယ္။ ဒီက ၄ မ်ိဳးပိုတာေပါ့။ အဲဒီ ၁၄ မ်ိဳးထဲက ကိေလသာလို႔ နာမည္ေပးထားတာက ၁၀ မ်ိဳးေပါ့။

ကိေလာသာလို႔ နာမည္မေပးေပမယ့္လို႔ အကုသိုလ္ ေစတသိတ္ဆိုတာ စိတ္ရဲ႕ အညစ္အေၾကးေတြခ်ည္းပဲ။ အဲဒီ စိတ္ရဲ႕ အညစ္အေၾကးေတြေၾကာင့္ စိတ္ဟာ ညစ္ႏြမ္းေနရတယ္။ အဝတ္ေတြ ညစ္ႏြမ္းရင္ လူေတြက ဆပ္ျပာနဲ႔ ေရနဲ႔ ေလၽွာ္ၾကတယ္။ စိတ္ေတြ ညစ္ႏြမ္းရင္လည္း ေလၽွာ္တဲ့ နည္းလမ္းေတာ့ ရွိမွာေပါ့။ အဝတ္ေတြ ညစ္ႏြမ္းရင္ေတာ့ ေလၽွာ္ၾကသလို ကိုယ့္စိတ္ကေလး ညစ္ႏြမ္းရင္လည္း ေလၽွာ္ၾကဖို႔ မေမ့ၾကေလနဲ႔။

ျဖဴစင္သန္႔ရွင္းတဲ့ စိတ္ကေလး ျဖစ္လာေအာင္ ေခတၱခဏေရာက္လာတဲ့ အညစ္အေၾကးဆိုတာေတြကို ေလၽွာ္ဖြပ္ပစ္ရမွာပဲ။ အဝတ္ေလၽွာ္တဲ့အခါ တစ္ခ်ိဳ႕ အညစ္အေၾကးမ်ိဳးေတြက တစ္ခါ ႏွစ္ခါ ေလၽွာ္႐ုံနဲ႔ ဖြပ္႐ုံနဲ႔ မရဘူး။ ေတာ္ေတာ္စြဲေနတာေနာ္။ ေတာ္ေတာ္စြဲတဲ့ အညစ္အေၾကးလည္းရွိတယ္။

သာမာန္တစ္ခါ ႏွစ္ခါ ေလၽွာ္႐ုံနဲ႔ ေပ်ာက္သြားတဲ့ အညစ္အေၾကးလည္းရွိတယ္။ ဒီလိုပဲ စိတ္ရဲ႕အညစ္အေၾကးမွာလည္းပဲ တခ်ိဳ႕ အညစ္အေၾကးေတြက စြဲထင္ေနတယ္၊ ခုမွ ညစ္တာမဟုတ္ဘူး။ သံသရာက ညစ္လာတာဆိုေတာ့ လံုးဝစြဲထင္ေနတာ၊ တစ္ခါ ႏွစ္ခါ ေလၽွာ္႐ုံေလးနဲ႔ မရဘူး။

စိတ္အညစ္အေၾကး ေလၽွာ္နည္း
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ေလၽွာ္တယ္ဆိုတာ တျခားနည္းနဲ႔ ေလၽွာ္ရမွာေတာ့ မဟုတ္ဘူး။ သမထက်င့္စဥ္က်င့္ျပီးေတာ့ ေလၽွာ္တယ္၊ဝိပႆနာ က်င့္စဥ္က်င့္ျပီးေတာ့ ေလၽွာ္တယ္၊ စိတ္ေကာင္း ႏွလံုးေကာင္း ႏွလံုးသြင္းမွန္မွန္ေလး ထားျပီးေတာ့ ေလၽွာ္တယ္။ ဒါ ေလၽွာ္ဖြပ္နည္းပဲ။

 ေလၽွာ္ဖြပ္တဲ့နည္း အမ်ိဳးမ်ိဳးနဲ႔ ၾကိဳးစားၾကရမွာ။ ၾကိဳးစား အားထုတ္တယ္ဆိုတာ အညစ္အေၾကးေတြ မစြဲေသးရင္ မစြဲေအာင္သတိထား၊ ဆိုပါစို႔ အဝတ္ကေလးဝတ္တဲ့အခါ အညစ္အေၾကးေတြ ထိမွာစိုးလို႔ မထိေအာင္ ႐ုိ႐ုိေသေသဝတ္ၾကသလို ကိုယ့္စိတ္ကေလးလည္း အညစ္အေၾကးေတြ ကပ္မလာေအာင္ ႐ုိ႐ုိေသေသထားရမယ္။ အဲဒီလို ၾကိဳးစားတာကို သမၼာဝါယာမ။

အဲဒါကို ။သံဝရ။ လို႔လည္းေခၚတယ္။ ဆို႔ပိတ္ထားတယ္၊ အညစ္အေၾကး မေရာက္ေစရဘူး။ ျဖဴစင္ေနတဲ့ ကိုယ့္အဝတ္ကေလးထဲမွာ အညစ္အေၾကးေတြ လာမစြဲေအာင္လို႔ ဂ႐ုစိုက္ျပီးေတာ့ထားတာ ။သံဝရ။ ဆို႔ပိတ္မႈလို႔ ေျပာတာ။ အဲဒီလိုဆို႔ပိတ္လို႔ မေတာ္တဆ အညစ္အေၾကးတစ္ခု ရလာျပီ၊ ေရာက္လာျပီဆိုလို႔ရွိရင္ ေလၽွာ္ဖြပ္ပစ္၊ ဒါ ၾကိဳးစား အားထုတ္မႈပဲ။ စိတ္လည္း ဒီတိုင္းပဲ။

၁။ မေပေအာင္ အညစ္အေၾကး မကပ္ေအာင္ထိန္းသိမ္း။

၂။ ကပ္လာျပီဆိုလို႔ရွိရင္ ထို အညစ္္အေၾကးကို ေလၽွာ္ပစ္။

၃။ ေနာက္ထပ္ အညစ္အေၾကး မလူးေအာင္၊ အညစ္အေၾကးမလူးလို႔ သန္႔ျပန္႔ေနတဲ့ အေနအထားေရာက္ေအာင္ ၾကိဳးစားအားထုတ္။

၄။ ထို သန္႔ျပန္႔မႈ တိုးတက္ျပီး သန္႔ျပန္႔လာေအာင္ ၾကိဳးစားတဲ့။
ဒါ အညစ္အေၾကးကို ဖြပ္ေလၽွာ္တဲ့နည္း၊ လုပ္ပံုလုပ္နည္းေပါ့။

စိတ္အညစ္အေၾကးကို ဖြပ္ေလၽွာ္တဲ့အခါ ေကာင္းတဲ့အာ႐ုံ တစ္ခုခု ယူျပီးေတာ့ စိတ္အေျခအေန ေျပာင္းပစ္တာ၊ ေလၽွာ္ဖြပ္တာ။ ဘုရားဂုဏ္ကို အာ႐ုံျပဳျပီးေတာ့လည္း ေလၽွာ္ပစ္လို႔ရတယ္။ တရားဂုဏ္ေတာ္ကို အာ႐ုံျပဳျပီးေတာ့လည္း ေလၽွာ္ပစ္လို႔ရတယ္။ ဝိသာခုေပါသထသုတ္မွာ ျမတ္စြာဘုရားက အဲဒီ နည္းလမ္းေတြ ေပးထားတာရွိတယ္ေနာ္။

တရားဂုဏ္၊ သံဃဂုဏ္ အာ႐ုံျပဳျပီးေတာ့လည္း ေလၽွာ္ပစ္လို႔ ရတယ္။ ကိုယ့္ရဲ႕ ကိုယ္က်င့္တရားကို အာ႐ုံျပဳျပီးေတာ့လည္း၊ ႏွလံုးသြင္း ဆင္ျခင္ျပီးေတာ့လည္း စိတ္အညစ္အေၾကးကို ေလၽွာ္လို႔ရတယ္။
ဆိုလိုတာက ကမၼ႒ာန္းအာ႐ုံေတြထဲက ဘယ္အာ႐ုံနဲ႔ပဲျဖစ္ျဖစ္ အဲဒီအာ႐ုံနဲ႔ စိတ္နဲ႔ အညစ္အေၾကးေတြကို ေလၽွာ္လို႔ ဖြပ္လို႔ရတယ္။

စိတ္ရဲ႕အညစ္အေၾကးဆိုတာ ဘာေတြတုန္းဆုိေတာ့ အဘိဓမၼတၳ သဂၤဟမွာ စိတ္မွာ လာစြဲကပ္ေနတဲ့ အေနအထားေတြကို ၾကည့္ျပီး စီစဥ္ထားတာရွိတယ္။ သို႔ေသာ္လည္း ဒီေနရာမွာ ေျပာခ်င္တာကေတာ့ အဲဒီ အညစ္အေၾကးေတြထဲမွာ အျမစ္ကဲ့သို႔ ခိုင္မာတဲ့ အညစ္အၾကး ၃ မ်ိဳး ရွိတယ္။ အဲဒါက ေလာဘ၊ ေဒါသ၊ ေမာဟ ဆိုတဲ့ အကုသိုလ္ ေစတသိတ္အားလံုးရဲ႕ အျမစ္ပဲ ျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရ နိကာယ်မှာ ။ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ။ စိတ်ကလေးဟာ ဖြူစင် ဝင်းလက်နေတယ်လို့ ဟောတော်မူတယ်။ တင်စားပြီးသုံးတဲ့ အသုံးနော်။ လူတွေလည်း ပြောကြတယ်မဟုတ်လား။ အသံဆိုတာ မြင်ရတာလား၊ ကြားရတာလား? ကြားရတာနော်။ ဒါပေမယ့် မပြောကြဘူးလား၊ အသံနက်ကြီးနဲ့တဲ့၊ အသံပြာကြီးနဲ့တဲ့၊ အသံဝါကြီးနဲ့တဲ့၊ ဘယ်လိုလုပ်ပြီး အပြာတွေ အဝါတွေ မြင်ကြလဲ၊ ပြောတယ်မဟုတ်လား။

 အေး ဒီမှာလည်း မြတ်စွာဘုရားက ။ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ။ သဘာဝစိတ်ကလေးက ဖြူစင်ပြီး ဝင်းလက်နေတာ၊ ပဘဿရ ဆိုတာ ပဘာ-အရောင်အဝါတွေ၊ သရ- ထွက်နေတယ်လို့ ဒီလိုပြောတယ်။ ဖြူစင်တယ်၊ စင်ကြယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာပါနော်။
။။

ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ၊ ကဉ္စ ခေါ အာဂန္တု ကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။။
အခုလို ပါဠိတွေ နည်းနည်းပါးပါးရွတ်ရတာ တခြား မဟုတ်ဘူး။ မြတ်စွာဘုရား ဟောခဲ့တယ်ဆိုတာ သက်သေပြဖို့အတွက်နော်။ ဘုရားက ဒီလိုဟောခဲ့တာ။

ဣဒံ စိတ္တံ - ဤစိတ်သည်၊ ပဘဿရ- ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်နဲ့ စင်ကြယ်၍ နေပါတော့၏။ တဉ္စ- ထိုစင်ကြယ်နေတဲ့ စိတ်ကလေးဟာ၊ အာဂန္တုကေဟိ- အခိုက်အတန့်ပေါ်လာတတ်တဲ့၊ ။။အာဂန္တုဆိုတာ ဧည့်သည့်၊ ရောက်ရောက်လာတတ်တယ်ပေါ့။။ အာဂန္တုကေဟိ- ဧည့်သည့် ဖြစ်ကုန်သော၊ ဥပက္ကိလေသေဟိ- အညစ်အကြေးတို့သည်၊ ဥပက္ကိလိဋ္ဌံ- ညစ်နွမ်းစေအပ်လေတော့၏။

ပင်ကိုစိတ်လေးက ဖြူစင်ဝင်းလက်နေတာတဲ့၊ ခေတ္တခဏ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်တွေကြောင့်၊ ညစ်နွမ်းသွားရတယ်လို့ ဒီလိုပြောတယ်။ အဲဒီတော့ စိတ်ကလေးက ထာဝရ ညစ်နွမ်းနေတာ မဟုတ်ဘူး။ အခိုက်အတန့် စိတ်ရဲ့ အညစ်အကြေးတွေ ဝင်လာတဲ့အခါကျတော့ စိတ်က ညစ်နွမ်းရတယ်။ ဒါက စိတ်နဲ့ အညစ်အကြေးကို ခွဲထုတ်လို့ရအောင်၊ ခွဲထုတ်လို့ ရနိုင်တယ်ဆိုတာကို မြတ်စွာဘုရားက လမ်းညွန်ပြတာနော်။

ဖြူစင်နေတဲ့ အဝတ်ကလေးတစ်ထည် ညစ်နွမ်းလာတယ်ဆိုတော့ အဝတ်ကတခြား၊ ညစ်နွမ်းနေတဲ့ အညစ်အကြေးကတခြား၊ ဒီလို မဟုတ်လား။ အဲဒီအညစ်အကြေးတွေကို လျှော်ဖွတ်လိုက်တဲ့အခါ အဝတ်ပါ ပျောက်သွားသလား သို့မဟုတ် အညစ်အကြေးလေးတွေသာ ပျောက်သွားတာလား? အညစ်အကြေးတွေသာ ပျောက်သွားတာ၊ အဲဒီလိုမျိုးလိုပဲ စိတ်က ပျောက်မသွားဘူး။ စိတ်ထဲမှာ ပေါ်လာတဲ့ အညစ်အကြေးတွေသာပျောက်တာ။

ဒါဖြင့် စိတ်ရဲ့ အညစ်အကြေးတွေဆိုတာ ဘာတွေလဲ၊ အဘိဓမ္မာကျမ်းမှာ မြတ်စွာဘုရားက စိတ်ရဲ့ အညစ်အကြေးအနေနဲ့ အကုသိုလ်စေတသိတ် ၁၄ မျိုး ဟောထားတယ်။ ကိလေသာနဲ့ ပြောမယ်ဆိုရင်တော့ ၁၀ မျိုးပဲ ရှိတယ်။ ဒီက ၄ မျိုးပိုတာပေါ့။ အဲဒီ ၁၄ မျိုးထဲက ကိလေသာလို့ နာမည်ပေးထားတာက ၁၀ မျိုးပေါ့။

ကိလောသာလို့ နာမည်မပေးပေမယ့်လို့ အကုသိုလ် စေတသိတ်ဆိုတာ စိတ်ရဲ့ အညစ်အကြေးတွေချည်းပဲ။ အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေကြောင့် စိတ်ဟာ ညစ်နွမ်းနေရတယ်။ အဝတ်တွေ ညစ်နွမ်းရင် လူတွေက ဆပ်ပြာနဲ့ ရေနဲ့ လျှော်ကြတယ်။ စိတ်တွေ ညစ်နွမ်းရင်လည်း လျှော်တဲ့ နည်းလမ်းတော့ ရှိမှာပေါ့။ အဝတ်တွေ ညစ်နွမ်းရင်တော့ လျှော်ကြသလို ကိုယ့်စိတ်ကလေး ညစ်နွမ်းရင်လည်း လျှော်ကြဖို့ မမေ့ကြလေနဲ့။

ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေး ဖြစ်လာအောင် ခေတ္တခဏရောက်လာတဲ့ အညစ်အကြေးဆိုတာတွေကို လျှော်ဖွပ်ပစ်ရမှာပဲ။ အဝတ်လျှော်တဲ့အခါ တစ်ချို့ အညစ်အကြေးမျိုးတွေက တစ်ခါ နှစ်ခါ လျှော်ရုံနဲ့ ဖွပ်ရုံနဲ့ မရဘူး။ တော်တော်စွဲနေတာနော်။ တော်တော်စွဲတဲ့ အညစ်အကြေးလည်းရှိတယ်။

သာမာန်တစ်ခါ နှစ်ခါ လျှော်ရုံနဲ့ ပျောက်သွားတဲ့ အညစ်အကြေးလည်းရှိတယ်။ ဒီလိုပဲ စိတ်ရဲ့အညစ်အကြေးမှာလည်းပဲ တချို့ အညစ်အကြေးတွေက စွဲထင်နေတယ်၊ ခုမှ ညစ်တာမဟုတ်ဘူး။ သံသရာက ညစ်လာတာဆိုတော့ လုံးဝစွဲထင်နေတာ၊ တစ်ခါ နှစ်ခါ လျှော်ရုံလေးနဲ့ မရဘူး။

စိတ်အညစ်အကြေး လျှော်နည်း
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
လျှော်တယ်ဆိုတာ တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး။ သမထကျင့်စဉ်ကျင့်ပြီးတော့ လျှော်တယ်၊ဝိပဿနာ ကျင့်စဉ်ကျင့်ပြီးတော့ လျှော်တယ်၊ စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်းမှန်မှန်လေး ထားပြီးတော့ လျှော်တယ်။ ဒါ လျှော်ဖွပ်နည်းပဲ။

 လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ။ ကြိုးစား အားထုတ်တယ်ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင်သတိထား၊ ဆိုပါစို့ အဝတ်ကလေးဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေဝတ်ကြသလို ကိုယ့်စိတ်ကလေးလည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေထားရမယ်။ အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။

အဲဒါကို ။သံဝရ။ လို့လည်းခေါ်တယ်။ ဆို့ပိတ်ထားတယ်၊ အညစ်အကြေး မရောက်စေရဘူး။ ဖြူစင်နေတဲ့ ကိုယ့်အဝတ်ကလေးထဲမှာ အညစ်အကြေးတွေ လာမစွဲအောင်လို့ ဂရုစိုက်ပြီးတော့ထားတာ ။သံဝရ။ ဆို့ပိတ်မှုလို့ ပြောတာ။ အဲဒီလိုဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊ ဒါ ကြိုးစား အားထုတ်မှုပဲ။ စိတ်လည်း ဒီတိုင်းပဲ။

၁။ မပေအောင် အညစ်အကြေး မကပ်အောင်ထိန်းသိမ်း။

၂။ ကပ်လာပြီဆိုလို့ရှိရင် ထို အညစ်အကြေးကို လျှော်ပစ်။

၃။ နောက်ထပ် အညစ်အကြေး မလူးအောင်၊ အညစ်အကြေးမလူးလို့ သန့်ပြန့်နေတဲ့ အနေအထားရောက်အောင် ကြိုးစားအားထုတ်။

၄။ ထို သန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစားတဲ့။
ဒါ အညစ်အကြေးကို ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။

စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ တစ်ခုခု ယူပြီးတော့ စိတ်အခြေအနေ ပြောင်းပစ်တာ၊ လျှော်ဖွပ်တာ။ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်။ တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်။ ဝိသာခုပေါသထသုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေ ပေးထားတာရှိတယ်နော်။

တရားဂုဏ်၊ သံဃဂုဏ် အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ ရတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း၊ နှလုံးသွင်း ဆင်ခြင်ပြီးတော့လည်း စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။
ဆိုလိုတာက ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲဖြစ်ဖြစ် အဲဒီအာရုံနဲ့ စိတ်နဲ့ အညစ်အကြေးတွေကို လျှော်လို့ ဖွပ်လို့ရတယ်။

စိတ်ရဲ့အညစ်အကြေးဆိုတာ ဘာတွေတုန်းဆိုတော့ အဘိဓမ္မတ္ထ သင်္ဂဟမှာ စိတ်မှာ လာစွဲကပ်နေတဲ့ အနေအထားတွေကို ကြည့်ပြီး စီစဉ်ထားတာရှိတယ်။ သို့သော်လည်း ဒီနေရာမှာ ပြောချင်တာကတော့ အဲဒီ အညစ်အကြေးတွေထဲမှာ အမြစ်ကဲ့သို့ ခိုင်မာတဲ့ အညစ်အကြး ၃ မျိုး ရှိတယ်။ အဲဒါက လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ် စေတသိတ်အားလုံးရဲ့ အမြစ်ပဲ ဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top